လယ်သမားကြီး ဦးသာအောင် တို့ မိသားစု အိမ်လေး နဲ့ ဦးသာအောင် စိုက်ခင်း လို့ရေးထားတဲ့ ဆိုင်းဘုတ်လေးရှိပါတယ်။
ဘေးချင်းကပ်လျက် ခြံမှာကတော့ လယ်သမားကြီးဦးတာတီး တို့ မိသားစု အိမ်လေး နဲ့ ဦးတာတီး စိုက်ခင်းလို့ရေးထားတဲ့ ဆိုင်းဘုတ်လေးရှိပါတယ်။
လယ်သမာကြီးဦးသာအောင် က သဘာဝနည်း အတိုင်း အပင်တွေကို ပျိုးထောင်တယ်…..
(ဥပမာ - သဘာဝ နည်းအတိုင်း ရေလောင်းပေါင်းသင်၊ ထွန်ယက်၊ သဘာဝမြေသြဇာတွေကျွေး၊ အပင်လေးတွေကို သေသေချာချာ ဂရုစိုက်တယ်)
အဲ့ဒီ အတွက် ဦးသာအောင် စိုက်ခင်းက သစ်ပင်လေးတွေ ပျော်ရွှင်ကြတယ်.... သီးနှံလေးတွေကလည်း organic သီးနှံလေးတွေဖြစ်တာကြောင့် အရွယ်အစားအလွန်ကြီးမားမှု မရှိပေမယ့် အာဟာရအပြည့်အဝ ပါတဲ့ သီးနှံတွေအဖြစ်ရှင်သန်နေတယ်… သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းပေးရာရောက်တယ်……
လယ်သမားကြီး ဦးတာတီး ကတော့ လယ်သမားကြီး ဦးသာအောင်တို့ စိုက်ခင်းထက်သာချင်တော့ သစ်ပင်လေးတွေ ကို မြန်မြန်ကြီးထွားပြီး သဘာဝလွန်တဲ့ သီးနှံတွေ ဖြစ်အောင် ကြိုးစားတယ်….လောဘကြီးလွန်းပြီး အမြတ်များများ ရချင်တော့ ဓာတုပစ္စည်းတွေ ကို ပိုက်ဆံ အများကြီး အကုန်ကျခံပြီး ဝယ်ပြီး သီးနှံတွေကို စိုက်ပျိုးတယ်…)
(ဥပမာ - ဓာတုမြေသြဇာတွေသုံးတယ်…. ဓာတုပိုးသတ်ဆေးတွေသုံးတယ်…. သဘာဝလွန်သီးနှံတွေ ဖြစ်အောင် မျိုးစိတ်တွေ ပေါင်းစပ်ပြီးထုတ်တယ်….)
လယ်သမားကြီး ဦးသာအောင် ကတော့ သီးနှံတွေ အရမ်းကြီး ကြီးထွားလွန်နေတာမဟုတ်ပေမယ့် သူ့သီးနှံလေးတွေ ကို ပုံမှန်အတိုင်းပဲ သဘာဝနည်း အတိုင်း ဂရုစိုက်ပြီး သွားရောက်ရောင်းချဖို့ ဆွတ်ခူးနေတယ်…..
ဦးတာတီး ဆီက သီးနှံတွေ က အပြင်ပန်း ကကြည့်ရင်တော့ အရမ်းကြီး ကြီးထွားလွန်းပြီး အလျင်အမြန် နှင့် ကို တစ်ဟုန်ထိုး ကြီးထွားကြပေမယ့် နောက်ရက်တွေမှာ မမျှော်လင့်တယ့် ကံကြမ္မာတွေ ဦးတာတီး စတင်ရင်ဆိုင်ရတော့ မှာဖြစ်တယ်…..
လယ်သမားကြီး ဦးသာအောင်က ပုံမှန်အတိုင်း သီးနှံတွေကို ထုတ်ပိုးပြီးသွားရောက်ရောင်းချတယ်… အသီးအနှံကသဘာဝ အရွယ်အစားအတိုင်းပဲဖြစ်ပေမယ့် အရမ်းလတ်ဆတ်ပြီး စားသုံးသူတွေအတွက် ကျန်းမာရေးနဲ့ညီညတွ်တယ်…..
လယ်သမားကြီး ဦးတာတီး ကလည်း ရရှိလာတဲ့သီးနှံတွေကို သွားရောက်ရောင်းချတယ်…. ဦးတာတီး ရဲ့ သီးနှံတွေကို စားသုံးသူတွေအားလုံးလည်း နာမကျန်းဖြစ်ကြတယ်….
လယ်သမားကြီး ဦးတာတီးတို့ သုံးလိုက်တဲ့ ဓာတုဗေဒ ပိုးသတ်ဆေးတွေကမြေကြီးအောက်ကိုရောက်သွားပြီး သောက်သုံးနေတဲ့ ရေထဲကိုရောက်ရှိသွားတယ်….. အဲ့ဒီ ပိုးသတ်ဆေးတွေ ပါနေတဲ့ ရေကို သောက်သုံးမိကြတယ်…… သူတို့စိုက်ခင်းထဲက သီးနှံတွေ ကို လည်း သူတို့ကိုယ်တိုင်ချက်ပြုတ်စားသောက် ကြတာကြောင့် ဦးတာတီးတို့ တစ်မိသားစုလုံး မကျန်းမမာဖြစ်တော့တာပဲ….
ကျန်းမာရေးနဲ့ ညီညတွ်ပြီး သဘာဝနည်းအတိုင်း စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ လယ်သမားကြီးဦးသာအောင်ကို တစ်ရွာလုံးက ဝိုင်းဝန်းဂုဏ်ပြုကြတယ်…..
နောက်တော့ လယ်သမားကြီး ဦးတာတီး သူ့ရဲ့စိုက်ခင်းအခြေအနေကို တစ်ခေါက် ပြန်လာကြည့်တယ်…..နောက်ဆုံး သူသိလိုက်ရတာက ဓာတုပစ္စည်တွေ၊ ပိုးသတ်ဆေးတွေ သုံးလွန်းတာကြောင့် အဲ့ဒီမြေမှာ အခြားသီးနှံတွေ ထပ်မံစိုက်ပျိုးလို့ မဖြစ်နိုင်တော့ဘူး….. လယ်သမားကြီး ဦးတာတီး အလွန်နောင်တရသွားတယ်….
Download
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
UNESCO-LIFT