ကွမ်းအထွက်နှုန်းနည်းသည့် ရာသီချိန်ဖြစ်သဖြင့် ကွမ်းဈေးများဆက်တိုက်မြင့်တက်နေ

19/08/2021 17:15 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ကွမ်းအထွက်နှုန်းနည်းသည့်ရာသီချိန်ဖြစ်သဖြင့် ကွမ်းဈေးများဆက်တိုက်မြင့်တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး ကွမ်းရွက်ဈေးကွက်မှ သိရသည်။

"ကွမ်းဈေး တော်တော် ပြန်တက်လာပြီ။ ဘာဖြစ်လို့ဈေးတက်တာလဲဆိုတော့ ကွမ်းစိုက်တဲ့တောင်သူက ဒီအချိန်မှာတော်တော်နည်းသွားပြီ။ ရန်ကုန်၊ သီရိမင်္ဂလာဈေးကို ဧရာဝတီတိုင်းကနေ တင်ပို့တဲ့ ကွမ်းရွက်ကားတွေ အဝင်နည်းသွားပြီ။ အဲ့ဒီတော့ ရောင်းလိုအားက နည်းပြီးတော့၊ ဝယ်လိုအားက တအားများနေတော့ ဈေးတက်လာတဲ့သဘောပေါ့။ ဒါတောင် ကိုဗစ်ကာလ လူတွေအပြင်သိပ်မထွက်တော့ ကွမ်းယာဆိုင်အသေးတွေမှာ အရောင်းအဝယ် နည်းနည်းကျနေတဲ့ကာလမို့။ အရင်လို ပုံမှန်ကာလမျိုးမှာသာ အခုလိုကွမ်းရှားတာနဲ့ကြုံတယ်ဆို ဒီထက်မကကို ဈေးကောင်းရနိုင်တယ်။"

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းလွင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကုန်းတွင်းပိုင်းဒေသ (လယ်၊ ခြံ၊ ရေမမြှုပ်သည့်နေရာ) များ၌ စိုက်ပျိုးသည့် ကွမ်းခြံများမှာ ဩဂုတ်လနောက်ဆုံးပတ်တွင်  ကွမ်းပြန်လည်စိုက်ပျိုးလေ့ရှိသည်။

"ဒီရာသီက စကောစက အချိန်လေ။ ကုန်းကွမ်းတွေကလည်း ဒီလထဲမှာမှ ပြန်စစိုက်ကြမယ့်အချိန် ဖြစ်နေသလို၊ ရေမြှုပ်တဲ့ဒေသတွေက ကွမ်းတွေကျတော့လည်း ကွမ်းခူးရက် ရာသီချိန်ကုန်သွားပြီ။ ဒါ့ကြောင့် ကွမ်းအထွက်နှုန်းနည်းသွားတာ။ ဧရာဝတီတိုင်းထဲမှာကို ကွမ်းက နှစ်မျိုးရှိတယ်။ ကုန်းကွမ်းဆိုတာကတော့ ခြံတွေထဲစိုက်တာမို့ ၁၂ ရာသီ ရေမမြှုပ်ဘူး။ ရေမြှုပ်တဲ့ဒေသမှာ စိုက်တဲ့ကွမ်းတွေကျတော့ မြစ်ရေကျချိန်မှ စိုက်လို့ရတယ်။ ရေတက်ချိန်ဆို စိုက်တာရပ်ထားရတယ်။ ပြီးခဲ့တဲ့လကလည်း မိုးများတာကြောင့် ကွမ်းအထွက်နှုန်း ထင်သလောက် မကောင်းဘူး။"

ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။

ကွမ်းစိမ်း ပယ်ကြီး/ဆိုဒ်လွန် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်၊ ဆိုဒ်လတ် တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ဝန်းကျင်၊ ဆိုဒ်ပြည့်/ယာကွမ်း တစ်ပိဿာလျှင် ၁၁၀၀၀/၁၂၀၀၀ ကျပ် ဝန်းကျင်ဈေးနှုန်းများဖြင့် လက်ကားရောင်းဝယ်ဖောက်ကားနေကြောင်း သီရိမင်္ဂလာဈေးရှိ ကွမ်းဒိုင်များမှ သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်