လယ်ယာစီမံချက်ဆိုတာ ဘာလဲ

20/02/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Farm Planning and Budgeting

လယ်ယာစီမံချက် ဆိုတာ ဘာလဲ

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်တော့မယ်ဆိုရင် စီမံချက်တစ်ခုတော့ ချသင့်တာပေါ့လေ၊ အနည်းဆုံးတော့ ဘာစိုက်မယ်။ ဘယ်လိုစိုက်မယ်ဆိုတာကို စဉ်းစားကြတာတော့ အမှန်ပဲလေ။ အထွေအထူးကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိုက်ပျိုးမှတ်တမ်းလိုပဲ လိုအပ်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ လယ်ယာကိစ္စနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မဲ့ အချိန်အခါမျိုးမှာ ဒီလို စီမံချက်တွေ ကြိုတင်လုပ်ဆောင်ထားတာက လုပ်ငန်းအတွက်ကို အထောက်အကူ ဖြစ်မှာပါ။

လယ်ယာလုပ်ဖို့ စီမံချက်တွေ က တောင်သူတွေအတွက် ဘယ်လို အရေးပါသလဲ

(၁) လယ်ယာလုပ်ငန်းခွင်ထဲက အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကို ရွေးချယ်နိုင်အောင် ကူညီပေးတယ်။

(၂) ကြိုတင်စီမံချက်ချထားတာကြောင့် ပြောင်းလဲမှုတွေမှာ အကောင်းဆုံး ပြန်ပြီး တုံပြန်စေနိုင်တယ်၊

(၃) ကိုယ့်မှာ ဘာရှိနေလဲ ဆိုတာနဲ့ ဘယ်လို အထွက်ကို အများဆုံးရအောင်လုပ်မလဲဆိုတာကို ကိုယ်ချထားတဲ့ plan ထဲမှာ ရွေးချယ်လို့ ရပါတယ်။

(၄) လုပ်နေတဲ့လုပ်ငန်းက စီမံချက်အတိုင်းသွားနေတာဖြစ်တာကြောင့် ဝေဝေဝါးဝါးလုပ်တာနဲ့ ကွာခြားပြီးတော့ ပိုမိုချောမွေ့နေမှာပါ။

(၅) မလိုအပ်တဲ့ ကုန်ကျစရိတ်တွေနဲ့ အချိန်တွေကုန်တာကို ဖယ်ထုတ်ပစ်နိုင်ပါတယ်၊

(၆) စီမံချက်နဲ့ သွားတာကြောင့် တိုးတက်မှုဖြစ်စဉ်ကိုလည်း မြင်ရတယ်။ ပြောင်းလဲပစ်နိုင်ပါတယ်။

(၇) ထွက်လာတဲ့ ထုတ်ကုန်တွေကိုလည်း အသုံးချနိုင်မှုက စနစ်တကျဖြစ်သွားပါတယ်။ 

ဘာလို့ လယ်ယာစီမံချက်တွေလုပ်ကြတာလဲ

ဝင်ငွေ အများဆုံးရချင်လို့ပါပဲ။  ဒါဆိုရင် လယ်ယာစီမံချက် က ဘယ်နှမျိုးလောက်ရှိသလဲ? အုပ်စုငယ် (၂)ခုခွဲလို့ရပါတယ်။ ရိုးရှင်းတဲ့အုပ်စုရယ် နဲ့ပြည့်စုံတဲ့ စီမံချက်အုပ်စု ဆိုပြီးတော့ပါ။ ရိုးရိုးရှင်းရှင်းအုပ်စုကတော့ ကိစ္စသေးသေးလေးတွေအတွက်ကို လုပ်ပေးကြတာဖြစ်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုစာလောက်အတွက်ကို ရိုးရိုးရှင်းရှင်းချမှတ်ပေးတာ ဖြစ်ပါတယ်။ ပြည့်စုံတဲ့ စီမံချက်ကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကြီးတစ်ခုစာလုံးအတွက် ကြိုတင်စီမံချက်ချတာမျိုး ဖြစ်ပါတယ်။

စီမံကိန်းကောင်းကောင်းတစ်ခုဆိုတာ ဘယ်လိုမျိုးလဲ

(၁) ကိုယ့်မှာရှိတဲ့ အသုံးချလို့ရတဲ့ အရင်းအမြစ်တွေအားလုံးကို ဘယ်လို အသုံးချနိုင်မလဲဆိုတဲ့ နည်းလမ်းတွေပါတယ်။

(၂) အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီးတော့ ပြောင်းလဲနိုင်တဲ့ လိုက်ရောညီထွေဖြစ်နိုင်တဲ့ စီမံကိန်းမျိုးဖြစ်ရပါမယ်။

(၃) သူများလည်း နားလည်လွယ်ရလောက်အောင် ရိုးရှင်းနေရပါမယ်။

(၄) ကိုယ်က ပြန်ရမဲ့အရင်းအမြစ်နဲ့ ကိုယ့်မှာ ရှိတဲ့ အရင်းအမြစ်တွေက မျှတ ညီမျှနေအောင် ချိန်ထားတဲ့ စီမံကိန်းဖြစ်ရပါမယ်။

(၅) ပြီးပြီးရော ဖော်ထားတဲ့ စီမံကိန်းမဟုတ်ပဲနဲ့ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေပါ ပါဝင်ရပါတယ်၊

(၆) ဈေးကွက်အခြေအနေနဲ့လည်း ကိုက်ညီတဲ့ စီမံကိန်းမျိုး ဖြစ်နေရပါမယ်၊

(၇) စိုက်ပျိုးရေးနည်းလမ်းတွေမှာ ရှိတဲ့ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေနဲ့ ဆွဲထားတာမျိုးဖြစ်ပါတယ်။

(၈) ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ဗဟုသုတ၊ နဲ့ အသိပညာတွေကနေ ထွက်လာတဲ့ စီမံကိန်းမျိုးဖြစ်ရပါမယ်။

(၉) အရမ်းစွန့်စားထားတဲ့ စီမံကိန်းမျိုး မဖြစ်ရပါဘူး။

(၁၀) အရေးကြီးတဲ့ တစ်ချက်ကတော့ အကြွေးတွေ ပြန်ဆပ်ဖို့အတွက် စီမံချက်လေးတွေလည်း မဖြစ်မနေ ပါရမှာ ဖြစ်ပါတယ်။

နောက်တစ်ခေါက်မှာတော့ အဲ့လို စီမံကိန်းကို ဘယ်လို ဆွဲနိုင်သလဲဆိုတာကို ဆက်ပြီး ပြောပြပေးမှာမို့ တစ်ချက်လောက်တော့ လေ့လာကြည့်ပါဦးနော်

ထွန်းဝင်းကျော်

Reference

‘Production Economics and Farm Management’, Virender Kumar Professor (Agricultural

Economics) Department of Agricultural Economics, Extension Education & Rural

Sociology, COA, CSKHPAU, Palampur-176 062 (HP), India


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်