တောင်သူလယ်သမား ဦးကြီးများသို့ အသိပေးကြေညာချက်

14/05/2018 11:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ တောင်သူဦးကြီးများအတွက် ၂၀၁၈ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများ၌ ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်နေ့မှစတင်၍  ထုတ်ချေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လကုန်တွင် အပြီးထုတ်ချေးရန် ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ ယင်းသို့ ထုတ်ချေးရာတွင် ယခင်နှစ်များက တောင်သူသုံးဦး အစုအဖွဲ့အလိုက် (ဝိုင်းလေးချုပ်) အာမခံစနစ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) မူရင်းကို ပြသစေပြီး တိုက်ဆိုင်စစ်ဆေး၍ ထုတ်ပေးခဲ့ပါသည်။ အဆိုပါစနစ်အရ ဝိုင်းလေးချုပ်တွင်ပါဝင်သူ တောင်သူတစ်ဦးဦးက ချေးငွေပြေကျေအောင်ပေးဆပ်ရန် ပျက် ကွက်ခဲ့ပါက ကျန်နှစ်ဦးကိုလည်း ချေးငွေသစ်ထုတ်ချေးခြင်း မပြုသဖြင့် ချေးငွေပြေကျေသော တောင်သူများမှာ နစ်နာမှုမျာရှိခဲ့ပါသည်။

၃။ သို့ဖြစ်ရာ ယခု ၂၀၁၈ ခုနှစ် မိုးချေးငွေထုတ်ချေးသည့်အခါ ယခင်ကျင့်သုံးခဲ့သော တောင်သူလယ်သမားသုံးဦး အစုအဖွဲ့အချင်းချင်း အာမခံသည့်ပုံစံဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ - ၇) မူရင်းကို တိုင်ဆိုင်စိစစ်၍ ချေးငွေထုတ်ချေးသည့် ပုံစံအစား တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်းက ကိုယ် တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးမည့်ပုံစံသို့ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသည်။ 

၄။ သို့ဖြစ်ပါ၍ စိုက်ပျိုးစရိတ်ချေးငွေရယူမည့် တောင်သူဦးကြီးများအနေဖြင့် ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စိုက်ပျိုးရာသီ အချိန်မီရရှိရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် သတ်မှတ်ကာလအတွင်း ချေးငွေများလာရောက်ထုတ်ယူကြပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်