ငှက်ပျော ချစ်သူများနေ့

27/08/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကမ္ဘာ့အကျော်ကြားဆုံးအသီးရဲ့ ကိုယ်ပိုင်နေ့တစ်နေ့တာကို ရောက်ရှိလို့လာပါပြီ။

    ကမ္ဘာကြီးတစ်ခုလုံးက ငှက်ပျောချစ်သူတွေအားလုံး စုပေါင်းသတ်မှတ်ထားတဲ့ ဩဂုတ်လ (၂၇) ရက် “ငှက်ပျောချစ်သူများနေ့”ကို ဂုဏ်ပြုကြိုဆိုလိုက်ကြရအောင်လား…

“ငှက်ပျောချစ်သူများနေ့ သမိုင်း”

    ငှက်ပျောသီးဟာ သမိုင်းမှာအထင်ရှားဆုံး ယဉ်ကျေးမှုဓလေ့ထုံးတမ်း သီးနှံတွေထဲက တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) လောက်ကတည်းက ငှက်ပျောမျိုးကောင်းမျိုးသန့်တွေကို တစစပြောင်းလဲစိုက်ပျိုးလာကြတာ အခုလို နေရာတိုင်းလိုလိုမှာ တွေ့ရှိနိုင်တဲ့ အထိပါပဲ။

    ပိုတက်စီယမ်ဓာတ် ကြွယ်ဝ၊ အာဟာရပြည့်ဝတဲ့ ငှက်ပျောသီးလေးတွေကို ဂုဏ်ပြုတဲ့ Banana Lovers 'Day ဟာ ငှက်ပျောသီးစားသုံးခြင်းကြောင့် ရလာမယ့် ကျန်းမာခြင်းသုခတွေကို အပြန်အလှန်ပေးအပ်ပြီး မိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအရယူတဲ့ အချိန်ကောင်းလို့လည်း ဆိုကြပါသေးတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ ငှက်ပျောချစ်သူများနေ့ကို ဘယ်လိုကျင်းပကြသလဲ?

    တစ်နေ့တာလုံးကို မနက်ခင်းအချိန်က စတင်ပြီး ညစာအထိကို ငှက်ပျောသီးရနံ့၊ ငှက်ပျောသီးနဲ့ပြုလုပ်ဖန်တီးတဲ့ အစားအစာ, ငှက်ပျောထမင်း, ငှက်ပျောပူတင်း, ငှက်ပျောဖျော်ရည်, ငှက်ပျော Smoothies, ငှက်ပျောရေခဲမုန့် စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဖန်တီးထားတဲ့ ငှက်ပျောလက်ရာတွေနဲ့ပဲ  “ငှက်ပျောချစ်သူများနေ့” ဆင်နွှဲကြတာပါ။ 

    တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီနေ့လေးကို ကျင်းပကြတဲ့ ရည်ရွယ်ချက်က တောင်သူလယ်သမားတွေရဲ့ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးပြီး၊ ငှက်ပျောသီးစားသုံးသူတွေ များပြားလာစေဖို့အတွက် တစ်နည်းတစ်ဖုံ အကျိုးဖြစ်ထွန်းလာဖို့ အတွက် ဆိုရင်လည်း မမှားနိုင်ပါဘူး။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်