တစ်နှစ်ပါတ်လုံး မျှစ်ထွက်သည့် မျှစ်ချိုဝါး(beechy bamboo)ကို စိုက်ပျိုးသင့်

02/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တစ်နှစ်ပါတ်လုံး မျှစ်ထွက်သည့် မျှစ်ချိုဝါး(beechy bamboo)ကို စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

ဒီ ဝါးမျိုးက တစ်နှစ်ပါတ်လုံး မျှစ်ထွက်တယ်။ နောက်တစ်ချက်က အအေးရော အပူပါ ကြိုက်တဲ့နေရာမှာ စိုက်လို့ရတယ်။ အပူအအေးမှ မရွေးတော့ စီးပွါးဖြစ် တစ်မျိုးတည်း စိုက်လို့ရတာပေါ့။ လက်ရှိမှာ မျှစ်ချိုဝါးက ထွက်တဲ့မျှစ်က ပေါက်စျေး တစ်ပိဿာကို ၂၅ဝဝကျပ် ဈေးနှုန်း ရှိနေပါတယ်။

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။

မျှစ်ချိုဝါးသည် တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးနိုင်သည့်အပြင် အခြားဝါးမျိုးများထက် မျှစ်ထွက်နှုန်း ပိုမိုကြောင်း သိရသည်။

တခြား ဝါးထက် သုံးဆအထိ ထွက်နှုန်း ပိုကောင်းတယ်။ ဝါးနက်နဲ့ဆင်တူတယ်။ မျှစ်အရသာ ထူးတယ်။ ဝါးနက်မျှစ်လောက် အမွေးမရှိဘူး။ အစိမ်းရောင်မြင့်လာရင် အဝါဘက် သန်းတတ်တယ်။ biomass အတွက် အလွန်ကောင်းပါတယ်။

ဟု ဦးကျော်ဝင်း က ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် မျှစ်ချိုဝါး(beechy bamboo)ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် စသည့် ဒေသများတွင် စိုက်ပျိုးနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည် 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်