ကမ္ဘာ့ဝက်မျိုးစိတ်များနှင့် အားသာချက်များ အပိုင်း(၁)

27/12/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မွေးမြူရေးလောကတွင် ယနေ့ထင်ရှားလျက်ရှိသော မွေးမြူရေးဝက်များသည် မူလတောဝက်မျိုးများမှ ဆင်းသက်လာသော ဝက်များဖြစ်သည်ဟု သိရသည်။ ဥရောပတိုက်တွင် နေထိုင်ကျက်စားခဲ့သော Sus Scrofa တောဝက်များသည် ပို၍ထွားကျိုင်းပြီး ကမ္ဘာ့အရှေ့ပိုင်း၌နေထိုင်ကျက်စားသော Sus vittatus တောဝက်များသည် ခန္ဓာကိုယ်သေးငယ်ပါသည်။ ယနေ့ အိမ်မွေးတိရစ္ဆာန်များဖြစ်သော ဝက်တို့သည် မူလတောဝက်များမှ ပေါက်ဖွားလာကြသောမျိုးများဖြစ်သည်။

၁။ အရှေ့တောင်အာရှ ဒေသဝက်များ

ဤဒေသတစ်ဝိုက်တွင် တွေ့ရသောဝက်များသည် Sus vittatus နှင့် Sus Indicus တောဝက်မျိုးများမှ ဆင်းသက်လာကြသောဝက်မျိုးများ ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ပေါ်ဒေသများတွင် မွေးမြူလျက်ရှိသော မွေးမြူရေးဝက်မျိုးများဖြစ်သည်။ ထိုဝက်မျိုးများသည် ခန္ဓာကိုယ်သေးငယ်ပြီး နားရွက်သေး၍ ထောင်နေသည်။ နှုတ်သီးချွန်ပြီး ဗိုက်အိုးတွဲကျနေသည်။ အဆီနည်းပြီး အသားပါဝင်နှုန်း များသည်။

ဝက်မများ အရွယ်ရောက်ချိန်တွင် ကိုယ်အလေးချိန် ၂၅-၃ဝ ပိဿာခန့်ရှိပြီး ဝက်ထီးများမှာမူ ပိဿာချိန် ၃၀-၄၀ ခန့်ရှိသည်။ ဝက်မများ သားပေါက်နှုန်းကောင်းခြင်း၊ သားထိန်းကောင်းခြင်း စသည့်အရည်အသွေးလက္ခဏာများ တွေ့ရသည်။ ဤဝက်များကို မျိုးတိမ်ကောခြင်း မရှိစေရန် ထိန်းသိမ်းထားရန်လိုသည်။

၂။ တရုတ်နိုင်ငံ ဒေသဝက်မျိုး

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် တရုတ်လူမျိုးများသည် Sus vittatus တောဝက်များကို ယဉ်ပါးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူလာခဲ့ကြသည်။

တရုတ်ဒေသဝက်များသည် ဦးခေါင်းကြီးပြီး နှာတံတိုလျက် မျက်နှာပြင်ခွက်သည်။ခြေတံတိုပြီး ခန္ဓာကိုယ်ထွားကျိုင်းသည်။ခန္ဓာကိုယ်တွင် အဆီပါဝင်နှုန်းများသည်။

တရုတ်တောင်သူများသည် ၎င်းတို့၏ မူလဝက်မျိုးများကို မျိုးတိမ်ကောမသွားစေရန် ထိန်းသိမ်းစောင့်ရှောက်သည့် အစဉ်အလာကောင်းများရှိသည်။

၃။ ဒြူးရော့ခ်မျိုး(The Duroc)

အမေရိကန်မျိုးဖြစ်သည်။ နီညိုရောင်ဝက်မျိုးများဖြစ်သည်။ နားရွက်များ အရှေ့သို့ ငိုက်ကျနေသည်။ ကြီးထွားနှုန်းမြန်ပြီး စားသမျှသော အစားအစာများကို အသားအဖြစ် ပြောင်းလဲမှုနှုန်း ကောင်းသည်။

ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်အဆောက်အဦ၌ သွားလာနေထိုင်နိုင်သည်။ ဒြူးရော့ခ်ဝက်များ၏ တင်ပါးနှင့် ပခုံးပိုင်းတွင် အသားအစိုင်အခဲများကို ထင်ရှား စွာတွေ့နိုင်ပါသည်။

မျိုးဝက်သိုးများအဖြစ် ထင်ရှားကျော်ဇောသောမျိုး ဖြစ်သည်။

၄။ ဟမ့်ရှိုင်းယားမျိုး(Hampshire)

အင်္ဂလန်နိုင်ငံမျိုးဖြစ်သည်။ ခန္ဓာကိုယ်အနက်ရောင်နှင့် ပုခုံးပိုင်းတွင် အဖြူရောင်ခါးပတ်ကြား ဝက်များဖြစ်သည်။ နားရွက်ထောင်ပြီး ဖျတ်လတ်သွက်လက်သည့်အမူအယာများ တွေ့ရသည်။

ဟမ့်ရှိုင်းယားဝက်များကိုလည်း ဝက်သိုးများအဖြစ် အသုံးပြုလေ့ရှိသည်။

၅။ ဘတ်ရှိုင်းယားမျိုး(Berkshire)

အင်္ဂလန်မျိုးပဲဖြစ်ပြီး ကိုယ်လုံးအနက်ရောင်နှင့် ခြေလက်အောက်ပိုင်း အဖြူရောင်၊ ထိပ်ခွင် အဖြူရောင်နှင့် အမြီးဆံ အဖြူရောင်ရှိသည်။ နားရွက်ထောင်လျက် နှာတံတိုပြီး နှုတ်သီးအပေါ်သို့ လန်သည်။ အဆီနည်းပြီး အသားပိုထွက်သည်။

၎င်းတို့ကိုလည်း ဝက်သိုးများအဖြစ် အသုံးပြုရန် သင့်တော်သည်။

၆။ ယော့ခ်ရှိုင်းယားမျိုး(Yorkshire)

အင်္ဂလန်နိုင်ငံမှ ပေါ်ထွန်းလာသည့် အဖြူရောင်ဝက်မျိုးဖြစ်သည်။ အဖြူရောင်ဝက်ကြီးမျိုး(Large White) ဟူ၍လည်း လူသိများကြသည်။ ခန္ဓာကိုယ်ကြီးထွားနှုန်းမြန်ပြီး ခါးလျားရှည်သည်။ နားရွက်ထောင်သည်။

ဝက်မများသည် သားပေါက်နှုန်းကောင်းပြီး သားထိန်းကောင်းမွန်ခြင်း၊ နို့ပေးကောင်းခြင်း စသည့် အရည်အချင်းများကြောင့် စပ်မျိုးများမွေးမြူရာတွင် အမလိုင်း၌ အသုံးပြုလေ့ရှိသည်။

ဒြူးရော့ခ်အထီးနှင့် ယော့ခ်ရှိုင်းယားအမဖြင့် ပေါက်လာသောဝက်ကလေးများသည် အကြမ်းခံပြီး ကြီးထွားနှုန်းကောင်းသည့်ဗီဇများ ပါဝင်မှုကြောင့် ဥရောပနိုင်ငံအများ၌ ထင်ရှားသောစပ်မျိုးဖြစ်သည်။

(အပိုင်း (၂) တွင် ကျန်ရှိသည့်ဝက်မျိုးစိတ်များကို ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်