သီးနှံစိုက်ပျိုးမှု မှတ်တမ်းထားရှိခြင်း၏ ကောင်းကျိုးများ

17/03/2022 13:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

ဘယ်သီးနှံမဆို စိုက်ချိန်တိတိကျကျရှိမှသာ ပိုမိုကောင်းမွန်သော သီးနှံအထွက် ၊ဈေးကွက် ရရှိမှာဖြစ်ပါတယ်။ တောင်သူအများစုဟာ သူတို့မှာ သီးနှံစိုက်ပျိုးမှုအတွက် တိကျတဲ့ မှတ်တမ်းထားမှု အားနည်းကြပါတယ်။ စိတ်မှတ်သာမှတ်ကြပါတယ်။ 

 

ဒါဟာဘာဖြစ်စေလဲဆိုတော့ တိကျတဲ့ ဆုံးဖြတ်မှုမျိုးမရှိတော့ပဲ ထင်တာပဲ ဆိုတာနဲ့ပဲ ပြီးသွားစေနိုင်တာပါပဲ။

 

အဲ့တာကြောင့် သီးနှံစိုက်ပျိုးမှတ်တမ်းထားရှိခြင်းဟာ အလွန်အရေးကြီးပါတယ်။ 

 

သီးနှံစိုက်ပျိုးမှတ်တမ်းထားရှိခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတော့..

 

(၁) သီးနှံကုန်ကျစရိတ်ကို တိတိကျကျ သိရှိနိုင်ခြင်း

 

သီးနှံကုန်ကျစရိတ်ကို တိတိကျကျ သိရှိမယ်ဆိုရင် ကိုယ့်ရဲ့ သုံး‌နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး နောက်တစ်နှစ်မှာ  လျှော့စိုက်သင့်လား တိုးစိုက်သင့်လား ဆိုတာ ‌ဆုံးဖြတ်နိုင်ပါတယ်။ ( ဒါမှ အကြွေးယူနေရတဲ့ စနစ်ကို လျှော့ချနိုင်ပြီး အသားတင်အမြတ်တွေ ရရှိမှာပါ) 

 

(၂) သီးနှံစိုက်ရက်၊ ပွင့်ရက် ၊သီးရက် ၊ရိတ်သိမ်းရက်ကို သေချာစွာသိရှိနိုင်ခြင်း 

 

ဒီလိုမျိုးသိရှိခြင်းကြောင့် နောက်နှစ်မှာ စောစောသီးနှံရရှိအောင် ၊ နောက်ကျမှ သီးနှံရရှိအောင် စိုက်ရက်ကို ချိန်ဆနိုင် (ဈေးကွက်ပေါ်မူတည်ပြီး) မှာဖြစ်ပါတယ်။

 

(၃) သီးနှံတွင်ကျရောက်ခဲ့သော ‌ပိုး၊ ရောဂါစာရင်းကို သိရှိရခြင်း 

 

ဘယ်ချိန်မှာ ဘာပိုး၊ ဘာရောဂါကျရောက်တယ်ဆိုတာကို ကြိုတင်သိရှိထားတော့ ကြိုကြိုတင်တင် ကာကွယ်လို့ရပြီး သီးနှံဆုံးရှုံးမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

(၄) သီးနှံဈေးနှုန်းများ တက်ချိန် ကျချိန် ခန့်မှန်းနိုင်ခြင်း

 

သီးနှံဈေးနှုန်းတွေက ဘယ်နှစ်ကတော့ ဘယ်ချိန်အရမ်းကောင်းတယ်။ ဘယ်ချိန်တော့ ဈေးကျတယ် စသဖြင့်သိရှိရတော့ နောက်နှစ်ကိုတော့ ဘယ်ချိန်စိုက်မယ်။ ဘယ်လို management လုပ်မယ်ဆိုတာတွေကို အနီးစပ်ဆုံး ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ 

 

(၅) အလုပ်သမားစရိတ်၊ သွင်းအားစုစရိတ်များ သုံးစွဲမှုကို စီမံခန့်ခွဲနိုင်ခြင်း

 

အလုပ်သမားစရိတ်၊ သွင်းအားစုဈေးနှုန်းများကို သေချာစွာသိရှိရလို့ နောက်နှစ်စိုက်တဲ့အခါကျရင် မိမိအတွက် အသားတင်အမြတ်ရရှိအောင် အလုပ်သမားစရိတ် လျှော့ချမလား ၊ သွင်းအားစုတိုးထည့်ပြီး သီးနှံကောင်းအောင် လုပ်မလား စသဖြင့် စီမံခန့်ခွဲမှု လုပ်နိုင်ပါတယ်။ 

 

ဆိုတော့ ဒီလိုကောင်းကျိုးမျိုးတွေအများကြီးရှိတာမို့  တောင်သူတွေအနေနဲ့ သီးနှံမှတ်တမ်းတွေစနစ်တကျထားရှိပြီး အကျိုးအမြတ်တွေ ပိုမိုရှာနိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်