ဇနီးမောင်နှံများနှင့် ထိမ်းမြားလက်ထပ်ရန် ရည်ရွယ်ထားသောစုံတွဲများအတွက် အကောင်းဆုံး ငွေကြေးအကြံပေးချက်များ

17/03/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

ငွေကြေကဏ္ဍကောင်းမွန်ခြင်းသည် ချစ်လမ်းခရီးရေရှည်ခိုင်မာရေးအတွက် အကောင်းဆုံး အချက်တစ်ခုဖြစ်ပါတယ်။ လက်ထပ်ပြီးသားပဲဖြစ်ဖြစ် လက်မထပ်ခင်ပဲဖြစ်ဖြစ် စုံတွဲအများစုမှာ ငွေကြေးနဲ့ ပက်သက်ပြီး သဘောထား မတိုက်ဆိုင်မှုတွေကြုံရတဲ့အခါ ညှိုနှိုင်းမရတာတွေ စဖြစ်လာပါတယ်။ တခြားတဖက်မှာတော့ ကွာရှင်းပြတ်စဲခြင်းကို ဦးတည်နေပါပြီ။ လက်တွေ့မှာ ကျင်သုံးလို့ လွယ်ကူတဲ့နည်းလမ်း အနည်းငယ်က သင့်ရဲ့ ငွေကြေးကဏ္ဍနှင့် သင့်ရဲ့အိမ်ထောင် သက်တမ်းတလျှောက်ကို နှစ်ပေါင်းများစွာတည်တံ့အောင် ကူညီနိုင်ပါတယ်။

လစဥ်ကုန်ကျစရိတ်ကို မှတ်ထားပါ။
အသေးဆုံးအရာအနေနဲ့ သင်လုပ်နိုင်တာက ကိုယ့်အနေနဲ့ ပုံမှန် သုံးနေကျ သုံးစွဲမှုတွေကို မှတ်တမ်းတင်ထားခြင်းဖြင့် လတစ်လကုန်ဆုံးတိုင်း အသုံးစရိတ်ဘယ်လောက် ရှိလဲ သိနိုင်ပါတယ်။ ယေဘုယျအားဖြင့် သင့်အနေနဲ့ အောက်ပါ အချက်တွေက ဘယ်နေရာတွေမှာ သုံးစွဲမှုများနေလဲ စဥ်းစားလို့ရပါတယ်။ ဥပမာ - ရေဖိုး ၊ မီးဖိုး ၊ အခွန်အခ စတဲ့ အထွေထွေ ကုန်ကျစရိတ်များ။ ငှားရမ်းခြင်း နှင့် အိမ်ကားအရစ်ကျ ပြန်ဆပ်ထားခြင်း။ ဖုန်းနှင့် အင်တာနက် ဖိုးများ။ စားသောက်ကုန်ပစ္စည်းများ။ - တစ်ခုဆီအတွက်ကို ဘယ်အတိုင်းအတာအထိ လစဉ်သုံးလဲဆိုတာမျိူး။ အဓိက ရည်ရွယ်ချက်ကတော့ အိမ်သုံးစရိတ်က ဘယ်နေရာမှာ သုံးနေလဲဆိုတာကို သိပြီး အသုံးစရိတ်ပို ကျစ်လစ်လာဖို့ပါ။ နောက်ပြီး ဒါက အပိုဝင်ငွေအနေနဲ့ရော သင့်ရဲ့ ဘဏ်အကောင့်မှာ ဘယ်လောက်ကျန်မလဲဆိုတာ သိနိုင်ပါတယ်။ သင့် အချိန်အများစုကို အလုပ်မှာ အပ်ထားတာ ကောင်းပေမယ့် အနည်းဆုံးတော့ သင့်အနေနဲ့ ရုပ်ရှင်ကြည့်ဖို့၊ ရှိုးပွဲသွားဖို့၊ ဘောလုံးပွဲနဲ့ အခြားသော လူနေမှု ဘဝကို ပုံပေါ်စေဖို့ အတွက်လည်း ငွေကြေးရှိသင့်ပါတယ်။ ဒီအချက်တွေက ဆက်ဆံရေးကို ပိုမိုတည်တံ့ခိုင်မြဲစေတဲ့ အရာတွေဖြစ်ပါတယ်။

