တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဇူလိုင်လ၊ ၂၀၁၉)

01/07/2019 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးဦးယာသီးနှံများ (နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံစသည်)

နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံ စသည့်ယာသီးနှံများကို ဇွန်လကုန်ထိ မစိုက်ပျိုးရသေးသော ဒေသများ၌ ဇူလိုင်လဆန်းတွင် အမြန်စိုက်ပျိုုးစေလိုသည်။ အပင်နှစ်ပတ်သားခန့်မှစတင်၍ ယာသီးနှံအလိုက် သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ် ထားရန်လိုသည်။ စိုက်ပျိုးဖြစ်ထွန်းနေသော သီးနှံပင်များမပျက်စီးစေရေး ဂရုစိုက်ရန် ဖြစ်ပါသည်။

မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပြန့်နှံ့ညီညာမှုမရှိဘဲ သွန်ချချင်သလိုသွန်ချ ရွာသွန်းသည့်သဘာဝမှာ ယနေ့ကာလ မုတ်သုန်မိုး၏ အလေ့အထလို့ပင်ဆိုရမည်။ သို့ဖြစ်၍ ပြောင်းလဲဖြစ်ပေါ်သည့် ရာသီဥတု၊ မိုးရွာသွန်းမှုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ခြင်းဖြင့်သာ ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နိုင်မည်ဖြစ်ပါသည်။

မိုးစပါးသီးနှံ

အထွက်ကောင်းစပါးမျိုးများကို မိုးရွာသွန်းမှုမမှန် ပျိုးထောင်ရေမရလို့ ပျိုးမထောင်ရသေးပါက ဇူလိုင်လလယ်ကို ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုသည်။

ရာသီစပါးမျိုးဖြစ်ပါက မျိုး၏သဘာဝအရ ပျိုးထောင်ချိန် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံမှန်ဖြစ်၍ ဇူလိုင်လလယ်ထက်နောက်မကျဘဲ ပျိုးထောင်မှသာ ပုံမှန်စပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

ရာသီစပါးမျိုးသည် အလင်းရောင်တုန့်ပြန်မှု (Potoperiod Sensitive) ရှိသဖြင့် ပန်းပွင့်သည့်ရက်သည် ပုံသေ (Date fixed) ဖြစ်သည်။ ခေတ်သစ်စပါးမျိုးတွေကတော့ အလင်းရောင်တုန့်ပြန်မှု မရှိချေ။ ဘယ်အချိန်စိုက်စိုက် အသက်ရက်စေ့လျှင် သီးပွင့်ရင့်မှည့်မည်ဖြစ်ပါသည်။ 

မည်သည့် စပါးမျိုးကိုပဲစိုက်စိုက် မိုးမှန်လျှင် သို့မဟုတ် ဆည်ရေရရှိလျှင် ပျိုးထောင်သင့်သည်မှာ ဇွန်လလယ်ပင်ဖြစ်သည်။ သို့မှသာ ကောက်စိုက်ချိန်၊ ကောက်ရိတ်ချိန်မှန်ကာ စပါးအထွက်မြင့်မားမည်။ ဇူလိုင်လယ်တွင် ပြောင်းရွှေ့ကောက်စိုက်နိုင်သဖြင့် သီးထပ်သီးနှံ စိုက်ပျိုးနိုင်ကာ သီးနှံထုတ်လုပ်မှု မြင့်မားနိုင်မည်။

 သို့သော် ရာသီဥတုဖေါက်ပြန်နေသော ယနေ့ကာလတွင် မိုးနည်းပါးသည့်ဒေသနှင့် မိုးသင့်တင့်သည့်ဒေသများ၌  ဇွန်လအတွင်း ပျိုးထောင်ရေမရသဖြင့် ပျိုးမထောင်နိုင်သည့်ဒေသများ တစ်နှစ်ထက်တစ်နှစ်တိုးလာနေသည်။ ထိုဒေသများအတွက် အကြံပြုလိုသည်။ (၁) ရွာသွန်းသမျှမိုးဖြင့် ပျိုးထောင်ရေရပါက ဇူလိုင်လလယ် နောက်ဆုံးထား၍ ပျိုးထောင်ပါ။ (၂) နောက်အကျဆုံး ဇူလိုင် လကုန်အပြီး ပြောင်းရွှေ့ကောက်စိုက်နိုင်ရေးကြိုးစားပါ။

မိုးရေကိုသာ အားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းသင့်သည်။ 

အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method) ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ ၎င်းမှာ ယာသီးနှံ(နှမ်း၊ ပြောင်း၊ ပဲမျိုးစုံစသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး စပါးအခြောက်မျိုးစေ့ချစိုက်ရန်ဖြစ်ပါသည်။ 

သို့သော် ဤစနစ်ဖြင့်  စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင်များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့် ရရှိထားသဖြင့်- (၁)ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန်လိုသည်။ (၂) လယ်ကန်သင်းများကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာသောမိုးရေကို စုဆောင်းသိုလှောင်ထားသင့်သည်။

အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးလိုခြင်းမရှိဘဲ နောက်ကျလျှင်ကျပါစေ ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် ဆောင်ရွက်လိုပါက ပျိုးခင်းရေရလျှင်ရချင်း ပျိုးထောင်ရန်နှင့် ပျိုးသက်ရရှိပါက စိုက်ခင်းရေရလျှင်ရခြင်း ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။

မိုးများသည့်ဒေသများတွင်မူကား ဇွန်လအတွင်းက ပျိုးထောင်ပြီးသားဖြစ်နိုင်သည်။ ဇူလိုင်လ အတွင်းတွင်လည်း စပါးသီးနှံအတွက် လိုအပ်သည့် ပုံမှန်မိုးရေချိန်ထက် ပိုမိုရွာနိုင်သည်။ သို့ဖြစ်၍ ပျိုးသက်မကြီးစေဘဲ ဇူလိုင်လယ်တွင်အပြီး ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။

စပါးကို မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာအာဟာရမချို့ယွင်းစေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် လိုပါသည်။

နွေစပါးသီးနှံ

မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် ဧပြီလဝန်းကျင်မှာမှ စပါးကိုစိုက်တော့ ဇူလိုင်မှာမှ အများစုက စပါးရိတ်ရသည်။ မြန်မြန်ဆန်ဆန် ရိတ်သိမ်းချွေလှေ့ကာ အလေအလွင့် လျော့နည်းစေရေးနှင့် မိုးစပါးနောက်မကျစေရေး ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဌာနဆိုင်ရာအစီအစဉ်ဖြင့် စပါးမျိုးသန့်အဆင့်-၂(Certified Seed)( ယခုအခေါ်အဝေါ်မှာ စီးပွားဖြစ်မျိုးသန့်) မျိုးစေ့ထုတ် စိုက်ခင်းများ၊ မိမိအစီအစဉ်ဖြင့် မျိုးသန့်မျိုးကောင်း (Good Seed) ထုတ် စိုက်ခင်းများတွင် လက်ဖြင့်ရိတ်သိမ်းပြီး သီးသန့်ချွေလှေ့စေလိုသည်။ သီးသန့်နေလှမ်းကာ မျိုးသန့်ဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်ဖြစ်ပါသည်။

ဆင်းသီဟ

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်