ကျိုင်းတုံရှိ MYSAP Inland တောင်သူကျေးရွာများသို့ လေ့လာရေးသွားရောက်ခြင်း

18/12/2020 13:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    MYSAP သည် ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ) တို့မှ ထောက်ပံ့ရံပုံငွေရရှိပြီး Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH  နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။ MYSAP ၏ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်နေသည့် Inland လုပ်ငန်းခွဲအနေဖြင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် စီမံကိန်းဖြစ်သည့် Malteser International အဖွဲ့တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ စီမံကိန်းဝင်တောင်သူများအား အပြန်အလှန် လေ့လာမှုရရှိစေရန် လေ့လာရေးခရီးစဉ်အား ဖော်ဆောင်ခဲ့ပါသည်။ စက်တင်ဘာလ ၂ ရက်တာခရီးစဉ်အတွင်း တောင်သူများအနေဖြင့် ငါးငယ်များအား ဆန်းသစ်တီထွင်ထားသည့် နည်းပညာဖြင့် ပြုစုပျိုးထောင်ခြင်းနှင့် အသားတိုးမွေးမြူခြင်းတို့အား MYSAP Inland မှ ပံ့ပိုးပေးသည့် အရည်အသွေးမြင့် သွင်းအားစုများနှင့် သင်တန်းများရရှိထားသည့် တောင်သူများဖြစ်ကြသည့် ငါးငယ်ပြုစုပျိုးထောင်သည့် တောင်သူများနှင့် စံပြအသားတိုးငါးမွေးမြူသည့် တောင်သူများထံမှ လေ့လာခဲ့ကြပါသည်။ အဓိကကျသည့် လက်တွေ့ကျကျ သင်ယူရသည့် သင်ခန်းစာနှင့် လုပ်ငန်းစဉ်များမှာ ငါးငယ်ပြုစုကန်အား ပြင်ဆင်ပုံ၊ ငါးငယ်များအား ပြုစုထားသည့် ဟာပါအတွင်း အစာကျွေးပုံ၊ ငါးသန်နှင့် ငါးသားပေါက်ရွေးချယ်ပုံ၊ ငါးသားပေါက်ရေတွက်ပုံနှင့် သယ်ယူပို့ဆောင်ရန် ထုပ်ပိုးပုံတို့ ဖြစ်ကြပါသည်။

       ခရီးစဉ်အားလုံးတွင် Covid-19 နှင့်ပါတ်သက်သော လိုက်နာရမည့်အချက်များအား လိုက်နာရန် စီစဉ်ခဲ့ပြီး MYSAP မှ ပံ့ပိုးထားသည့် သင့်တော်သော အကာအကွယ်အဝတ်အစားများနှင့် ပစ္စည်းများအား လေ့လာသူအားလုံး အသုံးပြုကြပါသည်။ ၎င်းတို့တွင် ပလတ်စတစ်မိုးကာအင်္ကျီ၊ မျက်နှာသို့ကာရန်ရသည့် ပလတ်စတစ်လေကာမှန်၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများနှင့် လက်သန့်စင်ဆေးရည်တို့ ပါရှိပါသည်။ MYSAP Inland ၏ Malteser International ဝန်ထမ်းများမှလည်း လေ့လာရေးခရီးစဉ်တစ်လျှောက်လုံး ပါဝင်သူများ သင့်တော်သည့် အကွာအဝေးတွင်နေရန် စီစဉ်ခဲ့ကြပါသည်။

       MYSAP Inland ၏ တိုက်ရိုက်အကျိုးခံစားသည့်တောင်သူ စုစုပေါင်း ၆၇ ဦး (အမျိုးသမီး ၄၀) ပါဝင်သည့် တောင်သူများအား ကျိုင်းတုံမြို့နယ်အတွင်းရှိ မတူညီသော ကျေးရွာငါးရွာဖြစ်သည့် ဝမ်ကန်၊ ဝမ်လတ်၊ ဝမ်နမ်၊ ဝမ်ဟ နှင့် ရန်ခါး ကျေးရွာများသို့ သီးခြားသွားရောက်လေ့လာနိုင်ရန် Malteser International ဝန်ထမ်းများမှ စီစဉ်ခဲ့ကြပါသည်။ သီးခြားသွားရောက်သည့် ကျေးရွာတိုင်းတွင် သင်တန်းအကြောင်းအရာနှင့် အဓိကကျသည့် အိမ်အပြန်ခရီး သယ်ဆောင်သွားရမည့် သင်ယူမှု သတင်းအချက်အလက်များ တူညီစွာဖြင့် ပို့ချခဲ့ကြပါသည်။ အချို့သော တောင်သူများသည် ငါးငယ်ပြုစုသည့်လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးရွာအနီးအပါးတွင် နေထိုင်ကြသော်လည်း ယခင်က ၎င်းလုပ်ငန်းစဉ်အား စိတ်ဝင်စားစွာ သွားရောက်လေ့လာခြင်း မရှိခဲ့ပါ။ ယခု MYSAP Inland ၏ ပံ့ပိုးမှုဖြင့် တောင်သူများသည် လက်တွေ့လုပ်ဆောင်နေသော အဓိကကျသည့်အချက်များအား ပြန်လည် အားဖြည့်တင်းရန်အတွက် လက်တွေ့ဖော်ဆောင်နေသည့်လုပ်ငန်းမှ မိမိအိမ်အပြန် လေ့လာသင်ယူမှတ်သားစရာ သတင်းအချက်အလက်များရရှိခြင်းနှင့် ငါးငယ်ပြုစုသည့် ကန်အားတောင်သူများ ကိုယ်တိုင် ရောက်ရှိရခြင်းစသည့် အခွင့်အရေး ၂ ခုအား ယခုခရီးစဉ်မှ ရရှိပါသည်။ တောင်သူအများစုသည် စံပြတောင်သူများ၊ အသားတိုးမွေးမြူသည့် တောင်သူများဖြစ်ကြပြီး ၎င်းတို့အနေဖြင့် ငါးငယ်ပြုစုကန် ပြင်ဆင်ခြင်းနှင့် ငါးသန်များ၊ ငါးသားပေါက်များအား ငါးကန်အတွင်းထည့်သွင်း အသားတိုးမွေးမြူခြင်းမပြုမီ ငါးသန်များအား စနစ်တကျပြုစုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးနှင့်ပါတ်သက်သော အသိပညာအား ယခင်က မသိရှိခဲ့ကြပါ။

