အသားတိုးကြက်အရွယ်အစားအလိုက် အစာကျွေးမွေးနည်း

19/02/2024 14:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အသားတိုးကြက်များကို မည်သည့်အရွယ်တွင် အစာမည်မျှကျွေးမွေးရမည်နည်း ဟူသော မေးခွန်းတစ်ခုကို အစိမ်းရောင်လမ်း ပရိတ်သတ်တစ်ဦးက မေးမြန်းထားရာ ယင်းနှင့် စပ်လျဉ်း၍ အသုံးဝင်မည့် အချက်အလက်အချို့ ကို ဆောင်းပါးတစ်ပုဒ်အဖြစ် စုစည်းဖော်ပြလိုပါသည်။ 

ယေဘုယျအားဖြင့် အသားတိုးကြက်များသည် အစာကို အသားအဖြစ် ပြောင်းလဲရမည်ဖြစ်ရာ၊ ကြက်များ စားနိုင်သမျှ အဝကျွေးစနစ် (ad lib) နည်းကိုသုံး၍ ကျွေးမွေးကြခြင်း ဖြစ်ပါသည်။ သို့တိုင်အောင် အသားတိုးကြက်များသည် ကြီးထွားနှုန်းမြင့်မားစေရန် မျိုးဗီဇမြှင့်တင်ထုတ်လုပ်ထားသည့် ကြက်များဖြစ်သဖြင့် မြှင့်တင်ထားသည့် မျိုးဗီဇနှင့် ကိုက်ညီသည့် “အစာအာဟာရ” နှင့် “ပမာဏ”ကို ကျွေးမွေးမှသာ သတ်မှတ် အချိန်ကာလအတွင်း သတ်မှတ်ထားသည့် ကြီးထွားနှုန်းကို ရရှိနိုင်ပေလိမ့်မည်။ အစာတွင် အာဟာရဓာတ် ပါဝင်မှု မှန်ကန်ပြီး၊ ကျွေးမွေးသည့် ပမာဏ မှန်ကန်သည့်တိုင်အောင် ကြက်များ အရွယ်အလိုက် စားသုံးနိုင်သည့်ပုံစံဖြင့် ကျွေးမွေးမှသာ ကောင်း မွန်စွာ စားသောက်၍ အသားထုတ်လုပ်မှုအတွက် ထိရောက်စွာ အသုံးချနိုင်မည် ဖြစ်ပါသည်။ 

ထို့ကြောင့် “အသားတိုးကြက်များကို အစာ မည်မျှ ကျွေးရမည်နည်း” ဟု မေးမြန်းခြင်းထက် “မည်သည့် အချိန်တွင် မည်သည့်အာဟာရဓာတ် မည်မျှပါဝင်သည့် အစာပမာဏမည်မျှကို မည်သည့်ပုံစံဖြင့် ကျွေးရမည်နည်း” ဟု မေးမြန်းပါက ပိုမို၍ ပြည့်စုံသည့် မေးခွန်းတစ်ခု ဖြစ်ပါလိမ့်မည်။ 

အစာအမျိုးအစားများ

ယေဘုယျအားဖြင့် အသားတိုးကြက်များကို အစာကျွေးမွေးရာတွင် ယင်းကြက်များ၏ သက်တမ်းကို အပိုင်း ၃ ပိုင်း ပိုင်းခြား၍ အစာအမျိုးအစား ၃ မျိုးအဖြစ် ခွဲခြားကျွေးမွေးပါသည်။ အချို့ကလည်း အပိုင်း ၄ ပိုင်းခွဲခြားကာ အစာအမျိုးအစား ၄ မျိုးခွဲခြားကျွေးမွေးပါသည်။ မြန်မာနိုင်ငံတွင် အများအားဖြင့် ၃ ပိုင်းပိုင်း၍ ကျွေးမွေးကြပါသည်။  ကြက်ငယ်စာ (Starter Feed)၊ ကြက်လတ်စာ (Grower feed) နှင့် ကြက်ကြီးစား (Finisher feed) ဟူ၍ ဖြစ်ပါ သည်။ 

