၂၀၂၁ မိုးစပါးနှင့် ၂၀၂၂ နွေစပါးအတွက် အခြေခံရည်ညွှန်းစပါးဈေး ၅၄၀၀၀၀ သတ်မှတ်

06/10/2021 11:05 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ငွေကျပ် ငါးသိန်းလေးသောင်း သတ်မှတ်လိုက်ကြောင်း ဒီကနေ့ထုတ် အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။ ဒီဈေးနှုန်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အဆိုပြုတင်သွင်းထားတဲ့ ဈေးနှုန်းလည်းဖြစ်ပါတယ်။ 

    လက်ရှိစပါးဈေးကွက်မှာတော့ အစိုဓာတ် ၂၇ မှတ်ကနေ ၃၃ မှတ်လောက်ရှိနေတဲ့ တစ်တင်း ၅၅ ပေါင်ကိုက်ရယူတဲ့ ဆင်းသုခ၊ ပခန်း စတဲ့စပါးတွေကတော့ တင်းတစ်ရာကိုကျပ် ခြောက်သိန်းဈေးရှိ နေပါတယ်။  မှော်ဘီ - ၂၊ ဆင်းသွယ်လတ်၊ ပြည်တော်ရင် စတဲ့စပါးတွေကတော့ တင်းတစ်ရာကို ကျပ်ငါးသိန်းကိုးသောင်းဈေးလောက်ရှိပါတယ်။ အခြားအထွက်ကောင်းနဲ့ ဆန်မွှေးစပါးမျိုးဖြစ်တဲ့ ချမ်းမြေ့မေလိုစပါးမျိုးကတော့ အခြောက်စပါးတင်းတစ်ရာကို ကျပ်ခြောက်သိန်းခုနှစ်သောင်းလောက် ရှိနေပါတယ်။ 

ဒီနှစ်က စပါးဈေး ပြည်ပပေါက်ဈေးက အနည်းငယ်ကောင်းမွန်နေပေမယ့် ဓာတ်မြေသြဇာနဲ့ စက်သုံးဆီတို့လို စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေက ယခင်ထက် နှစ်ဆလောက် ဈေးမြင့်တက်သွားတဲ့အတွက် စပါးစိုက်ရတာ အကျိုးအမြတ်ပိုပြီးနည်းပါးတယ်

လို့ ဓနုဖြူမြို့နယ် ရေတွင်းကုန်းကျေးရွာမှ စပါး ၁၃ ဧက စိုက်တောင်သူ ဦးစိုးဝင်းကပြောပါတယ်။ 

    ကုန်ကျမှုကတော့ နှစ်သိန်းကိုးသောင်းခွဲလောက်ရှိတယ်။ အစာလည်းဈေးကြီးတယ်။ ပေါင်းသတ်ဆေးလည်းဖျန်းရတယ်။ နောက်ပိုင်းက ဒီထက်ပိုတက်လာတယ်။ စပါးဈေးမြင့်ပေမယ့် အကျိုးအမြတ်ကနည်းတယ်လို့ပြောပါတယ်။ 

    အခြေခံရည်ညွှန်းစပါးဈေးကို မည်သည့်စပါးမျိုးစိုက်သည်ဖြစ်စေ ကျပ်ငါးသိန်းလေးသောင်အောက် မရောက်စေဘဲ တောင်သူတွေ သင့်တင့်မျှတဲ့ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီဈေးနှုန်းကို ၂၀၁၈ မတ်လမှာ စတင်ထုတ်ပြန်ခဲ့ပြီး တစ်တင်း ၄၆ ပေါင်ကိုက် တင်းတစ်ရာကို ကျပ် ငါးသိန်း၊ ငါးသိန်းနှစ်သောင်းမှ ကျပ်ငါးသိန်းလေးသောင်းအထိ တိုးမြှင့် သတ်မှတ်လာခြင်းဖြစ်ပါတယ်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်