အနက်ရောင်နှင်းဆီ သို့မဟုတ် နှင်းဆီနက်

03/11/2020 19:30 PM တွင် Si Thu Hein Si Thu Hein မှ ရေးသား

အနက်ရောင် နှင်းဆီ တကယ်ရှိသလား ?

      - အနက်ရောင်နှင်းဆီဟာ ကမ္ဘာပေါ်မှာတကယ်ရှိပါတယ်။ ဒါပေမယ့် အလွန်ရှားပါးပြီး ဈေးကြီးလှပါတယ်။ ထူးခြားခြင်း၊ လှပခြင်းတို့ကြောင့်လည်း ကျော်ကြားပါတယ်။ 

အနက်ရောင်နှင်းဆီကို ဘယ်ဒေသမှာ စိုက်ပျိုးသလဲ ? 

      - အနက်ရောင်နှင်းဆီကိုတော့ နေရာတိုင်းမှာ စိုက်ပျိုးလို့မရနိုင်ပါဘူး။ ကမ္ဘာပေါ်ရဲ့ နေရာတစ်ခုတည်းမှာပဲ စိုက်ပျိုးနိုင်ပါတယ်။ အဲ့နေရာကတော့ တူရကီနိုင်ငံ Helfeti ဒေသဖြစ်ပါတယ်။   Halfeti ဟာ သေးငယ်ကျဥ်းမြောင်းသော ဒေသတစ်ခု ဖြစ်ပါတယ်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းအရပ်မှာ တည်ရှိပါတယ်။ နွေရာသီလတွေမှာတော့ အနက်ရောင်နှင်းဆီပန်းများကို တွေ့မြင်နိုင်ပါတယ်။ Halfeti ဒေသ မှာပဲ စိုက်ပျိုးနိုင်တာကြောင့် အနက်ရောင်နှင်းဆီပန်းများကို  Halfeti black roses လို့ အမည်ပေးထားပါတယ်။ 

နှင်းဆီအရောင်ဟာ ဘာကြောင့်ထူးခြားပြီး အနက်ရောင် ဖြစ်နေရသလဲ?

       - နှင်းဆီအရောင် အနက် ဖြစ်နေရခြင်းတဲ့ အဓိက အကြောင်းအရင်းကတော့ Halfeti ဒေသရဲ့ ရေမြေသဘာဝကြောင့်ပါ။ ရေတွင်ပျော်ဝင်နိုင်သော ရောင်ခြယ်ပစ္စည်း  အင်သိုဆိုင်ယမ်နင် (anthocyanins)ပါဝင်မှုများ​ခြင်းနှင့် ၎င်းဒေသ မြေရဲ့ pHကြောင့်ပါတဲ့ခင်ဗျာ။

        ဒါကြောင့် အခြားဒေသတွေမှာ မျိုးယူ စိုက်ပျိုးရင်တောင် သာမန်နှင်းဆီ အဖြစ်သာ ရ ရှိမှာဖြစ်ပြီး အနက်ရောင် နှင်းဆီ မရ ရှိနိုင်ပါဘူး။

အနက်ရောင် နှင်းဆီရဲ့ အဓိပ္ပါယ် 

       - နှင်းဆီပန်းတွေ မှာ အရောင် အပေါ် မူတည်ပြီး အဓိပ္ပါယ်တစ််မျိုးစီရှိကြပါတယ်။

        အနက်ရောင်နှင်းဆီရဲ့ အဓိပ္ပါယ်ကတော့ အဖြူရောင်ရဲ့ ဆန့်ကျင်ဘက်ပါ။ အဓိပ္ပါယ်က ခွဲခွာခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ကလဲ့စားချေခြင်း၊ အဆုံးသတ်ခြင်း၊ သေဆုံးခြင်းကို ဖော်ဆောင်ပါတယ်။ ထို့အပြင် positiveအနေဖြင့် လည်း အသစ်တစ်ဖန်မွေးဖွားလာခြင်း၊ တစ်စုံတစ်ခုကို ပြန်လည်အစပြုခြင်းလို့ အဓိပ္ပါယ်ရပါတယ်တဲ့ ခင်ဗျာ။ 

Source:

https://mygardenguide.com/plants/halfeti-black-roses/

https://www.flowerglossary.com/the-meaning-of-black-roses/


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်