ကမ္ဘာ့ဆန်ဈေးကွက်ထံ အများဆုံးတင်ပို့နေတာ ဘယ်နိုင်ငံတွေလဲ...

19/06/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့ဆန် ထုတ်လုပ်၊ စားသုံးမှု ၉၀ ရာခိုင်နှုန်းအထိရှိတဲ့ အာရှတိုက်ကို ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုတွေ ဖြစ်‌ပေါ်စေနိုင်တဲ့ အယ်နီညိုရာသီဥတုဟာ ကမ္ဘာဆီ ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ 

ဒီအယ်နီညိုဟာ ပြင်းထန်နိုင်ချေရာခိုင်နှုန်းလည်း များနေတယ်လို့ အမေရိကန်မိုးလေဝသဌာန NOAA က ထုတ်ပြန်ထားပါတယ်။ ဆိုတော့ အာရှတိုက်ထဲက နှံစားနဲ့ ဆီထွက်သီးနှံတွေဟာ ပူပြင်းခြောက်သွေ့ တဲ့ရာသီဥတုနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ အထွက်လျော့ ရောင်းလိုအားလျော့ပြီး စားသောက် ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမယ့်အပေါ်  စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

ဒီအပေါ် ဆန်တင်သွင်းနိုင်ငံတွေဟာလည်း စိုးရိမ်မှု စဖြစ်လာကြပြီး ပြီးခဲ့တဲ့လတွေအတွင်း ဆန်တိုးမြှင့်ဝယ်ယူမှုတွေလည်း ရှိနေပါတယ်။ 

ဆိုတော့ အယ်နီညိုကြောင့် စပါးထွက်နှုန်းတွေကျလို့ ကမ္ဘာ့ဆန်ဈေးကွက်ထံ ရောင်းလိုအားတွေ လျော့ကျသွားမှာလား။ ဆန်အများဆုံးတင်ပို့ရောင်းချနေတဲ့နိုင်ငံတွေထဲမှာ အယ်နီညိုဒဏ် အများဆုံး ခံရနိုင် ချေရှိတဲ့ အာရှနိုင်ငံတွေ ဘယ်လောက်ထိပါဝင်နေသလဲဆိုတာ ဗဟုသုတအဖြစ်သိနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ အတွင်း ကမ္ဘာ့ဆန်အများဆုံးတင်ပို့မှုပြုလုပ်ခဲ့ရာနိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး (၁၀) နိုင်ငံ (၂၀၂၂ - ၂၀၂၃)

ဒီစာရင်းအရဆို ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်ဆုံး ၁၀ နိုင်ငံမှာ အမေရိကန်၊ ဘရာဇီး၊ ဥရုဂွေးတို့ကလွဲလို့ ကျန်နိုင်ငံတွေအားလုံးဟာ အာရှနိုင်ငံတွေချည်းဖြစ်နေတာ တွေ့ရပါတယ်။

ဆိုတော့ အယ်နီညိုကြောင့် အာရှဒေသတွင်း ဆန်ထုတ်လုပ်မှုကိုသာ ထိခိုက်မှုရှိခဲ့ရင် ကမ္ဘာ့ဆန်ရောင်းလိုအား၊ ဈေးနှုန်းတွေအပေါ် သက်ရောက်မှုလည်း ရှိသွားနိုင်လို့ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

ဒီဇယားအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ အတွင်း ကမ္ဘာ့ဆန်တင်ပို့မှု အဆင့် ၅ နေရာမှာရှိခဲ့တဲ့ မြန်မာ နိုင်ငံအနေနဲ့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်