မတ်ပဲစိုက်တောင်သူများသို့ အကြံပြုကြေညာချက်

09/11/2017 09:49 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲနှင့် ပဲစဉ်းငုံစိုက် တောင်သူများအနေဖြင့် အထူးအလေးထားချင့်ချိန်နိုင်ရန်မှာ ပြီးခဲ့သည့်နှစ် အိန္ဒိယနိုင်ငံတွင် လွန်စွာအောင်မြင်သည့် စိုက်ပျိုးထွက်ရှိမှုကြောင့် စံချိန်တင်ပိုလျှံသည့် အနေအထားသို့ ရောက်ရှိကာ အိန္ဒိယ တောင်သူများ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် အစိုးရမှ တင်သွင်းခွင့်အား ၃၁.၃.၂၀၁၈ နေ့အထိ ကန့်သတ် ခဲ့ခြင်း၊ ၃၁.၃.၂၀၁၈ မတိုင်မီ ကန့်သတ်ချက်ပြန်လည်ရုတ်သိမ်းရန် ခက်ခဲနိုင်မည့်အပြင် ၎င်းနေ့ကျော်လွန်ပါက အိန္ဒိယနိုင်ငံအစိုးရတာဝန်ရှိသူများ၏လက်ရှိမူဝါဒဖြစ်သော နှစ်ရှည် G to G စာချုပ် ချုပ်ဆိုခြင်းဖြင့်သာ ဆောင် ရွက်မည်ဖြစ်ခြင်း၊ ယခင်နှစ်က အိန္ဒိယဘက်မှ ပေးပို့ခဲ့သည့် G to G MOU ပါစာသည် အဓိပ္ပါယ်ကျယ် ဝန်းလှပြီး အရည်အသွေး၊ အရေအတွက်နှင့် ဈေးနှုန်းတို့မှာ လက်မှတ်ရေးထိုးရုံ ရည်ရွယ်လက်ခံလိုက်ပါက အငြင်းပွားစရာ ကိစ္စကြီးငယ်များ အချိန်မရွေးပေါ်ပေါက်လာနိုင်၍ နှစ်ဖက်သဘောတူအဆင့်ထိရောက်ရှိအောင် အချိန်ယူ ညှိနှိုင်း ရမည့် အနေအထားတွင်ရှိနေခြင်းနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပဲတင်သွင်းမှု တန်ချိန်သတ်မှတ်ချက်မှာ လည်း ကြိုတင်မှန်းဆနိုင်ရန် အခက်အခဲရှိနေခြင်းတို့ကြောင့် ၂၀၁၈ သီးနှံ ပဲစဉ်းငုံနှင့် မတ်ပဲများ ထွက်ပေါ်လာ ချိန်တွင် အိန္ဒိယသို့ တင်ပို့၍မရသေးပါက ပုံမှန်ထွက်ရှိမည့်ပမာဏသည် ပြည်တွင်းကုန်သည်များ ဝယ်ယူသိုလှောင် နိုင်သည့် ပမာဏထက် လွန်စွာကျော်လွန်နေ၍ ဈေးနှုန်းများ စိုက်ပျိုးစရိတ်အောက်ကျဆင်းနိုင်သလို ရောင်းလို အားရှိသလောက် ဝယ်ယူနိုင်မှု အကန့်အသတ်ကြီးစွာဖြစ်ပေါ်လာမည်ဟု သုံးသပ်ရရှိပါသည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးတော့မည့် မတ်ပဲများအတွက် တောင်သူများအနေဖြင့် အထက်အကြောင်းများကို အထူးအလေးထား ချင့်ချိန်တွက်ချက်ကာ အခြားဈေးကွက်ရှိသီးနှံများကိုလည်း ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအထူးလုပ်ငန်းအဖွဲ့တာဝန်ရှိသူများက အိန္ဒိယနိုင်ငံသို့ သွားရောက် သည့်ခရီးစဉ် (၂၆.၁၀.၂၀၁၇ မှ ၂၇.၁၀.၂၀၁၇) တွင် သက်ဆိုင်ရာ အိန္ဒိယနိုင်ငံပြည်ထောင်စု ဝန်ကြီးဌာန အကြီး အကဲများနှင့် တွေ့ဆုံဆွေးနွေးချက်များအရ သိရှိလာသည့် အချက်အလက်များအပေါ်အခြေခံ၍ အကြံပြု ကြေညာ အပ်ပါသည်။

Source - မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း

 

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်