အင်ဂျင်အပူကို ထိန်းသည့် Air-Water Cooling System အကြောင်း

26/02/2025 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Air-Water Cooling System သည် အင်ဂျင်အပူကို ထိန်းချုပ်ရန် အသုံးပြုသောနည်းလမ်းတစ်ခုဖြစ်ပြီး၊ ရေ (Water) နှင့် လေ (Air) ကို သုံးပြီး အင်ဂျင်ကို အေးစေဖို့ အဓိကရည်ရွယ်ထားသည်။

ဤစနစ်တွင်၊ အင်ဂျင်၏ အပူဓာတ်ကို ရေမှ ယူဆောင်ပြီး၊ ထိုပူနေသောရေများကို ရေလည်အုံ (Radiator) မှတဆင့် လေဖြင့် အေးစေပါသည်။

Air-Water Cooling System ၏ အခြေခံလုပ်ဆောင်ချက်များ

ရေဖြင့်အပူကိုစုပ်ယူခြင်း (Heat Absorption)

အင်ဂျင်လည်ပတ်စဉ်အတွင်း စွမ်းအင်ပြောင်းလဲမှုကြောင့် အပူဓာတ်ပိုမိုဖြစ်လာသည်။ Cooling system သည် အင်ဂျင်အပူကို ရေနှင့်ထိတွေ့စေပြီး အပူဓာတ်ကို ရေထဲသို့ လွှဲပြောင်းပေးသည်။

ရေလည်အုံ / အင်ဂျင်ကို အအေးပေးသည့်ကိရိယာ (Radiator) မှ အပူလျှော့ပေးခြင်း

အပူဓာတ်ကို ရေလည်အုံမှ လေလှိုင်းထဲသို့ ထုတ်လွှတ်သည့်နည်းဖြင့် ရေထဲရှိ အပူဓာတ်ကို အေးစေသည်။

ရေစနစ်လည်ပတ်မှု (Water Circulation)

ရေလည်ပတ်မှုစနစ်သည် Water Pump ဖြင့် အင်ဂျင်နှင့် Radiator ကြားကို စက်မော်တာဖြင့် မောင်းနှင်လည်ပတ် စေသည်။

လေအေးဖြင့် အပူလျှော့ချမှု (Air Cooling)

Radiator ၏ အပူဓာတ်ကို ပိုမိုလျှော့ချရန် ရေလည်အုံ၏ ရေသွားပိုက်လိုင်းမျက်နှာပြင် ဧရိယာများကို လေနှင့်များများထိတွေ့စေခြင်းဖြင့် အေးစေသည်။ ထို့ကြောင့်ရေပိုက်များကို ဇစ်ဇက်ပုံ ပြုလုပ်ထားပြီး လေဖြင့်ထိတွေ့နိုင်သည့် ဧရိယာများအောင် ပြုလုပ်ထားလေ့ရှိသည်။ 

Air-Water Cooling System ၏ ကောင်းကျိုးများ

  • အင်ဂျင်၏ အပူချိန်မြင့်တက်မှုကို ထိန်းချုပ်နိုင်သည်။
  • Overheat ဖြစ်မှုကို အရှိန်လျှော့ချသည်။
  • အင်ဂျင်စွမ်းဆောင်ရည်နှင့် စက်လုပ်ဆောင်နိုင်စွမ်း များကိုကောင်းမွန်စေသည်။
  • အချိန်အကြာကြီး အင်ဂျင်ကို အလုပ်လုပ်စေနိုင်ပြီး အင်ဂျင်သက်တမ်းကို ပိုကြာစေသည်။ 

သုံးသပ်ချက်

Air-Water Cooling System သည် ခေတ်မီအင်ဂျင်စနစ်များတွင် မဖြစ်မနေလိုအပ်သော နည်းပညာဖြစ်သည်။ ရေနှင့်လေတို့ပေါင်းစပ်၍ အင်ဂျင်၏ အပူထိန်းချုပ်နိုင်မှုကို ပိုမိုကောင်းမွန်စေရန် အခြေခံထားပြီး လက်ရှိထွန်စက်၊ မော်တော်ကားနှင့် လက်တွန်းထွန်စက်များ အစရှိသည့် စက်များတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါသည်။

လေဖြင့် ရေပူကိုအေးစေသည့် နည်းစနစ်မပါဘဲ  တိုင်ကီထဲမှ ရေပူကို ရေအေးဖြင့် ရော၍ အေးစေသော စနစ်ကိုလည်း တချို့အင်ဂျင်များတွင် အသုံးပြုလေ့ရှိသည်။ ဥပမာ - မော်တော်ပဲ့ထောင်များတွင် ရေအေးကို ရေတိုင်ကီထဲ မောင်းထည့်ခြင်းဖြင့် အပူကို လျှော့ချစေသည်။ ထို့အပြင်အင်ဂျင်ကို တနေရာထဲအထိုင်ချပြီး လည်ပတ်သောလုပ်ငန်းများ (ဆီစက် ၊ ကြိတ်စက်၊ ခွဲစက် …) တွင်လည်း ရေအေးထည့်ပေးခြင်းစနစ်ဖြင့် အင်ဂျင်အေးအောင် လုပ်ဆောင်လေ့ရှိသည်။ 

သို့သော် လက်တွန်းထွန်စက်ကဲ့သို့ ကွင်းထဲတွင် ရွေ့လျားနေသော စက်များအတွက် လေနှင့် ရေ ပေါင်းပြီး အပူကိုလျှော့ချသည့် Air-Water Cooling System သည်သာ အမှန်ကန်ဆုံးဖြစ်ပါသည်။ လေနှင့် အေးစေသည့် စနစ်မပါဘဲ ရေအေးဖြည့်ခြင်းဖြင့်သာအေးစေပါက အပူချိန်လွန်ကဲလာသောစက်ကို ရပ်တန့်၍ မကြာခဏ ရေလဲပေးနေရသည့်အတွက် အလုပ်မဖြစ်နိုင်ပါ။ ထို့ကြောင့် သုံးစွဲမည့် တောင်သူများအနေဖြင့်လည်း စက်များကို ရွေးချယ်ဝယ်ယူရတွင် မိမိအသုံးပြုမည့် လုပ်ငန်းပေါ်မူတည်၍ Air-Water Cooling System ပါသောစက်များကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူရမည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်