ကြယ်ပဲကို ဂျပန်နိုင်ငံမှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိကြောင်း မြန်မာနိုင်ငံ ကြယ်ပဲအသင်းမှသိရပါတယ်။
အခုနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာ့ကြယ်ပဲဝယ်ယူရန် ကမ်းလှမ်းမှုများရှိတယ်လို့ မြန်မာနိုင် ငံကြယ်ပဲအသင်းမှ ဒုတိယဥက္ကဌဦးသန်းအောင်ကပြောပါတယ်။
“ဒီနှစ်မှာ ဂျပန်နိုင်ငံကနေ မြန်မာ့ကြယ်ပဲကိုဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ဒီမှာကတင်ပို့နိုင်တဲ့ဧက လောက်ငှစွာမရှိသေးတော့ တင်ပို့လို့မရသေးဘူး။ ဒါကြောင့် တင်ပို့နိုင်ဖို့အတွက်တော့ စီစဉ်လုပ်ဆောင်နေတာတွေရှိပါတယ်”
ကြယ်ပဲကို ထိုင်းနိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပနိုင်ငံဈေးကွက်သစ်များကို လည်း တင်ပို့နိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်း သိရပါတယ်။
မြန်မာ့ကြယ်ပဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေး တိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံ ကြယ်ပဲအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more