အရေးပေါ်သုံးငွေ စုဆောင်းပါ။
မိုးမှောင်ကျတဲ့ ရက်တွေအတွက် အိမ်သုံးစရိတ် အတွက် ငွေစုဆောင်းထားခြင်းက အကောင်းဆုံး နည်းလမ်းပါ။ လက်တွဲဖော်နှစ်ယောက်ဟာ ကိုယ်ရတဲ့ ဝင်ငွေရဲ့ တစိတ်တပိုင်းကို စုဆောင်းခြင်းဖြင့် ငွေကြေးပြဿနာ အန္တရာယ်ကနေ ကာကွယ်မယ်ဆို အနာဂတ်မှာ အရေးပေါ်လိုအပ်ချက်တွေ အတွက် စိုးရိမ်ပူပန်စရာလျော့နည်းမှာ အမှန်ဘဲဖြစ်ပါတယ်။ ကံဆိုး မိုးမှောင်ကျမယ့် ရက်တွေအတွက် စုဆောင်းငွေဟာ တနည်းအားဖြင့် သိသိသာသာ စိတ်ပိုင်းဆိုင်ရာအားသာချက် ကိုပါ ရရှိနိုင်ပါတယ်။ အဲ့စုဆောင်းငွေတွေက ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဘဝကို အပူအပင်မရှိဘဲ နေထိုင်သွားနိုင်အောင်၊ ဖြစ်လာမယ့် ပြဿနာတွေကို ချက်ချင်းဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ အရေးပေါ်ရန်ပုံငွေရဲ့ လစ်ဟာမှုဟာ ဇနီးမောင်နှံတွေကို ရွေးချယ်စရာမရှိတဲ့ လမ်းကိုဘဲ ပို့လေ့ရှိပါတယ်။

စုပြီးပိုငွေတွေကို ဘယ်လိုသုံးမလဲဘာမျိုးတွေနဲ့ ဇိမ်ခံချင်တာတွေအတွက်လည်း ဆွေးနွေးတိုင်ပင်ပါ။
တစ်ဦးနဲ့တစ်ဦးချစ်သော်လည်းပဲ ဘဝစရိုက် အကြိုက် အားလုံးမတူနိုင်ပါဘူး။ ငွေစုထားရင် ဘာအတွက်သုံးမလဲ ငွေပိုထွက်လာရင် ဘာဝယ်မလဲဆိုတာ ကိုက်ညီဖို့ အမြဲမဖြစ်နိုင်ပါဘူး။ နောက်ဆုံးပေါ်တဲ့ electronics တွေကြိုက်တာလား။ Designer အိတ်တွေ ဖိနပ်တွေ နာရီတွေ အမြဲဝတ်ချင်တာလား။ ကားခဏခဏလဲပြီး အသစ်စီးမှာလား။ ကန့်သတ်ချက်ပမာဏတစ်ခုထားပြီး တိုင်ပင်ပြီးမှ ဝယ်ယူသုံးစွဲပါ။ ဒါမှလည်း ဘယ်လောက်ငွေရှာဖို့ ဘယ်လောက်စုဖို့ အဖြေသေချာထွက်လာနိုင်မှာပါ။

