လက်ထောက်ကွင်းဆင်းပညာရှင် နေရာလပ် လျှောက်လွှာခေါ်ယူခြင်း

04/06/2015 10:54 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Relief International မှ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန (IRRI) နှင့် ပူးပေါင်းအကောင်အထည်ဖော်နေသော "ရာသီဥတုဒဏ် ခံနိုင်ရည် ရှိသော စပါးမျိုးများအား ရာသီဥတု ပြောင်းလဲမှုအား ထိခိုက်လွယ်သော စပါးစိုက်ဒေသများတွင် စမ်းသပ်စိုက်ပျိုးခြင်း" စီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော လစ်လပ်နေရာအတွက် လျှောက်လွှာများ ခေါ်ယူလျက် ရှိပါသည်။ စီမံကိန်းနေရာများမှာ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် တည်ရှိပြီး ရခိုင်တွင် သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။ စိတ်ပါဝင်စားနေသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအကျဉ်း၊ ထောက်ခံစာ နှင့် အတူ hrmm@ri.orgaungkyaw.nyeinchan@ri.org သို့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ မတိုင်ခင် ပေးပို့ရမည် ဖြစ်ပါသည်။ သို့မဟုတ် Relief International ရုံးသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Relief International
ရန်ကုန်ရုံး
အမှတ် (၂၀၂)၊ ဦးဝိစာရလမ်း၊ အရှေ့ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း၊ ၀၉၄၂၀၀ ၅၃၉ ၈၄
စစ်တွေရုံး
အမှတ် (၃၆၂)၊ သတ္တဌာန လမ်း၊ ပြည်တော်သာ ရပ်ကွက်၊ ဗိုလ်ကြီးဖိုးသာရွာ၊ စစ်တွေမြို့။ ဖုန်း ၀၉ ၃၃၃၉၃၆၈၃

လျှောက်လွှာခေါ်စာ အသေးစိတ်ဖတ်ရန် ဒီမွာ ကလစ္ပါ။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်