ရန်ကန်၊ သီရိမင်္ဂလာစျေး စျေးကွက်သို့ တင်ပို့ရောင်းချနေသည့် ကွမ်းရွက်စျေးနှုန်းများ အတက်ဘက်သို့ ဦးတည်မှုမရှိသေးကြောင်း တောင်သူများထံမှ သိရသည်။
ကွမ်းဈေးကတော့ လုံးဝကို မတက်သေးပါဘူး။ ကွမ်းခြံ သစ်ပင်ပျိုအချောမှ တစ်ပိဿာကို ၃၅၀၀ ကျပ်လောက်ပဲ စျေးရှိတယ်။ ကွမ်းခြံဟောင်း ငြမ်းတိုက်ကွမ်းဆို တစ်ပိဿာကို ၂၅၀၀/၂၀၀၀ ကျပ်လောက်ပဲ ရနေပါသေးတယ်။
ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ကွမ်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။
ပြည်တွင်း၌ ကွမ်းစားသုံးမှု လျော့နည်းလာခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်မှု အားနည်းနေခြင်းကြောင့် ကွမ်းစျေးမတက်ခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။
လိုင်းကားတွေဖွင့်လို့ ဆိုင်တွေပြန်ဖွင့်ရင်တော့ တက်နိုင်မယ်ထင်တယ်။ စားသုံးမှုကတော့ မနည်းသွားပါဘူး။ ကန့်သတ်နယ်မြေတွေနဲ့ အသွားအလာသိပ်မရှိလို့ စျေးသိပ်မတက်တာလို့ ထင်တယ်။ ကျွန်တော်တို့ ညောင်တုန်းက ကွမ်းတွေကို အဓိကက ရန်ကုန်၊ သီရိမင်္ဂလာစျေး ဈေးကွက်ကို တင်ပို့နေတာပေါ့။ ဒေသတွင်းဈေးကွက်မရှိဘူး။ ကွမ်းယာဆိုင်တွေလောက်ပဲ အနည်းအကျဉ်း ရှိတာ။ ကွမ်းဝယ်သူထက် ကွမ်းစိုက်တဲ့ခြံတွေက ပိုများတယ်လေ။ ရန်ကုန်ဈေးကွက်ကို အားကိုးပြီး စိုက်နေရတာပါ။
ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator