ဆောင်းရာသီစာ ကောက်ညှင်းကျည်တောက်လေးလုပ်စားကြမယ်

15/11/2021 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ဆောင်းရာသီရောက်ပြီဆို မွန်ပြည်နယ်အပါအဝင် နေရာဒေသတော်တော်များများမှာ ကောက်ညှင်းကျည်တောက်တွေ ပေါပေါများများ တွေ့နေရပါပြီ။ အရသာဆိမ့်ဆိမ့် အိအိလေးနဲ့ ဝါးနံ့သင်းနေတဲ့ ကောက်ညှင်းကျည်တောက် (အုန်းပေါင်းတင်း) ကို ကိုယ်တိုင်လုပ်စားလို့ရရအောင် ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်းများမှာ-

ကောက်ညှင်း ( အဖြူ/ငချိတ် )

အုန်းသီး

ဆားအနည်းငယ်

ငှက်ပျောဖက် နှင့် 

တင်းဝါးတို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ -

၁။ ကောက်ညှင်းကို ရေဆေးပြီး ပွလာအောင် (၄) နာရီခန့် ရေစိမ်ထားပါ။

၂။ အုန်းသီးများကို ပါးပါးလေး လှီးထားပါ။

၃။ ဝါးအတွင်းထဲသို့ ရေနှင့်ဆေးပါ။

၄။ ငှက်ပျောဖက်များကို အနည်းငယ် နွမ်းသွားအောင် နေလှန်းထားပါ။ (ပေါင်းတင်းထိပ်ဝကို ဆို့ဖို့အတွက်ပါ)

အားလုံးပြီးစီးပါက-

၁။ ပါးပါးလေးလှီးထားသော အုန်းသီးများကို ကောက်ညှင်းနှင့် ရောပါ။ ဆားအနည်းငယ်ထည့်ပါ။

၂။ အုန်းသီးခွဲလို့ရလာတဲ့ အုန်းရေ ထည့်ပါ။ (အဆိမ့်ပိုကြိုက်လျှင် ရယ်ဒီမိတ်အုန်းရေ ထည့်နိုင်ပါသည် )

၃။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဝါးထဲကို ကောက်ညှင်းထည့်လို့ ရပါပြီ။

၄။ ဝါးကို နည်းနည်းစောင်းပြီး ကောက်ညှင်းများကို ဇွန်းဖြင့်ထည့်ပါ (ထည့်နေစဉ် ကောက်ညှင်း ပိုဝင်အောင်ဆိုပြီး ဝါးများကို မဆောင့်ပါနှင့်၊ အရမ်းပြွတ်သိပ်နေရင် မကျက်မှာစိုးလို့ပါ။)

၅။ ကောက်ညှင်းတစ်ဇွန်းထည့်လျှင် ရေအနည်းငယ်ထည့်ပေးပါ။ (ရေမများပါစေနှင့်။ ပျော့သွားတတ်သည်)

၆။ ကောက်ညှင်းများ ဝါးထဲထည့်ပြီး လက်တစ်လုံးအလိုလောက်ရောက်လျှင် ကောက်ညှင်းများကို ဆက်မထည့်ပါနှင့်။ ငှက်ပျောဖက်နှင့် ဝါးထိပ်ဝကို ဆို့ပါ။

၆။ ပြီးလျှင် ထင်း သို့ မီးသွေးမီးဖိုကို ဖိုထားပါ။

၇။ မီးအပူရှိန်ပေါ် မူတည်ပြီး ခန့်မှန်းချိန် နာရီဝက် သို့ ၄၅ မိနစ်ခန့်ကြာအောင် ကောက်ညှင်းဝါးကျည်တောက်ကို မီးကင်ပါ။

    မီးကင်ထားသော အုန်းပေါင်းတင်းကျက်တဲ့အခါမှာတော့ ဝါးများလည်း မီးကျွမ်းပြီး ထိပ်ဝကိုဆို့ထားသော ငှက်ပျောဖက်များလည်း တူးသွားပါက အုန်းပေါင်းတင်း ခေါ် ကောက်ညှင်းကျည်တောက် ကျက်ပါပြီ။ 

    ကျက်လျှင် ပထမထပ် မဲနေသောဝါးများကို တစ်ထပ်ခွာပစ်ပါ။ ဒုတိယထပ် ဝါးများကိုလည်း ပါးပါးလေးထပ်ခွာပစ်ပြီး ပါးပါးလေးဖြစ်သွားလျှင် ကြိုက်တဲ့ချိန် အရသာရှိရှိသုံးဆောင်လို့ရပါပြီ။ကောက်ညှင်းကျည်တောက်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းဖြင့် တွဲဖက်စားသုံးကြသလို သူ့ချည်းသက်သက်လည်း စားလေ့ရှိပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်