စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများဆောင်ရွက်သင့်သော သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်နိုင်မှုအန္တရာယ်လျှော့ချနိုင်ရေးလုပ်ငန်းစဉ်

22/07/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများဆောင်ရွက်သင့်သော သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်နိုင်မှု အန္တရာယ်လျှော့ချနိုင်ရေးလုပ်ငန်းစဉ် ?

ပြောင်းလဲလာသောရာသီဥတုအခြေအနေများအရ သီးနှံစိုက်ခင်းများတွင် ရေကြီးနစ်မြုပ်ခြင်းသည် ယနေ့အချိန်ကာလတွင် နေရာဒေသအတော်များများ၌ ရှောင်လွဲမရသော သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်လာပါသည်။

သီးနှံစိုက်ခင်းများအား ရေကြီးနစ်မြုပ်ပြီးနောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်ရခြင်းသည် နှစ်ရှည်ပင်သီးနှံများမှအပ ကျန်ရာသီသီးနှံများအတွက် မူလစိုက်ခင်းအနေအထား မူလသီးနှံကြီးထွားမှုအခြေအနေ ကို ပြန်လည်ရောက်ရှိရန် ခက်ခဲလှပါသည်။

သီးနှံစိုက်ခင်းများအား ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရန် ကြိုတင်စီမံဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်တားဆီးခြင်းသည် တစ်ဦးတစ်ယောက်တည်းဖြင့် ဆောင်ရွက်နိုင်သော လုပ်ငန်းမဟုတ်ဘဲ ရပ်ရွာလူထုအလိုက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်။

မြစ်ချောင်းနားနီးသောအရပ်ရှိ သီးနှံစိုက်ခင်းများ နှင့် မိမိနေထိုင်ရာအရပ်၏ မြေနိမ့်ပိုင်းတွင် ကျရောက်နေသော သီးနှံစိုက်ခင်းများ သည် ရေကြီးနစ်မြုပ်မှုအန္တရာယ်ပိုမိုကျရောက်နိုင်သော နေရာများဖြစ်သည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအနေဖြင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အပိုင်းကဏ္ဍ(၂)ခုဖြင့် ဆောင်ရွက်သင့်သည်။ ပထမပိုင်းသည် သီ:နှံစိုက်ခင်းများအတွက် ရေသွင်းရေထုတ်မြောင်းစနစ်များ စနစ်တကျ တည်ဆောက်ထားရန်ဖြစ်ပြီး အဆိုပါကဏ္ဍအတွက် သက်ဆိုင်ရာ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီ:ဌာန တို့နှင့် ဆက်သွယ်ညှိနိုင်းဆောင်ရွက်ရန်ဖြစ်သည့်အတွက်

ဤနေရာတွင် ဒုတိယကဏ္ဍဖြစ်သည့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား အစုအဖွဲ့များကိုယ်တိုင်ဆောင်ရွက်နိုင်သည့် / ဆောင်ရွက်သင့်သည့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစားပေးဖော်ပြပါသည်။

? မိမိတို့ နေထိုင်ရာရပ်ရွာအလိုက် စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားအစုအဖွဲ့များ ကို စနစ်တကျဖွဲ့စည်းပါ။

? အဆိုပါ စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားအစုအဖွဲ့များအင်အားဖြင့် မိမိတို့ရပ်ရွာဝန်းကျင်ရှိ မြေလွတ်မြေရိုင်း များတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ ခွင့်ပြုချက်နှင့် အကူအညီများရယူ၍ ရပ်ရွာပိုင် / အစုအဖွဲ့ပိုင် သစ်တောငယ်များကို တတ်စွမ်းသရွေ့ ထူထောင်စိုက်ပျိုးပါ။ သီးနှံစိုက်ခင်းပတ်ဝန်းကျင်များတွင် အဆိုပါ ရပ်ရွာပိုင် / အစုအဖွဲ့ပိုင် သစ်တောငယ်များတည်ရှိခြင်းသည် ရေကြီးခြင်းအန္တရာယ်အား သိသာစွာ လျော့ချပေးနိုင်သည့်အပြင် ရေကြီ:ခြင်းကြောင်းဖြစ်ပေါ်လာသော မြေဆီလွှာတိုက်စားမှုပြဿနာများကို ထိရောက်စွာ ကာကွယ်ပေးနိင်သည်။

