ငှက်ပျောသီးဘီယာပြုလုပ်ခြင်း

19/09/2018 16:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငှက်ပျောသီးဘီယာကို ငှက်ပျောသီးမှည့်များနှင့်ပြောင်းဆန်မှုန့်ရော၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ လိမ္မော်ရောင်ဘီယာ ဖြစ်ပါသည်။ ချိုပြီး အနည်းငယ်မူးစေပါသည်။ စနစ်တကျ သိုလှောင်ထားလျှင် လပေါင်းများစွာ သိုလှောင်ထားနိုင်ပါသည်။ ဘီယာပြုလုပ်ပုံ အမျိုးမျိုးရှိပါသည်။ အများအားဖြင့် ငှက်ပျောသီးနှင့် ပြောင်းမှုန့်ရော၍ စိမ်ပါသည်။ အချို့သောနေရာများတွင် လူးစေ့၊ ဓာတ်စေ့အမှုန့်များကို အသုံးပြုပါသည်။

ကုန်ကြမ်း

ကောင်းစွာ အမှည့်ညီသော ငှက်ပျောသီးများကို အခွံခွာရပါမည်။ အခွန်ခွာမရသော အသီးများ၊ အမှည့်လွန်နေသော အသီးများကို အသုံးမပြုရပါ။

ပြုလုပ်နည်းအဆင့်ဆင့်

အခွန်ခွာပြီးသော ငှက်ပျောသီးအမည့်များမှ အရည်ထုတ်ရပါမည်။ အညိုရောင် ဖြစ်နေသော အသီးများ၊ မှိုရောဂါကျနေသော အသီးများကို ဖယ်ရှားပြီး၊ အရည်ကြည်ရအောင် ပြုလုပ်ရန် အရေးကြီးပါသည်။ အရည်ကြည်ရအောင် ညှစ်ယူပြီးနောက် ငှက်ပျောသီးမှည့်အရည်အဆင့် () ဆနှင့် ရေသန့်တစ်ဆရောရပါမည်။ ထို့နောက်ပြောင်းဆန်များကို အမှုန့်ကြိတ်၍ ကျိုရပါမည်။ ငှက်ပျောရည်တစ်ဂါလံတွင် ပြောင်းမှုန့်ဂ၇မ် (၁၀၀) ထည့်ရန်ဖြစ်ပါသည်။ပြောင်းမှုန့်ကို ကျို၍ ထည့်ခြင်းဖြင့် ဘီယာ၏ အရောင်နှင့် အနံ့ကို ပို၍ ကောင်းစေပါသည်။

ပြောင်းမှုန့်ဖြင့် ရောမွှေပြီးသော ငှက်ပျောသီးမှည့်အရည်များကို ဖိုင်ဘာပုံးများတွင် ထည့်၍ အပေါ်မှ ပလပ်စတစ်ဖြင့် လေလုံအောင် စည်းထားရပါမည်။ ၁၀ နာရီမှ ၂၄ နာရီအကြာတွင် ငှက်ပျောသီး ဘီယာရမည် ဖြစ်ပါသည်။

အသုံးပြုမည့်ခွက်များ ၊ ကိရိယာများ၊ လက်များ၊ ပုံးများကို ရေဖြင့် သန့်စင်စွာ ဆေးကြောထားရပါမည်။ ငှက်ပျောသီးဖျောရည် ဂါလံ( ၁၀၀) တွင် စပျစ်ဝိုင်တွင် ထည့်သောတဆေး (yeast) ဂရမ်(၂၀၀) နှုန်းထည့်ရန် လိုအပ်ပါသည်။

၂၄ နာရီခန့်အချိန်တွင် အခန်းအပူချိန်မှာ ၁၀၀ မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်ရှိရန်လိုအပ်ပါသည်။ အပေါ်မှ ပလပ်စတစ်ဖြင့် လေလုံအောင် စည်းထားရပါမည်။

စိမ်ရေကျမကျမှာ တဆေးထည့်၍ စိမ်ထားလျှင် ငှက်ပျောသီးဖျော်ရည်သည် ဖျစ်ဖျစ်နှင့် မြည်ပြီး တဖြည်းဖြည်း ပွက်နေပါမည်။ တစ်ရက် ခန့်ရှိလျှင် ငြိမ်သွားပါမည်။ တဆေးများငြိမ်သွားပြီး အပေါ်ယံ မျက်နှာပြင်၌ အနှစ်များ မရှိတော့ဘဲ အနှစ်အားလုံး အရည်မျက်နှာပြင်အောက်ရောက်သွားလျှင် ဘီယာပြုလုပ်ခြင်းလုပ်ငန်းပြည့်စုံပါသည်။

ထို့နောက် အဝတ်ဖြင့်စစ်ယူ၍ သန့်ရှင်းသော ပုလင်းများတွင်ထည့်၍ အပိတ်လုံစွာ ပိတ်ပြီး သိုလှောင်ထားနိုင်ပါသည်။ သိုလှောင်ရာတွင် အေး၍ ခြောက်သွေ့သော နေရာတွင် သိုလှောင်ရပါမည်။

ပြုလုပ်ပုံအဆင့်ဆင့်

ကုန်ကြမ်း - ငှက်ပျောသီးမှည့်

အခွန်ခွာခြင်း- လက်ဖြင့်ခွာပါ

အနှစ်များဖယ်ထုတ်ပါ - ဆံကာစိပ် ပေါ်တွင် ခြေထားသော ငှက်ပျောသီးများ ထည့်၍ အရည်ညှစ်ချပါ။

ရေနှင့်ရောပါ - ငှက်ပျောသီးမှည့်အရည် (၂ဆ) + ရေတစ်ဆ

အမှုန့်ဖြင့်ရောပါ - အမှုန့်ထောင်းထားသော ပြောင်းမုန့်များကို ရေအနည်းငယ်ထည့်၍ အပူပေးပြီး ငှက်ပျောအရည်နှင့် ရောပါ။ တဆေးထည့်ပါ။

အချဉ်ဖောက်ပါ - နိုင်လွန်းပုံးများတွင်ထည့်ပြီး အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်စည်းထားပြီး အချဉ်ဖောက်ပါ။ (၁၀-၂၄ နာရီ)

အရည်စစ်ပါ - အဝတ်စဖြင့် စစ်ယူပါ။

သိုလှောင်ပါ - ပုလင်းသွတ်+အဖုံးလုံအောင်ပိတ်ပြီး သိုလှောင်ပါ။

Source – ပို့စ်ဟာဗက် ဆွတ်ခူးပြီးနောက်ဝယ်(အောင်စိုး(စိုက်ပျိုး/၁၀၇))

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်