နေ့စဉ်မိုးလေဝသ သတင်း

18/01/2018 09:48 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၂)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ကိုးကား - မိုးဇလ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
စုပ်စားပိုးတွေအကုန် ထိပ်ဆုံးက‌‌ကြောက်ရတာကတော့ မာလာမြိုင် သော ပါပဲ။ အစွမ်းရှိပစ္စည်း (Thiamethoxam 35% SC ) ရဲ့ ထိသေ စားသေနှင့် ပင်လုံးပျံ့အစွမ်းကြောင့် ကြက်သွန်မှာ ကျရောက်တတ်တဲ့ ပျ၊လှေးပိုး၊ယင်ဖြူ တွေအားလုံး မာလာမြိုင် "သော" လာပြီဆိုတာနဲ့ မထိရဲ မစားရဲဘဲ ဝေးဝေးရှောင် ကုန်တာပေါ့ လိုက်နာရမယ့်ချက်များ 📌 ဆေးဖျန်းပြီးပြန်လည်ဝင်ရောက်ရမယ့် ကာလမှာ (၂၄)နာရီဖြစ်ပါတယ်။ 📌 ဆေးဖျန်းပြီး ရက်ခြား(၁၀)ရက်ဖြစ်ဖို့နဲ့ 📌 သီးနှံတစ်ရာသီမှာ (၂) ကြိမ်ထက်ပိုမဖျန်းဖို့ လိုအပ်ပါတယ်ဗျာ။ Hotlineဖုန်းနံပါတ် 09-799993322မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်၊၊ #တောင်သူတိုင်းအတွက်မာလာမြိုင်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်