မုံရွာခရိုင်အတွင်းမှ လျှော်ဖြူစိုက်တောင်သူများစုပေါင်းကာ ကိုဗစ်-19 ရောဂါကာကွယ်ဆေး ထိုးနှံခဲ့

12/08/2021 12:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုးထုပ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဦးဆောင်၍ မုံရွာခရိုင်အတွင်းမှ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ စုပေါင်းကာ ကိုဗစ်-19 ရောဂါကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်အတွင်းမှာရှိတဲ့ လျှော်ဖြူစိုက်တောင်သူတွေစုစည်းပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြတာပါ။ မုံရွာမြို့အပြင်၊ ဘုတလင်ကလည်း ဆေးလာထိုးတယ်။ အရာတော်ကလည်း ဆေးလာထိုးတယ်။ ဆေးကိုတော့ မုံရွာမြို့၊ ပြည်သူ့အားကစားဝင်းကြီးထဲမှာ ထိုးပေးနေတာပါ။ လျှော်ဖြူသီးနှံဆိုတာကလည်း နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတဲ့ သီးနှံတစ်ခုပဲလေ။ ကျွန်တော်တို့ကလည်း နိုင်ငံတော်ရဲ့ကုန်ထုတ်စွမ်းအားတစ်ခုပဲလေ။ တခြားအသင်းအဖွဲ့တွေလည်း အသင်းအဖွဲ့ အမှန်တကယ်ဖြစ်ပြီး တကယ်လည်းထိုးချင်တယ်ဆိုရင် အခုလို စုပေါင်းစာတင်တဲ့အခါ ဆေးထိုးခွင့်ကျလာမှာပါ။ ထိုးပြီးတော့လည်း စိတ်သက်သာရာရတာပေါ့။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ လျှော်ဖြူစိုက်ပျိုးထုပ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဥက္ကဌ ဦးဇော်မင်းက ပြောသည်။

    သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ စာတင်ပြပြီးနောက်၊ ခွင့်ပြုမိန့်ကျလာသည့်အခါ စိတ်ပါဝင်စားသည့်တောင်သူများ ချိတ်ဆက်စုစည်း၍ သွားရောက်ထိုးနှံခဲ့ခြင်း ဖြစ်သည်။

ကနဦးအနေနဲ့ တိုင်းအစိုးရရော၊ မြို့နယ်အုပ်ချုပ်ရေးကိုရော နှစ်နေရာစလုံးဆီကို သေချာစာတင်တယ်။ ခွင့်ပြုချက်ရမှ ထိုးနှံခဲ့တာပါ။ အသင်းသူ အသင်းသားတွေကိုတော့ အပြင်မှာမစုစည်းဘဲ ဖုန်းနဲ့ ဆက်သွယ်စာရင်းကောက်ခံခဲ့ပါတယ်။ ပြီးတော့မှ အားကစားကွင်းမှာဆုံတွေ့ပြီး ကာကွယ်ဆေးထိုးကြတာပါ။ တချို့ကလည်း ဆေးထိုးရမှာကြောက်တယ်။ အဲ့ဒီအတွက် တကယ်ထိုးချင်တဲ့လူတွေကိုပဲ စာရင်းပေးဖို့ ကြိုတင်အသိပေးခဲ့ပါတယ်။ အသင်းရဲ့အလုပ်အမှုဆောင်တွေနဲ့ လက်ရှိ အသင်းမှာ တက်ကြွလှုပ်ရှားနေတဲ့တောင်သူတွေ ထိုးနှံခဲ့ကြပါတယ်။ ဆေးထိုးတဲ့အတွက် ကုန်ကျစရိတ်မပေးရပါဘူး။ အခမဲ့ ထိုးခဲ့ကြတာပါ။

ဟု ဦးဇော်မင်းက ဆက်လက်ပြောသည်။

    အဆိုပါ လျှော်ဖြူတောင်သူများ၏ စုပေါင်းကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်က အကောင်အထည်ဖော်ခဲ့ပြီး၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ စုစုပေါင်း (၃၀) ဦးဝန်းကျင် ပါဝင်ထိုးနှံခဲ့ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်