အသက်အရွယ်အလိုက် ကျွေးမွေးရမည့် အစာအမျိုးအစား

ကြက်ငယ်စာ/ကြက်ပေါက်စာ (Starter Feed) ကို ရက်သားကြက်ပေါက်မှ စတင်ကာ ကျွေးမွေးပြီး၊ ကြက် အသက် ၁၀ ရက်ခန့်အထိ ကျွေးမွေးပေးလေ့ရှိပါသည်။ လိုအပ်ပါက အသက် ၁၄ ရက်အထိ ကျွေးမွေးရတတ်ပါသည်။ အသက် ၁၀ ရက်မှ ၂၅ ရက်ဝန်းကျင်အထိ ကာလတွင် ကြက်လတ်စာ/ကြီးထွားစာ (Grower Feed) ကို ကျွေးမွေးရပါမည်။ အသက် ၂၅ နှစ် ဝန်းကျင်မှ ကြက်များ ရောင်းတန်းဝင်သည့်အချိန်အထိကာလအတွင်း ကြက် ကြီးစာ/အသားတိုးစာ (Finisher feed) ကို ကျွေးမွေး ရပါမည်။ 

အစာအမျိုးအစားအလိုက်ပါဝင်ရမည့် အာဟာရဓာတ်အချိုးအစား 

ယေဘုယျအားဖြင့် အသက်ငယ်လေလေ၊ အသားဓာတ် (protein) ပို၍ လိုလေလေဖြစ်ပြီး၊ အသက်ကြီးလေလေ စွမ်းအင် (Energy) ပို၍ လိုလေလေဟု မှတ်ယူရပါမည်။

အသားတိုးကြက်စာတွင် အသားဓာတ်နှင့် စွမ်းအင်အပြင် အခြားသော အာဟာရဓာတ် အမျိုးအစားပေါင်းများစွာ ပါဝင်ရပါမည်။ သို့သော် အရေးအကြီးဆုံးမှာ အသားဓာတ် နှင့် စွမ်းအင် လုံလောက်စွာ ပါဝင်ရန် ဖြစ်ပါသည်။ 

အသက်အရွယ်အလိုက် လိုအပ်မည့် အစာပမာဏ

အသားတိုးကြက်များကို ၄င်းတို့၏ သက်တမ်းတလျှောက် အစာကို စားနိုင်သလောက် အဝကျွေးသည့်စနစ်ဖြင့် ကျွေးမွေးကြပါသည်။ သို့သော် မည်သည့်အရွယ်တွင် အစာပမာဏ မည်မျှကုန်နိုင်သည်ဆိုသည်ကို သိရှိထားရန် လိုအပ်ပါသည်။ ထိုသို့ အခြေခံလမ်းညွှန်ချက်ကို သိရှိထားမှသာ ကြက်များအတွက် လိုအပ်သည့် အစာပမာဏကို ကြိုတင် စီမံထားနိုင်မည် ဖြစ်ပါသည်။

အသက်အရွယ်အလိုက် ကုန်ကျသည့် အစာပမာဏနှင့် ကြက်၏ ကြီးထွားနှုန်းကိုလည်း ချိတ်ဆက်၍ တွက်ချက်ရန် လိုအပ်ပါသည်။ ကြက်၏ အစာစားနှုန်း ကောင်းမွန်သော်လည်း ကြီးထွားနှုန်းမှာ သတ်မှတ်ချက်ကို မပြည့်မီပါက မိမိ၏ ကြက်ခြံစီမံခန့်ခွဲမှုနှင့် ကြက်များ၏ ကျန်းမာရေးကို ပြန်လည်စိစစ်ရန် လိုအပ်ပါသည်။ 

