ငါးတွေရဲ့သွားများကိုလေ့လာခြင်း

10/01/2020 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

ငါးတွေသဘာဝကိုလေ့လာချင်ရင် ငါးတွေရဲ့သွားတည်ဆောက်မူကိုလည်း လေ့လာနိုင်ပါတယ်။ ငါး‌‌တွေရဲ့သွားတည်ဆောက်မူသည် နှစ်ပေါင်းများစွာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်ထိ မပြောင်းလဲတဲ့ထင်ရှားစွာလေ့လာနိုင်တာရယ်၊ အစာစားသုံးမူပုံစံအမျိုးမျိုးရှိတဲ့အတွက် အရေးကြီးပါတယ်။

ဥပမာအသားစားငါးကို အလှမွေးနူးညံ့တဲ့ငါးနဲ့ တွဲမမွေးသင့်ပါဘူး။ ဒါ့ပြင် ငါး‌တွေရဲ့ သွားတည်ဆောက်မူကို လေ့လာထားရင်ဘယ်လိုအစာမျိုးဟာ သင့်တော်တယ်ဆိုတာသိပြီး မွေးပါက ငါးကြီးထွားနှုန်းများမှာ အ‌ထောက်အကူဖြစ်ပါတယ်။ သွားတွေကိုလေ့လာရင် မြက်စားငါး၊ အသားစားငါး၊ အစုံစားငါးအနေနဲ့ လေ့လာနိုင်ပါတယ်။ လေ့လာတဲ့အခါမှာလည်း ပါးစပ်ကနေ နှစ်ခြမ်းခြမ်းပြီးလေ့လာနိုင်ပါတယ်။

သွားတွေသည်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်အထိ ခိုင်မာတဲ့အထောက်အထားဖြစ်သဖြင့် မျိုးစေ့ခွဲတဲ့အခါ ၎င်းresearcherအတွက် အရေးကြီးပြီး တန်ဖိုးမဖြတ်နိုင်တဲ့ တိကျတဲ့အဖြေကို ရရှိနိုင်ပါတယ်။ ငါးတွေရဲ့အစာစားသုံးနိုင်တဲ့ပုံစံကိုသိရတော့ မွေးတဲ့အခါ ကြီးထွားနှုန်း မြန်မြန်တိုးတက်စေတယ်။ အသားစား၊ အစုံစား၊ အသီးအရွက်စားဆိုပြီး အဆင့်အတန်းခွဲခြားမွေးမြူတော့ အသေအပျောက်မရှိတဲ့ အကျိုးသက်ရောက်မူလက်တွေ့ရရှိပါတယ်။

ငါးသွားတွေ တွေ့နိုင်တဲ့နေရာကတော့ မေးရိုးနေရာခံတွင်း အပေါ်အောက်လျှာလည်ပင်းထိပ်ပိုင်း အပေါ်အောက်ပါသွားအမျိုးအစားမှာ cannieနဲ့ villiform လိုအရမ်းချွန်တဲ့ ပုံစံပါရင် အသားကိုအရမ်းကိုက်ဖြတ်နိုင်လို့ အခြားငါးတွေနဲ့ မရောထွေးပဲ သီးသန့်မွေးပါလို့ ငါးမွေးသူတွေကို သတိပေးချင်ပါတယ်။ မွေးမြူတဲ့အခါ အရေးကြီးတဲ့ အသားစားငါးရဲ့ သွားတည်ဆောက်မူကိုကြည့်ရင် စီပြီးလှတဲ့ cardiform နဲ့ minutecariform ပုံစံရယ်၊ ထိုးဖောက်နိုင်တဲ့ cannine ရယ်၊ ပိုမိုချွန်ထက်တဲ့ villiform ရယ်၊ ကြိတ်ဝါးနိုင်တဲ့ molariform ရယ် စတဲ့အမျိုးအစားတွေ တွေ့နိုင်ပါတယ်။ ဒီသွားအမျိုးအစားတွေက ဆုပ်ကိုင်ဖို့၊ ထိုးဖောက်ဖို့၊ ကြိတ်ဝါးဖို့ လုပ်ဆောင်ပြီး ဒီသွားအမျိုးအစားပါတဲ့ငါးတွေ့ပြီဆို မွေးတဲ့အခါ သတိထားကြပါလို့ အကြံပြုအပ်ပါတယ်။

Source- AQUADAPT Myanmar


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်