မိသားစုအတွက် ရေရှည်စဥ်းစားပါ။
သင့်မှာ သားသမီးတွေလိုချင်တယ် ရချင်တယ်ရှိတယ်ဆိုရင် သူတို့လေးတွေအတွက် အခွင့်အရေးတိုင်း အောင်မြင်ဖို့ သေချာအောင်လုပ်ပေးချင်တယ်ဆို သင့်အနေနဲ့ သူတို့ တက္ကသိုလ်တတ်ဖို့အတွက် ဘဏ်မှာ ငွေကြေးစုဆောင်းခြင်း စတင်ဖို့လိုပါပြီ။ ယုံကြည်မှုသည် ငွေကို လုံခြုံစွာသိမ်းဆည်းရန် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဒါမှသာ ကလေးတွေ တရားဝင်လူကြီးများဖြစ်လာသည်အထိ ဒီပိုက်ဆံတွေကို မသုံးမိမှာဖြစ်ပါတယ်။ ဒီလို အခွင့်အရေးကို သင့်အနေနဲ့ ဖြစ်နိုင်တဲ့ အရေးပေါ်ကိစ္စတိုင်း အတွက် ကြိုတင်စီစဥ်ထားသင့်ပါတယ်။ ကိစ္စအများစုမှာ ဇနီး မောင်နှံတွေက အသက်အာမခံခြင်းကို စိတ်ဝင်စားကျပါတယ်။ အိမ်ထောင်ဖက် တစ်ယောက် သေဆုံးတာနဲ့ ကျန်ရစ်သူတစ်ယောက် အတွက် အသက်အာမခံကြေး ရနိုင်လို့ပါ။ အသက်အာမခံခြင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေက ဆွေးနွေးရတာတော့ မလွယ်ပါဘူး။ ယေဘုယျအားဖြင့်တော့ လုပ်ဖို့ လိုအပ်တဲ့ ထဲက ကိစ္စတစ်ခုလို့သာ မှတ်ယူကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရင်နှီးမြှပ်နှံမှုပုံစံ နှင့် အန္တရာယ်ရှောင်ရှားပုံကို လေ့လာပါ။
မိမိရဲ့ငွေရေးကြေးရေး အခြေအနေကို ထုတ်ဖော်ပါ။ ဆိုလိုချင်တာက ပိုင်ဆိုင်မှု နှင့် တာဝန်ယူမှု တစ်ယောက်ခြင်းစီမှာ ဘယ်လောက်ရှိလဲပေါ့။ အိမ်ထောင်ဖက်နဲ့ မိမိရဲ့ ငွေကြေးချမ်းသာမှု တိုးတတ်ကြီးပွားလာဖို့ ရင်းနှီးမြုပ်နှံခြင်းနှင့် ငွေစုဆောင်းခြင်း ကို ဆွေးနွေးတိုင်ပင်ပါ။ သမာရိုးကျ ဘဏ်အကောင့်မှာ ငွေအပ်ခြင်းက ရလာမယ့် အတိုးနှုန်းကို တွက်ချက်နေတာထက် ကိုယ်ရဲ့ ငွေကြေးချမ်းသာမှုကို တိုးတတ်လာနိုင်မယ့် အရာကို စဥ်းစားပါ။ တစ်ဦးချင်းစတော့ရှယ်ယာ ငွေစုငွေချေးစာချုပ်များ အိမ်ခြံမြေအကျိုးဆောင် ရွှေ၊ ဒေါ်လာ၊ ငွေကြေး စတဲ့ အချက်များ ပါဝင်ပါသည်။

အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ရဲ့ ရင်းနှီးမြုပ်နှံမှု တိုးတတ်လာဖို့ပါ။ အစပိုင်း အထွက်နှုန်းနည်းတောင် တည်ငြိမ်ဖို့ လိုပါတယ်။ ဇနီးမောင်နှံတွေ အနေနဲ့ တစ်ယောက်ခြင်းစီရဲ့ အဆင်ပြေနိုင်မယ့် အန္တရာယ် ဇုန်က ဘယ်လောက်လဲဆိုတာ တိုင်းတာထားဖို့ လိုပါတယ်။ နောက်ပြီးရလာတဲ့ ပိုက်ဆံတွေကိုလည်း ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာ ဆုံးဖြတ်ပါ။ အမြော်အမြင်ရှိရှိ ရင်းနှီးမြှုပ်နှံကြသော စုံတွဲများဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ ဘဝ အနားယူခြင်း အလားအလာနှင့် ပတ်သက်၍ ပိုမိုခိုင်မာကြပါတယ်။ ဒါဟာ အနာဂတ်မှာ အောင်မြင်တဲ့ အိမ်ထောင်ရေးကို ဦးတည်တာဖြစ်ပါတယ်။

