မတ်ပဲတင်သွင်းခွင့်ကာလ သက်တမ်းတိုးမြှင့်မည့်သတင်း ပေါ်ထွက်နေသော်လည်း ပြည်တွင်းမတ်ပဲဈေး ထင်သလောက်တက်မလာသေး

02/10/2020 20:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ မတ်ပဲတင်သွင်းနေသည့် တင်သွင်းခွင့်ကာလအပိုင်းအခြားကို ၂၀၂၁ နှစ် မတ်လအကုန်အထိ သက်တမ်းတိုးမြှင့်ပေးမည်ဟု သတင်းပေါ်ထွက်နေသော်လည်း ပြည်တွင်းမတ်ပဲဈေးနှုန်းမှာမူ ထင်သလောက်တက်မလာသေးကြောင်း ဧရာဝတီတိုင်းရှိ မတ်ပဲစိုက်ပျိုးထုတ်လုပ်သူများက ဆိုသည်။

မတ်ပဲဈေးကတော့ အခုထိ တအားကြီးတော့မတက်လာသေးပါဘူး။ ဒီတစ်ပတ်ထဲ နည်းနည်းလေးတောင် ဈေးပြန်ကျသွားတယ်။ ပိဿာနှစ်ဆယ်ပါတစ်အိတ်ကို သုံးသောင်းလောက်ပဲ ဈေးရနေတယ်။ ရှေ့တစ်ပတ်ကတောင် သုံးသောင်းကျော်အထိ တက်ခဲ့သေးတယ်။

ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက်ကော့ကျေးရွာမှ မတ်ပဲစိုက်တောင်သူ ကိုဝေလင်းက ပြောသည်။

    မြန်မာနိုင်ငံရှိ မတ်ပဲသီးနှံကို အဓိကတင်ပို့ရောင်းချနေသည့် အိန္ဒိယနိုင်ငံတွင် မတ်ပဲစတင်ရိတ်သိမ်းသည့်ကာလ ဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ မတ်ပဲလိုအပ်ချက် မြင့်မားနေဆဲဖြစ်သဖြင့် မြန်မာ့မတ်ပဲဈေးနှုန်းများ ရေရှည်ဆက်တက်လာနိုင်ကြောင်း မတ်ပဲကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဆီက မတ်ပဲဝယ်လိုအားရှိနေသေးတယ်လို့တော့ သတင်းတွေကြားနေပါတယ်။ ကျွန်တော်တို့တောင်သူတွေဆီတော့ လတ်တလောအကျိုးသက်ရောက်မှုတွေ ရှိမလာသေးပါဘူး။ နောက်ပိုင်းမှာ မတ်ပဲဈေးကွက်က အခုထက်ပိုကောင်းလာလိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်။

ဟု ကိုဝေလင်းက ဆက်လက်ပြောသည်။

    ဧရာဝတီတိုင်းဒေသကြီးရှိ မတ်ပဲဈေးနှုန်းများမှာ စက်တင်ဘာ (၂၄) ရက်နေ့က မတ်ပဲတစ်တင်းလျှင် ကျပ် ၃၅,၅၀၀ မှ ၃၆,၀၀၀ ကြား၊ စက်တင်ဘာလ (၂၅) ရက်နေ့က ကျပ် ၃၆,၀၀၀၊ စက်တင်ဘာလ (၂၆) ရက်နေ့က ကျပ် ၃၅,၄၀၀၊ စက်တင်ဘာလ (၂၇) ရက်နေ့က ၃၆,၁၀၀ မှ ၃၆,၂၀၀ ၊ စက်တင်ဘာလ (၂၈) ရက်နေ့က ကျပ် ၃၅,၈၀၀၊ စက်တင်ဘာလ (၂၉) ရက်နေ့က ကျပ် ၃၆,၀၀၀၊ စက်တင်ဘာလ (၃၀) ရက်နေ့က ကျပ် ၃၅,၆၀၀ ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာန၏ အချက်အလက်များအရ သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်