လက်ရှိ အိန္ဒိယတွင်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ခြင်းကြောင့် အိန္ဒိယ ကုန်သည်များအနေဖြင့် သတ်မှတ်ထားသော မတ်ပဲ ပမာဏ တန်ချိန်ထက် ပိုမိုဝယ်ယူလာပြီး ဝယ်လိုအား မြင့် တက်လာခြင်းကြောင့်ဖြစ်ကြောင်း စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။
“ အိန္ဒိယ ဝယ်လိုအားက ကောင်းလာတယ်။ ဝယ်လိုအား မြင့်တက်လာတာနဲ့ အတူ စျေးလိုက်လာတယ်။ ပို့ကုန်သမားတွေ အဝယ်များတော့ ပဲစျေးက သိသိသာသာ တက်လာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်း၌ မတ်ပဲတန်ချိန်များစွာ ကျန်ရှိနေသေးသော်လည်း အိန္ဒိယ၏ ဝယ်လိုအား ကောင်းမွန်မှု ကြောင့် ပြည်တွင်းရှိ သိုလှောင်ထားသည့် မတ်ပဲ ပမာဏကို လျော့ကျစေပြီး လာမည့်နှစ် မတ်ပဲစျေးကွက်အ တွက် အလားအလာကောင်း တစ်ခုအား ဖြစ်ပေါ်စေမည်ဟု ပဲကုန်သည်များက ဆိုသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator