“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းဘေလွှဲနည်းနဲ့ ဖုန်းဘေ ချေးနည်း အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ဒီတစ်ခါမှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ နေ့စဥ် အသုံးပြု ကြည့်ရှုနေတဲ့ မီဒီယာရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မီဒီယာဆိုတာကတော့ သတင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကြော်ငြာနဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းဖြန့်ဝေပြီး လူအများကြားမှာ အရေးကြီးတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ပေးတဲ့ ကြားခံနယ် တစ်ခုဖြစ်ပါတယ်။ ယေဘူယျအားဖြင့် မီဒီယာ အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။
ကြော်ငြာမီဒီယာ
ရုပ်သံမီဒီယာ
ဒီဂျစ်တယ်မီဒီယာ
အီလက်ထရောနစ်မီဒီယာ
အသံလွှင့်မီဒီယာ
ပုံနှိပ်မီဒီယာ
သတင်းမီဒီယာ
ဟိုက်ပါမီဒီယာ
မာ(လ်)တီမီဒီယာ
လူမှုဆက်ဆံရေးမီဒီယာ စသည်ဖြင့် မီဒီယာ အမျိုးအစားများ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ အထက်ဖော်ပြပါ နည်းပညာများအပေါ်မူတည်ပြီး သတင်းအချက်အလက်များကို ဖြန့်ဝေပေးဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်ပေးနိုင်တာ ဖြစ်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းဘေလွှဲနည်းနဲ့ ဖုန်းဘေ ချေးနည်း ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဖုန်းဘေလွှဲနည်းနှင့် ဖုန်းဘေချေးနည်း
Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Source - https://curriculum.realornotmm.info/mil-curriculum-book/3/
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more