ကမ္ဘာ့ဆန်ဈေးကွက်ထံ အများဆုံးတင်ပို့နေတာ ဘယ်နိုင်ငံတွေလဲ...

19/06/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့ဆန် ထုတ်လုပ်၊ စားသုံးမှု ၉၀ ရာခိုင်နှုန်းအထိရှိတဲ့ အာရှတိုက်ကို ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုတွေ ဖြစ်‌ပေါ်စေနိုင်တဲ့ အယ်နီညိုရာသီဥတုဟာ ကမ္ဘာဆီ ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ 

ဒီအယ်နီညိုဟာ ပြင်းထန်နိုင်ချေရာခိုင်နှုန်းလည်း များနေတယ်လို့ အမေရိကန်မိုးလေဝသဌာန NOAA က ထုတ်ပြန်ထားပါတယ်။ ဆိုတော့ အာရှတိုက်ထဲက နှံစားနဲ့ ဆီထွက်သီးနှံတွေဟာ ပူပြင်းခြောက်သွေ့ တဲ့ရာသီဥတုနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ အထွက်လျော့ ရောင်းလိုအားလျော့ပြီး စားသောက် ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမယ့်အပေါ်  စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

ဒီအပေါ် ဆန်တင်သွင်းနိုင်ငံတွေဟာလည်း စိုးရိမ်မှု စဖြစ်လာကြပြီး ပြီးခဲ့တဲ့လတွေအတွင်း ဆန်တိုးမြှင့်ဝယ်ယူမှုတွေလည်း ရှိနေပါတယ်။ 

ဆိုတော့ အယ်နီညိုကြောင့် စပါးထွက်နှုန်းတွေကျလို့ ကမ္ဘာ့ဆန်ဈေးကွက်ထံ ရောင်းလိုအားတွေ လျော့ကျသွားမှာလား။ ဆန်အများဆုံးတင်ပို့ရောင်းချနေတဲ့နိုင်ငံတွေထဲမှာ အယ်နီညိုဒဏ် အများဆုံး ခံရနိုင် ချေရှိတဲ့ အာရှနိုင်ငံတွေ ဘယ်လောက်ထိပါဝင်နေသလဲဆိုတာ ဗဟုသုတအဖြစ်သိနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ အတွင်း ကမ္ဘာ့ဆန်အများဆုံးတင်ပို့မှုပြုလုပ်ခဲ့ရာနိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး (၁၀) နိုင်ငံ (၂၀၂၂ - ၂၀၂၃)

ဒီစာရင်းအရဆို ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်ဆုံး ၁၀ နိုင်ငံမှာ အမေရိကန်၊ ဘရာဇီး၊ ဥရုဂွေးတို့ကလွဲလို့ ကျန်နိုင်ငံတွေအားလုံးဟာ အာရှနိုင်ငံတွေချည်းဖြစ်နေတာ တွေ့ရပါတယ်။

ဆိုတော့ အယ်နီညိုကြောင့် အာရှဒေသတွင်း ဆန်ထုတ်လုပ်မှုကိုသာ ထိခိုက်မှုရှိခဲ့ရင် ကမ္ဘာ့ဆန်ရောင်းလိုအား၊ ဈေးနှုန်းတွေအပေါ် သက်ရောက်မှုလည်း ရှိသွားနိုင်လို့ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

ဒီဇယားအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ အတွင်း ကမ္ဘာ့ဆန်တင်ပို့မှု အဆင့် ၅ နေရာမှာရှိခဲ့တဲ့ မြန်မာ နိုင်ငံအနေနဲ့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်