ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒအပြောင်းအလဲကြောင့် ပြီးခဲ့တဲ့တစ်ပတ်အပိတ်ဈေးနဲ့ အခုတစ်ပတ် မနေ့က အဖွင့်ဈေးကြား တစ်တန်ကို ကျပ် ၁၀၀၀၀၀ ခန့်ထိ ဈေးကျသွားတဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲဈေးတွေဟာ ဒီနေ့မှာတော့ ကျပ် ၃၀၀၀၀ ဝန်းကျင် ဈေးပြန်တက်လာပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မနေ့က ဧပြီ ၄ ရက်(တနင်္လာ)က အဖွင့်ဈေး ၁ တန်ကို ၁၃၈၅၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊အာစီ) ဈေးဟာ ဒီနေ့မှာတော့ ကျပ် ၃၀၀၀၀ ပြန်တက်လာပြီး တစ်တန်ကို ၁၄၁၅၀၀၀ ဈေးရှိနေပါတယ်။
မနေ့က တစ်တန်ကို ၁၅၅၀၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်စ်ကျူအာစီ) ဈေးဟာလည်း ကျပ် ၃ သောင်းခွဲပြန်တက်လာပြီး တစ်တန်ကို ၁၅၈၅၀၀၀ ဈေး ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။
ပဲစင်းငုံနီ (အာစီ ၊ ၂၀၂၁) ဈေးဟာလည်း ကျပ် ၂၅၀၀၀ ပြန်တက်လာပြီး ဒီနေ့ပေါက်ဈေး တစ်တန်ကို ကျပ် ၁၃၉၅၀၀၀ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အပိတ်ဈေးထက် ယခုတစ်ပတ်အဖွင့်ဈေးကြား အနည်းငယ်စီ ဈေးကျခဲ့တဲ့ပဲတီစိမ်းဈေး၊ ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ စွန်တာနီ/ပြာ၊ ကုလားပဲ စတဲ့ ပဲဈေးတွေကတော့ ပြန်တက်မလာဘဲ မနေ့ကဈေးတွေအတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံခြားငွေဝင်တာတွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲရှိလာပြီးနောက် ဧပြီ ၄ ရက်ကစလို့ ကုန်စည်အချို့ ဈေးနှုန်းအပြောင်းအလဲတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more