       ငါးငယ်များအား အရည်အသွေးမြင့် ပြုစုခြင်းဖြင့် ငါးသားပေါက် ရှင်သန်မှုမြင့်မားခြင်း၊ အသားတိုးမွေးမြူရာတွင်လည်း ကြီးထွားမှုကောင်းခြင်းတို့အား ခရီးစဉ်တွင် ပါဝင်ကြသည့် တောင်သူများအနေဖြင့် ခရီးစဉ်တစ်လျှောက်လုံး သင်ယူခဲ့ရပါသည်။ ငါးငယ်ပြုစုသည့်အဆင့်တွင် ငါးသန်များအား သင့်တော်သည့်အစာပမာဏ နေ့စဉ် အချိန်မှန်ကျွေးရပါသည်။ ပြုစုသည့် ဟာပါအတွင်းရှိ ငါးသားပေါက်အရေအတွက်နှင့် ၎င်းတို့အား နမူနာယူအလေးချိန် ချိန်ထားသည့်အပေါ်တွင် မူတည်ပါသည်။ ပလတ်စတစ်ခွက်များအား သင့်တော်သည့် အပေါက်များဖောက်ပြီး ငါးသားပေါက်အရွယ်အစား ရွေးချယ်သတ်မှတ်ခြင်းအားလည်း တောင်သူများ လေ့လာခဲ့ကြပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ငါးငယ်ပြုစုသည့်တောင်သူသည် ငါးသားဝယ်ယူသူ အသားတိုးငါးမွေးမြူသည့် တောင်သူများထံသို့ အရွယ်တူ ငါးသားပေါက်များ ရောင်းချနိုင်ပါသည်။ ငါးအကြီးများသည် ကြီးထွားမှုနှေးသော ငါးငယ်များထက် ပိုမိုလျင်မြန်စွာ အစာစားသောက်ခြင်း မပြုလုပ်သည့်အတွက် အရွယ်တူ ငါးများထည့်သွင်း မွေးမြူခြင်းသည် အစာစားမှုကောင်းပြီး အလျင်အမြန် ကြီးထွားစေပါသည်။

       လေ့လာရေးခရီးစဉ်အတွင်း တောင်သူများသည် ငါးသန်နှင့် ငါးသားပေါက်အရွယ်အစား ရွေးချယ်ခြင်း လက်တွေ့ပြသမှုအား လေ့လာကြပြီး လေ့လာသူတောင်သူများကိုယ်တိုင် ငါးများအား ထိခိုက်နစ်နာမှု မရှိစေပဲ လေ့ကျင့်လုပ်ဆောင်ကြပါသည်။ ငါးသားပေါက်ရေတွက်ခြင်းနှင့် ငါးသားပေါက်အရေအတွက်အား ခန့်မှန်းခြင်းတို့ကို ဒေသတွင်းရရှိနိုင်သည့် ပစ္စည်းများဖြင့်သာ လုပ်ဆောင်ကြပါသည်။ ငါးသားပေါက် ပြုစုပျိုးထောင်သည့် တောင်သူ၏ကန်မှ ငါးအသားတိုး မွေးမြူသည့်ကန်သို့ ရွှေ့ပြောင်းရန်အတွက် ငါးသားပေါက်များအား စနစ်တကျထုပ်ပိုးပုံများ လေ့လာခဲ့ကြပြီး လေ့လာရေးတောင်သူများကိုယ်တိုင် လက်တွေ့ပါဝင် လုပ်ဆောင်ခဲ့ကြပါသည်။ လေ့လာရေးတောင်သူများအနေဖြင့် MYSAP Inland ၏ ပံ့ပိုးကူညီမှုဖြင့် ကျိုင်းတုံမြို့နယ်အတွင်း လေ့လာရေးခရီး သွားရောက်ရသည့်အတွက် လေ့လာသင်ယူမှုများစွာ ရရှိကြပါသည်။ ၎င်းတို့တွင် ငါးသန်နှင့် ငါးသားပေါက်များအား ပြုစုပျိုးထောင်ပုံအား ပိုမိုနားလည်လာခြင်း၊ ငါးသန်နှင့် ငါးသားပေါက်များအား အသားတိုး မွေးမြူသည့်ကန်များအတွင်း မထည့်သွင်းမီ စနစ်တကျပြုစုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ သိရှိလာရသည့်အတွက် အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ကြပါသည်။ တောင်သူများသည် ရေရှည်တည်တံ့သည့် ငါးမွေးမြူရေးအတွက် ငါးသားပေါက်များအား အကျိုးရှိ ထိရောက်စွာ ပြုစုပျိုးထောင်ခြင်းသည် မည်မျှအရေးကြီးကြောင်း သိရှိနားလည်လာပြီး အထူးပင် ကျေးဇူးတင်မဆုံး ရှိကြပါသည်။

ယခုဆောင်းပါးကို MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်