ဘယ်ချိန်မှာ ဖုန်း အသစ်ဝယ်သင့်လဲ

24/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးပြန်လည် ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။  ယခင်တစ်ပတ်ကတော့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်တွေကို  အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဘယ်လိုအချိန်ရောက်ရင် ဖုန်းအသစ် လဲသင့်တယ် ဆိုတဲ့  အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

     တောင်သူ  ဦးလေး ဒေါ်လေးတို့ လက်ရှိသုံးနေတဲ့  ဖုန်း အဟောင်း ဘယ်လိုဖြစ်လာရင် ဖုန်းအသစ် လဲသင့်လဲဆိုတာ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။  

၁။ အလွန်နှေးကွေးနေရင် 

     မိမိရဲ့ ဖုန်းကို ပါဝါပိတ်လိုက်ချိန်၊ Restart ချပြီးတဲ့ နောက်မှာ ပြန်ပွင့်တဲ့ အချိန်ဟာ အလွန် နှေးကွေးနေတာမျိုးတွေ၊   ဖုန်းလာတဲ့အချိန် ဖုန်းပြန်ဖြေဆိုဖို့ ကြာနေတာမျိုးတွေ၊  ဆော့ဝဲလ်တွေ သုံးတဲ့အခါ  အလွန်နှေးနေတာမျိုးတွေ ကြုံလာခဲ့ရင်တော့ ဖုန်းအသစ်လဲသင့်ပြီ ဖြစ်ပါတယ်။   

၂။ ဖုန်း ဗားရှင်း ဒိတ်အောက်နေရင် 

     ဗားရှင်းအဟောင်း ထည့်သွင်းထားတဲ့ ဖုန်းများဟာ လုံခြုံရေးဆိုင်ရာ အားနည်းပါတယ်။ ထည့်ထားတဲ့ ဆော့ဝဲလ် များဟာလည်း မလုံခြုံတာကြောင့် ဖုန်းအသစ်လဲပေးသင့်ပါတယ်။  

၃။ ဖုန်း ဘက်ထရီ သက်တမ်း နည်းလာရင်  

     လျှပ်စစ်နည်းပညာသုံး ကိရိယာများရဲ့ ဘက်ထရီ သက်တမ်းဟာ သုံးတာ ကြာလာတာနဲ့အမျှ သက်တမ်း ကျဆင်းလာကြပါတယ်။ ဖုန်းအသုံးပြုတာ များလေလေ၊ ဘက်ထရီ စွမ်းရည် ကျဆင်းလာလေ ဖြစ်တာကြောင့် ဘက်ထရီရဲ့ ကြာရှည်ခံနိုင်မှု နည်းလာပြီဆိုရင်တော့ ဖုန်းအသစ်လဲသင့်ပါတယ်။ 

၄။ ဖုန်းရဲ့ သိုလှောင်မှုစွမ်းရည် နည်းလာရင်

      ဖုန်းမှာ သိုလှောင်မှုစွမ်းရည် နည်းလာတဲ့အခါ  ဖုန်း အသစ်လဲဖို့ မလိုအပ်ပါဘူး။ ဖိုင်များကို  micro SD Card (မိုက်ခရို)  သို့ ပြောင်းလဲ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလို ပြုလုပ်ပြီးရင်တောင်မှ သင့်ဖုန်းဟာ သိုလှောင်မှု  နည်းပါးနေသေးရင်တော့ ဖုန်း အသစ်ဝယ်ယူသင့်ပါပြီ။

၅။ ဖုန်းရဲ့ ဓါတ်ပုံများ အရည်အသွေး ညံ့ဖျင်းလာရင် 

     ယနေ့ခေတ်မှာ ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရတဲ့ ဖုန်းတွေက လူကြိုက်များနေတာ ဖြစ်ပါတယ်။ 

     တန်ဖိုးနည်း စမတ်ဖုန်းများမှာတောင် အရည်အသွေး မြင့်မားတဲ့ ကင်မရာများကို ထည့်သွင်းပေးလာကြတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ကင်မရာဟာ အစင်းရာတွေ၊ ကွဲအက်ရာတွေ  ဖြစ်နေတယ်၊ ဓာတ်ပုံရိုက်ဖို့လည်း အဆင်မပြေတော့ဘူး ဆိုရင်တော့ ဖုန်း အသစ်လဲသင့်ပြီပဲ ဖြစ်ပါတယ်။ 

     ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်တွေ ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမယ့် အခြေခံ အချက်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်