နှမ်းနက်စမုံ မျိုးတစ်တင်းလျှင် ကြိုက်ရောင်း ကြိုက်ဝယ် ငွေကျပ် (၁၀၀,၀၀၀) ပေါက်ဈေးရှိနေ

25/08/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဆောင်းနှမ်းစိုက်ပျိုးရန် နှမ်းမျိုး စတင်ကြဲပက်ရမည့်ကာလဖြစ်သဖြင့် နှမ်းနက်စမုံ မျိုး(၁၆) ပြည် တစ်တင်းလျှင် ကြိုက်ရောင်း ကြိုက်ဝယ် ငွေကျပ် (၁၀၀,၀၀၀) ပေါက်ဈေးရှိနေကြောင်း သိရသည်။

ဆောင်းနှမ်းက ဒီလထဲမှာ စကြဲတော့မှာပါ။ ထယ်ရေးက ခင်းပြီးကုန်ပြီ။ မြေကလည်း ထွန်ပြီးကုန်ပြီလေ။ အခု မိုးရွာနေတော့ မိုးစဲတာ ခဏစောင့်ပြီး ကြဲကြတော့မှာ။ စစ်ကိုင်း၊ မကွေးဘက်မှာတော့ တခြားနှမ်း မစိုက်ကြဘူး။ နှမ်းနက် စမုံပဲ စိုက်ကြတော့တာများတယ်လေ။ လတ်တလောမှာ မျိုးအဖြစ် ကြဲပက်ရမယ့် နှမ်းနက်စမုံကတော့ ကြိုက်ရောင်းကြိုက်ဝယ်ပါပဲ။ မျိုးတစ်တင်းကို တစ်သိန်းလောက်ကို ပေါက်ဈေး ရှိနေတယ်။ (၇၅) ရက် သက်တမ်းရှိတဲ့ နှမ်းနက်စမုံ မျိုးကောင်းမျိုးသန့်ပေါ့။

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးဟန်ထွန်းက ပြောသည်။ 

    နှမ်းတစ်ဧကစိုက်ပျိုးလျှင် မျိုးနှမ်း (၃) ပြည်နှုန်းဖြင့် ကြဲပက်ရပြီး ထယ်ရေးပြင်ခ၊ မျိုးဖိုး၊ ဆေးဖိုး၊ ပေါင်းမြက်ရှင်းခ စသည့် စိုက်ပျိုးစရိတ်စုစုပေါင်း ကျပ် (၃၀၀,၀၀၀) ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

ဒီနှစ်ကတော့ မျိုးနှမ်းဈေးက အရင်နှစ်ကထက်ကို ပိုတက်လောက်မယ်လို့ထင်တယ်။ ဘာလို့ဆိုတော့ နွေနှမ်းနဲ့ မိုးနှမ်းတုန်းက နှမ်းမရခဲ့ကြတော့ မျိုးချန်ဖို့လည်း နည်းခဲ့လို့လေ။ နွေနှမ်းစိုက်ချိန်တုန်းက သဖန်းဆိပ်ဆည်မှာ ရေမရှိတာကြောင့် ဆည်ရေသောက်ဒေသတွေမှာ ရေပြတ်လပ်တာ ရေမပေးနိုင်တာမျိုးတွေ ကြုံခဲ့တယ်။ ရေတွင်းကရေနဲ့စိုက်သူတွေကျတော့လည်း ထင်သလောက်မဖြစ်ထွန်းတာမျိုးတွေ ရှိခဲ့တယ်။ ဒီကြားထဲ နှမ်းရွက်တွေ တွန့်လိပ်ပြီး ရေဂါကျရောက်ခဲ့တာတွေကြောင့် ထွက်နှုန်းမကောင်းခဲ့ဘူး။ ပြီးခဲ့တဲ့ မိုးနှမ်းမှာလည်း အခင်းတွေပျက်တာ၊ အပင်တွေယိုင်တာတွေကြုံခဲ့လို့ နှမ်းသိပ်မရခဲ့ကြဘူး။ ဒါ့ကြောင့် အခု ဆောင်းနှမ်းစိုက်ဖို့အတွက် မျိုးမချန်ထားနိုင်ကြတာများပါတယ်။ မျိုးဈေးကသာ တစ်တင်းကို တစ်သိန်းပေးဝယ်ရမှာပါ။ ကိုယ့်နှမ်းထွက်လာလို့ ပြန်ရောင်းတဲ့အခါကျတော့ တစ်တင်းကို လေးသောင်း၊ ငါးသောင်း၊ အလွန်ဆုံးမှ ခုနှစ်သောင်းပဲ ပြန်ရတယ်။

ဟု နှမ်းစိုက်တောင်သူ ဦးဟန်ထွန်းက ဆက်လက်ပြောသည်။ 

    မြန်မာနိုင်ငံတွင် နှမ်းနက် (စမုံ) ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး၊ နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးထုတ်လုပ်ကြကာ ဆောင်းနှမ်းကို ဩဂုတ်လ၌စိုက်ပျိုးပြီး အောက်တိုဘာလနှင့် စက်တင်ဘာလတို့တွင် ရိတ်သိမ်းကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်