မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် Quita စနစ်မရှိဘဲ Form D အကျိုးခံစားခွင့်ရရန် တင်ပြတောင်းဆို

26/08/2019 14:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် Quita စနစ်မရှိဘဲ Form D အကျိုးခံစားခွင့်ရရန် တင်ပြတောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၄ ရက်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း(၅)မျိုးအား ထိုင်းနိုင်ငံဖက် သို့ တင်ပို့ရာတွင် Quota စနစ်မရှိဘဲ Form D အကျိုးခံစားခွင့်ရရှိနိုင်ရေးနှင့် ထပ်မံ၍ ကျန်ရှိသောလယ်ယာထွက်ကုန်များကိုလည်း Quota စနစ်မရှိဘဲ Form D အကျိုးခံစားခွင့်ရရှိနိုင်ရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြတောင်းဆိုထားကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်က ပြောသည်။

သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပပြုလုပ်သည့် ၂၉ ကြိမ်မြောက် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း (၅) မျိုးအား Quota စနစ်မရှိပဲ အခွန်ကင်းလွတ်ခွင့်ပြုသည့် Form D အကျိုးခံစားခွင့်အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နှင့် (၆) ရက် တွင် မြဝတီမြို့ Grade One Hotel ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ JBTC အစည်းအဝေး၌ နှစ်ဖက်အစိုးရဌာန G To G သဘာတူဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်းမြေပြင်တွင် လက်တွေ့ကုန်ပစ္စည်းတင်ပို့ရာ၌ ထိုင်းနိုင်ငံဖက်သို့ တင်ပို့ ခွင့်မရရှိခဲ့ကြောင်း သိရသည်။

"မြဝတီနယ်စပ်ကုန်သွယ်မှုအနေနဲ့ ထိုင်းဖက်မှ သွင်းကုန်ပမာဏ ပိုမိုများပြားပြီး မြန်မာဖက်မှ ပို့ကုန်ပမာဏမှာ လွန်စွာနည်းပါတယ်။ ပြည်တွင်းမှ ပို့ကုန်ပစ္စည်းတွေ ပိုမိုတင်ပို့နိုင်ဖို့ မြန်မာ့လယ်ယာ၊ ကိုင်းကျွန်းထွက်ကုန်များဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ပဲမျိုးစုံ၊ သီဟိုရ်ဆံ၊ ပြောင်း၊ ပြောင်းဆန် စတဲ့ ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံမှတဆင့် Transit Trade စနစ် နဲ့ လာအို၊ ဗီယက်နမ်ကဲ့သို့ မလေးရှားနိုင်ငံအား တိုက်ရိုက် တင်ပို့ရောင်းချခွင့်ရရှိနိုင်ရေးအတွက် တစ်ဖက်နိုင်ငံနဲ့ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးပါ။" ဟု ဒေါ်သင်းသင်းမြတ်က ပြောသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင် “Win to Win ဖြစ်ရမည်ဟု ညှိနှိုင်းခဲ့ကြသော်လည်း လက်ရှိကုန်သွယ်မှုစနစ်တွင် ထိုင်းဖက်မှ သွင်းကုန်ပမာဏပိုမိုများပြားပြီး မြန်မာ့လယ်ယာထွက် ပို့ကုန်ပစ္စည်းများမှာ ၎င်းတို့၏ Quota စနစ်၊ ကြီးမြင့်သည့် အခွန်စနစ်များဖြင့် ထိန်းချုပ်မှုများရှိနေပါကြောင်း သိရ သည်။

ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး (IICBTA) စတင်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာခါလီကား/ကုန်မဲ့ကာ း မဝင်ရကြောင်း IICBTA MOU တွင် ထိုင်းနိုင်ငံမှ ထည့်သွင် းရေးဆွဲထားသည်ဟု သိရှိရသဖြင့် မြန်မာ-ထိုင်း ကုန်သွယ်မှု အခြေအနေအရ ထိုင်းပို့ကုန်နှင့်မြန်မာပို့ကုန် ကွာခြားချက်မှာ (၁၀၀ : ၁) ခန့်မျှသာဖြင့် မြန်မာကားများ ကုန်ပစ္စည်းရရှိရန် လွန်စွာခက်ခဲသွားနိုင်ကြောင်း သိရသည်။

