အရည်အသွေးကောင်းမွန်တဲ့ စိန်တစ်လုံးသရက်သီးများကို ဝယ်ယူသွားမှာဖြစ်ကြောင်း N T Star ကုမ္ပဏီမှ သိရပါတယ်။
အထက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသများမှ ထွက်ရှိမယ့် စိန်တစ်လုံးသရက်သီးများကို ပေါက်စျေး နှုန်းအတိုင်း ကုမ္ပဏီများမှာ ဝယ်ယူသွားမှာဖြစ်တယ်လို့ N T Star ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။
ပြည်ပနိုင်ငံတွေရဲ့စျေးကွက်တွေ ကိုထိုးဖောက်ချင်တဲ့အတွက် စိန်တစ်လုံးကို အဓိကဝယ်ယူသွားမှာပါ။ စိန်တစ်လုံးထွက်ရှိတဲ့ ဒေသတွေကို ဆင်းပြီး ဝယ်ယူသွားမှာပါ။ ဝယ်ယူလို့ရှိရင်လည်း မူဆယ် ကပေးတဲ့ ပေါက်စျေးနှုန်းအတိုင်း ဝယ်ယူပေးသွားမှာပါ
စိန်တစ်လုံးသရက်သီးများထွက်ရှိတဲ့ ဒေသများမှာ N T Star ကုမ္ပဏီ၊ သဇင်နွယ်ကုမ္ပဏီ နဲ့ သရက် စိုက်ပျိုးထုတ်လုပ်သူတို့မှ ပူးပေါင်းကာ ဝယ်ယူသွားမှာဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှသိရပါတယ်။
မြန်မာ့စိန်တစ်လုံးအပြင် အခြားသရက်သီးများကိုပါ ဝယ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့စိန်တစ်လုံးသရက်သီးများကို စင်ကာပူ ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံများကို တင်ပို့နိုင်ရန် စီစဉ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator