အထွက်နှုန်းများပြားလာခြင်းကြောင့် မုန်လာဉဖြူဈေးကွက် ကျဆင်း

15/01/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

       á€Ąá€‘á€˝á€€á€şá€”á€žá€Żá€”á€şá€¸á€™á€ťá€Źá€¸á€•á€źá€Źá€¸á€œá€Źá€á€źá€„á€şá€¸á€€á€źá€ąá€Źá€„á€ˇá€ş မုန်လာဉဖြူဈေးကွက် ကျဆင်းနေကြောင်း မကွေးတိုင်းဒေသကြီးရှိ စားဖိုချောင်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။ 

ကျွန်တော်တို့ဒေသမှာတော့ မုန်လာဉဖြူဈေးတွေ ပြန်ကျနေတယ်။ အခုအချိန်က ဆောင်းရာသီလည်းဖြစ်တယ်၊ ဟိုတလောကဆို မုန်လာဉဖြူ ဈေးကွက်လေး ကောင်းတော့ တိုးချဲ့စိုက်ပျိုးတဲ့သူတွေလည်း များလာခဲ့တယ်။ ဒီလိုရာသီမှာက စိုက်တိုင်းလည်း အပင်က ဖြစ်ထွန်းအောင်မြင်ကြတယ်လေ။ မုန်လာဥသီးနှံရဲ့သဘောသဘာဝကိုက ဆောင်းရာသီအေးတာကိုကြိုက်တော့ စိုက်တဲ့သူတွေတိုး၊ ထွက်နှုန်းတွေလည်း တိုး၊ ဈေးတွေ ကျဆင်းကုန်တော့တာပါ။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ကုန်စိမ်းနှင့်သီးနှံစုံစိုက်ပျိုးသူ ကိုဟန်ဇော်သက်က ပြောသည်။

      မုန်လာဉဖြူ တစ်ပင်လျှင် (တစ်ဥလျှင်) (၅၀)ကျပ် ရရှိခဲ့သော်လည်း ယခုအခါ မုန်လာဥဖြူ တစ်ပင်လျှင် (၁၅) ကျပ်/ကျပ်(၂၀)ကျပ် ဝန်းကျင်သာ ဈေးနှုန်းရရှိနေကြောင်း သိရသည်။

နွေရာသီဆိုရင်တော့ မုန်လာဥဖြူက ထွက်နှုန်းများဖို့၊ ဖြစ်ထွန်းဖို့ သိပ်တော့ မလွယ်ဘူး၊ မိုးအရမ်းများရင်လည်း မရဘူး၊ အဓိကက ဆောင်းရာသီဖြစ်နေတာကြောင့် ပိုဖြစ်ထွန်းနေတာပါ။ ကျွန်တော်တို့ဒေသက ထွက်သမျှမုန်လာဥဖြူတွေကို တင်ပို့ရောင်းချနေတာတော့ မကွေးနဲ့ မင်းဘူးဘက်တွေကိုပါ။ ပွဲစားလက်ထဲကို ပေးလိုက်ပြီး ပွဲစားတွေကတဆင့်မှ မကွေးနဲ့မင်းဘူးဘက်တွေအထိ သွားရောင်းကြတာပါ။  မင်းဘူးမှာရှိတဲ့ ကုန်စိမ်း ပွဲရုံတွေကို သွင်းတာမျိုးလည်း ရှိပါတယ်။

ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

        မုန်လာဥအဖြူပင်သည် မြေနု နုံးမြေကို ကြိုက်နှစ်သက်ပြီး အဓိကအားဖြင့် မြေပွကို နှစ်သက်သည့် သီးနှံအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်