"မိမိတို့မြန်မာလုပ်ငန်းရှင်တွေ ချိတ်ဆက်ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကို မြန်မာကားတွေနဲ့ ဝင်ရောက်သယ်ဆောင်ဖို့ အခက်အခဲတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။ IICBTA အ ရ မိမိနိုင်ငံရဲ့ကုန်မဲ့ခါလီကားတွေ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်မရှိပါက မိမိနိုင်ငံရဲ့ သယ်ယူပို့ဆောာင်ရေးလုပ်ငန်းနဲ့  Logistics လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်ပါတယ်။ မြန်မာကုန်ကားတွေမှာ ကုန်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လွတ်လပ်စွာ ဝင်/ထွက်ခွင့်ကို မိမိတို့ မြန်မာဖက်မှ ပြင်ဆင် ရေးဆွဲပြီးမှသာ MOU လက်မှတ်ရေးထိုးသင့်ပါတယ်။" ဟု ဒေါ်သင်းသင်းမြတ်က ဆက်လက်ပြောကြားသည်။

ယင်းအပြင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပတ်သက်၍ ပို့ကုန် တင်ပို့မှု ပိုမိုတိုးတက်စေရေးသည် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကုန်သည်လုပ်ငန်းရှင်များအနေနှင့် ပို့ကုန်တင်ပို့ရာတွင် ကြိုတင်ခွန်  ၂ ရာခိုင်နှုန်းကို အခွန်ပေးသွင်းကြရခြင်း၊ အကောက်ခွန်စည်းကြပ်တန် ဖိုး၏ AV တန်ဖိုးပေါ် ကြိုတင်ခွန်၂ ရာခိုင်နှုန်း ပေးသွင်းရသဖြင့် အခွန်အခများစွာ ပေးသွင်းရကြောင်း သိရသည်။

ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံများတွင် ပို့ကုန်တင်ပို့မှုအတွက် နိုင်ငံတော်မှ VAT ပြန်ပေးသော်လည်း မိမိတို့နိုင်ငံတော်အနေနှင့် VAT ပြန်ပေးမလိုသော်လည်း လက်ရှိ ပို့ကုန်တင်ပို့မှုတွင် ကောက်ခံနေသည့် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းကို ဖြေလျော့ပေးခြင်းကြောင့် ပို့ကုန်တင်ပို့မှုမြှင့်တင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး သွင်းကုန်တင်သွင်းသည့်အပေါ်၌သာ အခွန်အခပိုမိုကောက်ခံသင့်ကြောင်း သိရသည်။

"ပြောင်းနဲ့ အခြားကုန်ပစ္စည်းတွေ ထိုင်းကို တင်ပို့တဲ့ နေရာမှာ တိုးတက်မှုရှိပေမယ့်လည်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ အခုလို ရေကြီးတဲ့အတွက်ကြောင့် မြဝတီကုန်သွယ်ရေးမှာ လျော့နည်းမှုရှိပါတယ်။" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ယခုအခါ နိုင်ငံတကာနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပွင့်လင်းတိုးတက်လာပြီးဖြစ်၍ မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာကိုင်းကျွန်းထွက်သီးနှံများကို လာအို၊ ဗီယက်နမ်နိုင်ငံများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် Transit Trade ဖြင့် တိုက်ရိုက် တင်ပို့ရောင်းချနိုင်သော်လည်း မလေးရှားနိုင်ငံသို့ တင်ပို့ရာ၌ MOU မရှိထားဟုဆို၍ Transit Trade ပြုလုပ်မရဘဲ ထိုင်းနိုင်ငံကိုသာ ရောင်းချနေရသဖြင့် ထိုင်းနိုင်ငံမှ စျေးကွက်အသာ စီးရနေပြီး ထိုင်းနိုင်ငံမှတစ်ဆင့် Transit Trade စနစ်ဖြင့် မလေးရှားနိုင်ငံသို့တင်ပို့ခွင့်ရရှိပါက ပို့ဆောင်လာနိုင်မှာဖြစ်ပြီး နိုင်ငံတော်အနေနှင့်လည်း ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြဝတီနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ သိရသည်။

အေးအေးမြင့်(ABM)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်