အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

06/10/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဉာဏ်စမ်းအတွက်အဖြေမှန်လေးတိုက်လိုရပါပြီရှင့် 📢

✅ အဖြေမှန်ကတော့ ကယ်လ်ဆီယမ်ဓာတ် မညီမျှလို့ပါနော်

ငရုတ်၊ ဘူး၊ ဖရုံ၊ ဖရဲ၊ သခွား၊ ခရမ်း စတဲ့သီးနှံတွေမှာ Ca ဓာတ်ရရှိမှုနည်းရင်ပဲဖြစ်ဖြစ် များရင်ဖြစ်ဖြစ်ဒီလိုမျိုးလက္ခဏာတွေပြတတ်ကြပါတယ်။ နောက်တစ်ခုကတော့ ကြီးထွားနေချိန်မှာ အစိုဓာတ်များလွန်းခြင်းနဲ့ အသီးတင်နေချိန်မှာ အစိုဓာတ်နည်းလွန်းသွားရင်လည်း ဖင်ထိပ်ပုပ်တဲ့ အသီးမျိုးသီးလာတတ်ပါတယ်။

အခုလိုမျိုး စိတ်ဝင်စားစရာ အပင်ရောဂါတွေအကြောင်းကို အစိမ်းရောင်လမ်းဆောင်းပါးများကဏ္ဍမှာ လာရောက်ဖတ်ရှုလို့ရနေပါပြီနော်

ဖြေဆိုပေးကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်