တန်ဖိုးနည်းသော ထွက်ပေါက်များကို စဉ်းစားပါ။
ပုံမှန်ထက်ပိုပြီး ငွေကြေးက ကျပ်တည်းနေပြီဆို ပိုက်ဆံအများကြီး မကုန်ကျနိုင်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို စဥ်းစားကြည့်ပါ။ သင့်နေအိမ် အနီးအနားမှာ စက်ဘီးစီးခြင်း။ ဥပမာ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ဘဘာဝပတ်ဝန်းကျင် အလှကို ခံစားနိုင်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ မိသားစုလိုက် သမိုင်းဝင်ပြတိုက်တွေကို လည်ပတ်ခြင်းက ဝင်ကြေး အနည်းငယ်သာ ကုန်ကျပါတယ်။ တန်းနစ် ၊ ဂေါက်ရိုက်ခြင်း စတဲ့ ကစားနည်းတွေကလည်း မိသားစုလိုက်ဆော့ရင် ပျော်စရာကောင်းတဲ့ ဂိမ်းတွေဘဲ ဖြစ်ပါတယ်။ ဈေးသိပ်မကြီးတဲ့ ကြတ်တောင်ရိုက် ဘတ်တံဝယ်ယူခြင်းဖြင့် လူကြီးရော ကလေးပါ ပျော်ရွှင်မှု ရရှိနိုင်ပါတယ်။ သင့်မှာ မွေးနေ့ ၊ ပါတီ စတာတွေ အတွက် ကလေးတွေကို လက်ဆောင်ပေးတတ်တဲ့ အကျင့်ရှိမယ်ဆို ဈေးကြီးတဲ့ အရာတွေ ဝယ်ပေးဖို့နဲ့ ဈေးကြီးပေးရတဲ့ နေရာတွေမှာ ငှားရမ်းပြီး ပွဲလုပ်ဖို့ မလိုအပ်ပါဘူး။ ရိုးရှင်းတဲ့ ကစားနည်းတွေ၊ အရုပ်တွေနဲ့ အတွင်း အပြင် အပြင်အဆင်လုပ်ရုံနှင့် ရနိုင်ပါတယ်။

သီးသန့် အကောင့်နှင့် စပ်တူစု အကောင့်ဖွင့်ထားပါ။
ပိုက်ဆံ စုဆောင်းခြင်းဟာ အောင်မြင်ဖို့အတွက် လမ်းစဖြစ်ပါတယ်။ သီးခြားအကောင့်တစ်ခုနှင့် ပူးတွဲစာရင်းအကောင့်ဖွင့်ထားခြင်းသည် ငွေကြေးပြဿနာ အနည်းငယ်ကို ကျော်လွှားရန် အမှန်တကယ် အထောက်အကူ ပြုနိုင်ပါတယ်။ အကယ်၍ နှစ်ယောက်စလုံးအလုပ်လုပ်နေပါက အကျိုးအမြတ်ရရှိတဲ့အခါမှာ သီးခြားစစ်ဆေးခြင်း အကောင့်များထားရှိခြင်းသည် ကိုယ့်ဆန္ဒအတိုင်း အရှိတိုင်း ဈေးဝယ်ခြင်းနှင့် အပန်းဖြေခြင်းအတွက် သင့်ကိုယ်ပိုင်ငွေအနည်းငယ်ကို အသုံးပြုချင်သည့်အခါ အရံသင့် အသုံးပြုနိုင်ပါသည်။

Source: Mother Finance

 ( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်