သိုး၊ ဆိတ်များ ခြေကျိုး၊ လက်ကျိုးဖြစ်ပွားပါက ကုသရန်နည်းလမ်းများ 

03/01/2022 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မြန်မာနိုင်ငံတွင် သိုးနှင့်ဆိတ်များကို အထက်အညာဒေသတွင် မွေးမြူသူများလှပါသည်။ သိုးနှင့်ဆိတ်တို့ကို မွေးမြူခြင်းအားဖြင့် တဖက်တလမ်းမှ ဝင်ငွေရရှိစေသည့်အပြင် သိုးချေး၊ ဆိတ်ချေး တို့ကိုလည်း   မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ သိုးချေး၊ ဆိတ်ချေးတို့ကို ယာမြေအတွင်း ၁နှစ်တာ ထည့်ထားလျှင် ၃နှစ်အထိ အစွမ်းသတ္တိရှိသည်ဟု သိရပါသည်။

သိုးများသည် ဆိတ်များထက် ရောဂါကင်းကြပါသည်။ ဆိတ်များတွင် ဝဲစွဲခြင်း၊ သန်လည်ခြင်း စသည့် ရောဂါများ ဖြစ်တတ်ကြပါသည်။ သိုးနှင့် ဆိတ်တို့သည် တစ်ကောင်နှင့် တစ်ကောင် ဤသို့ခြားနားချက်ရှိသော်လည်း တူညီသောလက္ခဏာတစ်ခုမှာ ခြေ၊ လက်များကို အနည်းငယ်ထိခိုက်ရုံမျှဖြင့် ကျိုးတတ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သိုး၊ ဆိတ်ကျောင်းသူတို့သည် ဆိတ်နှင့်သိုးတို့ကို ခဲနှင့်ပစ်ပေါက်ခြင်း၊ တုတ်နှင့် ရိုက်ခြင်းတို့ကို အထူး ရှောင်ကြဥ်ရပါသည်။

သိုးနှင့်ဆိတ် တို့သည် စရိုက်ချင်းမတူသဖြင့် အတူထား၍ မရပါ။ တစ်ခြံစီခွဲ၍ ထားရပါမည်။ သိုးနှင့် ဆိတ်တို့သည် စားကျက်ထဲတွင် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြရင်း မတော်တဆထိခိုက်မိပါက ခြေကျိုး၊ လက်ကျိုး ဖြစ်တတ်ပါသည်။

ထိုကဲ့သို့ သိုး၊ ဆိတ်များ မတော်တဆ ခြေကျိုး၊ လက်ကျိုး ဖြစ်ပွားပါက အမြန်ဆုံးပျောက်ကင်းစေသောနည်းကို အထက်အညာမုံရွာမြို့၊မောင်းထောင်ရွာရှိ တိုင်းရင်းဆေးဆရာကြီး ဦးဘိုနီထံမှ ရရှိသော ဆေးကုသနည်းကို ရေးသားဖော်ပြပေးချင်ပါသည်။

ကုသနည်းမှာ-

- ပထမကျိုးနေသည့်နေရာနှင့် အံဝင်ခွင်ကျ (အလျှားလိုက်) ကပ်နိုင်သည့် ထနောင်းပင်၏အခေါက်ကို ၂ခြမ်းရအောင် ခွာရပါမည်။ အတို၊ အရှည်မှာ သင့်တော်သလို အသုံးပြုနိုင်ပါသည်။

- ထိုအခေါက်နှစ်ခေါက်ဖြင့် ကျိုးနေသည့်နေရာကို နှစ်ဖက်ညှပ်၍ ကြိုးဖြင့်တင်းကျပ်စွာ စည်းထားရပါမည်။

- ထို့နောက် နံနက်တိုင်း ၄င်းနေရာပေါ်သို့ ရေမှန်မှန် လောင်းပေးခြင်း၊ နေ့စဥ် ငှက်ပျောသီး၃ဖီးခန့် ကျွေးပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းအားဖြင့် ၁ပါတ်ခန့်ကြာလျှင် မူလအသွင်သဏ္ဍာန်အတိုင်း ကောင်းမွန်သွားမည် ဖြစ်ပါသည်။

အကယ်၍ အနည်းငယ်လောက်သာ ခြေကျိုး၊ လက်ကျိုးသည်ဆိုပါက ထနောင်းခေါက်ဖြင့် စည်းပေးရန်မလိုဘဲ ငှက်ပျောသီး ကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရှိရပါသည်။

မှီငြမ်း- ဦးဝင်းဇော်(သုံးဆယ်)၏ “သိုး၊ဆိတ်များ ခြေကျိုး၊ လက်ကျိုး ကုသနည်း” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်