? သီးနှံစိုက်ပျိုးသည့်အရပ်ဒေသရှိ ချောင်းကော၊ မြောင်းကောများကို ရပ်ရွာအင်အား၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား အစုအဖွဲ့များအင်အားဖြင့် ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်ဖော်ထုတ်ပါ။ လိုအပ်ပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ လူထုအခြေပြုဖွံဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းများ နှင့် ဆက်သွယ်၍ အကူအညီရရှိနိုင်ရန် ညှိနိုင်းဆောင်ရွက်ပါ။ ချောင်းကော၊ မြောင်းကောများအား ပြန်လည်ဖော်ထုတ်ထားရှိခြင်းသည် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပါက မလိုလားအပ်သော ရေထုပမာဏအား အလွယ်တကူ စီးဆင်းစေခြင်းဖြင့် ရေကြီးရေလျှံမှုများကို ကာကွယ်ပေးနိုင်ပါသည်။

? သီးနှံစိုက်ပျိုးသည့်ကွင်းဒေသရှိ ချောင်း၊ မြောင်းများကို ပိတ်၍ ရေတင်ခြင်းလုပ်ငန်းများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ သို့မဟုတ် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ချောင်းများ၊ မြောင်းများကို ပိတ်၍ ငါးမွေးမြူခြင်း (သိုမဟုတ်) သီးနှံစိုက်ပျိုးခြင်းများကို လုံးဝရှောင်ကြဉ်ပါ။

? သီးနှံစိုက်ခင်းပတ်ဝန်းကျင်သည် မိမိတို့ရပ်ရွာတွင် မြေနိမ့်ပိုင်းအတွင်းကျရောက်နေပါက သင့်တော်သည့် ရေထုတ်ဧရိယာ သို့မဟုတ် ရေထုတ်နိုင်သည့် လမ်းကြောင်းအနေအထားကို ကြိုတင်သုံးသပ်ရှာဖွေ၍ လိုအပ်သည့်အခါ ရေလမ်းကြောင်း လွဲနိုင်သည့် အစီအမံများကို လယ်သမားအစုအဖွဲ့များ သဘောတူညီချက်များရယူကာ ကြိုတင်စီစဉ်ထားပါ။

? စိုက်ပျိုးရာကွင်းအလိုက် ရေသွင်းမြောင်းစနစ်၊ ရေထုတ်မြောင်းစနစ်များကို စနစ်တကျဖြစ်စေရန် အစုအဖွဲအလိုက် ကိုယ်ထူကိုယ်ထူ စတင်ဆောင်ရွက်ပါ။ အဆိုပါလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာလုပ်ငန်းဌာနများ၊ လူထုအခြေပြုဖွံဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ နှင့် တောင်သူလယ်သမားရေးရာကော်မတီများနှင့် ဆက်သွယ်ညှိနိုင်းဆောင်ရွက်ပါ။

အဆိုပါလုပ်ငန်းစဉ်များအား ယခု ဦးစားပေးဆောင်ရွက်ထားရှိခြင်းဖြင့် နောင်ကာလများတွင် ဖြစ်ပေါ်တတ်သော သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်နိုင်သောအန္တရာယ်အား သိသာစွာ လျှော့ချနိင်မည် ဖြစ်ပါသည်။

အမျိုးသားအဆင့်ရာသီဥတုနှင့်သဟဇာတဖြစ်သောစိုက်ပျိုးရေးဗဟိုဌာန (NCSA Center)

 National Climate Smart Agriculture Center facebook page မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်