မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ ဦးဆောင်၍ ဝန်ကြီးများရုံး၌ ဝါးလက်မှုထည်ဆိုင်ခန်းဖွင့်လှစ်မည်

04/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဝါးလက်မှုထည် ဈေးကွက်သစ်များဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှဦးဆောင်၍ ဝန်ကြီးများရုံး၌ ဝါးလက်မှုထည်ဆိုင်ခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အသင်းကနေ သင်တန်းပေးနေတဲ့ သင်တန်းသားတွေရဲ့လက်ရာတွေကို ဈေးကွက်သစ်တွေ ရှာပေးချင်တာရယ်၊ ကိုယ့်မြန်မာနိုင်ငံတွင်းမှာ ကိုယ့်နိုင်ငံသားတွေ ကိုယ်တိုင်ပြုလုပ်ဖန်တီးထားတဲ့ ဝါးလက်မှုထည်လေးတွေကို လူအများမြင်တွေ့သိရှိအောင် ပြသနိုင်ဖို့ရယ် အပြင်၊ ဝါးအဆောက်အဦ တည်ဆောက်ချင်တဲ့သူဖြစ်ဖြစ် တစ်နေရာတည်းမှာ ဝါးအသင်းကို လာရောက်ဆက်သွယ်လို့ရနိုင်စေဖို့၊ နောက်ဆုံးပြောရရင် ဝါးစိုက်ပျိုးရေးကို စိတ်ပါဝင်စားလို့ ဝါးပျိုးပင်လေးလိုချင်တာဖြစ်ဖြစ် နီးစပ်ရာဒေသမှာ ရနိုင်တဲ့ အသင်းသားတွေဆီ လမ်းညွှန်ပေးနိုင်ဖို့တွေအထိကို ရည်ရွယ်ထားပါတယ်။

ဟု မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း(ဗဟို) ၏ ဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။

    အဆိုပါဆိုင်ခန်းအတွက် ကုန်ကျစရိတ် (ဆိုင်ခန်းငှားခ) များကို မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၏ ဈေးကွက်ရှာဖွေရေးကော်မတီဝင် (၄) ဦးမှ အကျိုးအမြတ်မရသေးခင် ကာလများအတွင်း ဦးဆောင်မ,တည်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲတော့ မလုပ်သေးဘူးပေါ့။ ဆိုင်အတွက် လိုအပ်တာလေးတွေတော့ စီစဉ်နေတယ်။ စက်တင်ဘာလအစကနေ စနေပြီပေါ့။ ဝါးနဲ့ ပြုလုပ်တဲ့ တစ်ရှူးပုံးလေးတွေ၊ ဝါးသော့ချိတ် စတာလေးတွေ အစုံတော့ တင်ထားပါတယ်။ အရင်တုန်းကတော့ ထုတ်ကုန်တွေကို စုစည်းပြီးတော့မှ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ ပုဂံ စတဲ့ မြို့တွေမှာ ပြပွဲတွေကျင်းပတဲ့အခါ၊ ဈေးကွက်ရှာဖွေရင်း သွားပြသခဲ့ကြတယ်။ အဲ့ဒီတုန်းက လမ်းခရီးသွားလာ ကုန်ကျစရိတ်နဲ့ဆိုတော့ အကျိုးအမြတ်မရဘဲ တော်တော်ရှုံးခဲ့ကြပါတယ်။

ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

    ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အစရှိသည့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ အသင်းသားများ၏ လက်ရာများအပြင်၊ တခြားဝါးလက်မှုထည်လက်ရာများကိုပါ ဆိုင်ခန်းတွင် ပြသနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်