*DOC = Day old chick (ရက်သားကြက်ပေါက်) 

ကြက်ထီး နှင့် ကြက်မများ၏ အစာစားနှုန်းနှင့် ကြီးထွားနှုန်းမှာ မတူညီကြပါ။ ထို့ကြောင့် အချို့မွေးမြူသူများက ကြက်ထီးနှင့် ကြက်မများကို ခွဲခြားမွေးမြူသည့် နည်းလမ်းကို အသုံးပြုကြပါသည်။ 

ပုံမှန်အားဖြင့် ကြက်များကို အသက် ၆ ပတ်သား နောက်ဆုံးထား၍ ရောင်းထုတ်လေ့ ရှိကြပါသည်။ ယင်း နောက်ပိုင်းတွင် ကြက်၏ အစာစားနှုန်း မြင့်တက်လာသော်လည်း ကြီးထွားနှုန်း (တိုးလာသည့် ကြက်အလေးချိန်) မှာ ကျွေးမွေးရသည့် အစာကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက တွက်ချေ မကိုက်တော့ပါ။ ထို့ပြင် ဈေးကွက်ကလည်း ကြက်များ အရွယ်အစား ပုံမှန်ထက် ကြီးမားသဖြင့် ဈေးနှိမ်၍ ဝယ်ယူလေ့ ရှိကြပါသည်။ 

အသက်အရွယ်အလိုက် ကျွေးမွေးရမည့် အစာပုံစံ

အသားတိုးကြက်များမှာ အချိန်တိုအတွင်း အရွယ်အစား ပြောင်းလဲလျက်ရှိရာ ယင်းသို့ ပြောင်းလဲလာသည့် ခန္ဓာကိုယ်အရွယ်အစားနှင့် လိုက်လျောညီထွေဖြစ်မည့်အစာပုံစံကို ကျွေးမွေးရန် လိုအပ်ပါသည်။ သို့မှသာ အစာများ ဖိတ်စင်လေလွင့်ခြင်းကို လျှော့ချနိုင်မည့်အပြင် ကြက်များ၏ အစာချေစနစ်နှင့် ကိုက်ညီပြီး ထုတ်လုပ်မှုအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ 

ယေဘုယျအားဖြင့် အစာပုံစံ ၃ မျိုးကို အသုံးပြုကြပါသည်။ ပထမတစ်မျိုးမှာ အစာကုန်ကြမ်းများကို ကြိတ်ခွဲ၍ ရောစပ်ထားသည့် အစာမှုန့်ပုံစံ (Mash) ဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ အစာတောင့်ပြုလုပ်ပြီး ကြက်ငယ်လေးများ စားသုံးနိုင်ရန် စက်ဖြင့် ပြန်လည်ကြိတ်ချေထားသည့်ပုံစံ (Crumble) ဖြစ်ပါသည်။ နောက်ဆုံးပုံစံတစ်မျိုးမှာ အစာတောင့်ပုံစံ (Pellet) ဖြစ်ပါသည်။ 

မျိုးထုတ်လုပ်သူများအား လမ်းညွှန်ချက်

အသားတိုးကြက်များအား အစာကျွေးမွေးခြင်းနှင့် ပတ်သက်၍ ယခုဖော်ပြထားသော ကိန်းဂဏန်းများမှာ ယေဘုယျ လမ်းညွှန်ချက်များသာ ဖြစ်ပါသည်။ အသားတိုးကြက်မျိုး တစ်မျိုးချင်းစီအလိုက် အနည်းငယ် ကွာခြားမှု များ ရှိနိုင်ပါသည်။ သို့ဖြစ်ရာ မိမိမွေးမြူသည့် ကြက်မျိုးအား ထုတ်လုပ်သော ကုမ္ပဏီထံ ဆက်သွယ်၍ ယင်းကြက် မျိုးအတွက် သီးသန့်ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ရယူအသုံးပြုရန် အကြံပြုလိုပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်