ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များကို တရုတ်နိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းရှိသော်လည်း ရောင်းချမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် ထောပတ်သီးအသင်း ဥက္ကဋ္ဌဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
ထောပတ်သီး အသင်းသို့ တရားဝင် ဆက်သွယ်ခြင်း မရှိသော်လည်း ထောပတ်သီးစိုက်ပျိုး ရောင်းချသည့် အစုအဖွဲ့အွန်လိုင်း ကွန်ရက်တွင်ထောပတ်ပင်ကိုင်း ကူးကိုင်းဆက်များ ဝယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းနေသည်ဟု ဆိုသည်။
‘‘ဂရု(ပ်)တွေထဲမှာ တရုတ်ကို ပြည်တွင်းထောပတ်မျိုးတွေ ရောင်းသင့်၊ မရောင်းသင့် ဆွေးနွေးနေကြတာတွေလည်း ရှိတယ်။ မရောင်းသင့်ပါဘူး။ ကျွန်တော့်အသင်းအနေနဲ့ကတော့ ရောင်းဖို့ မရှိဘူး’’ ဟု ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။
စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံက ငါးနှစ်ခန့်ဦးဆောင်နေသော်လည်း တရုတ်နိုင်ငံက တစ်နှစ်လိုက်လံဆောင်ရွက်လျှင်ပင် မီနိုင်ကြောင်း၊ ၎င်းတို့တွင် သွင်းအားစု၊ ဈေးကွက်၊ အစိုးရ၏ ပံ့ပိုးမှုရှိသည့်အပြင် တောတောင်များအထိ လမ်းကောင်း ကာ လျှပ်စစ်ရသဖြင့် အားသာချက်များရှိကြောင်း ၎င်းက ဆို သည်။ ‘‘ကုန်သည်တွေကတော့ ဈေးကွက်ရှာနေကြတာပဲ။ နယ် စပ်ကနေတစ်ဆင့် ကုန်သည်တွေက ပြန်ရောင်းဖို့ ဝယ်နေတာလား၊ တိုက်ရိုက်ဝယ်နေတာလားတော့ သေချာမသိပါဘူး’’ဟု ထောပတ်သီးအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်ကပြောသည်။
ပြည်တွင်းထွက် ထောပတ်သီးများသည် အရည်အသွေးကောင်းမွန်သော်လည်း အရည်အသွေးနှင့် အရွယ်အစားမညီသဖြင့် ယင်းကိစ္စဖြေရှင်းရန် ကိုင်းကူးကိုင်းဆက်နည်းသင်တန်းပေးကြောင်း ဦးခွန်ထွန်းထွန်းဝင်းကပြောသည်။
ဆက်လက်ဖတ်ရှု့ရန်..............
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more