ဆန်စပါးစံချိန်စံညွှန်း မူကြမ်းရေးဆွဲမှုနောက်ဆုံးအဆင့်ရောက်ရှိ

09/05/2019 19:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

ဆန်စပါးစံချိန်စံညွှန်း မူကြမ်းရေးဆွဲနေမှုဟာနောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်ပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ နောက်ဆုံးအဆင့်မှုကြမ်းရေးဆွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက် ဒေသဆိုင်ရာပညာရှင်များ စိုက်ပျိုးရေးအဖွဲ့များနဲ့အတူ ကွင်းဆင်းကာတွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

 

တိုင်းနဲ့ပြည်နယ်အလိုက် နေရာလေးတွေကိုရွေးချယ်ပြီးတော့ အဲဒီမှာရှိတဲ့ supply chain မှာပါတဲ့လယ်သမားတွေ ၊ ကုန်သည် ၊စက်ပိုင်တွေ ၊ ဒေသဆိုင်ရာပညာရှင်တွေနဲ့ စိုက်ပျိုးရေး အဖွဲ့တွေသူတို့ တွေနဲ့သွားပြီးကွင်းဆင်းစစ်ဆေးဖို့ လုပ်ဆောင်တော့မယ်။ သူတို့တွေကို နောက်ဆုံးမူကြမ်းချပြတော့မယ်” ဆန်စပါးစံချိန်စံညွှန်းနောက်ဆုံးမူကြမ်းကို သက်ဆိုင်ရာဌာနဆိုင်ရာများကိုလည်း တင်ပြသွားမှာဖြစ်ပြီး စံချိန်စံညွှန်းကော်မတီကိုလည်း တင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ဆန်စပါးစံချိန်စံညွှန်းများ ၊အလေးအချိန် ၊အချိန်အတွယ်များကို နိုင်ငံတကာစံချိန်စံညွှန်း နဲ့ အညီ ပြောင်းလဲသတ်မှတ်နိုင်ရေး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ ၊ ကြိတ်ခွဲခြင်း ၊ ရောင်းခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ International Finance တို့မှပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်