ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့အခါ ခေါ်ဆိုနိုင်တဲ့ Call Center 

21/09/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ မီဒီယာရဲ့  အကြောင်းမျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ဒီတစ်ခါမှာတော့ တောင်သူ ဦးကြီးတွေ ဖုန်းအသုံးပြုရင်း အခက်အခဲ တစ်စုံတစ်ရာ ဖြစ်နေတဲ့ အခါမှာ ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ဖို့ သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေရဲ့ ဖုန်းနံပါတ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

MPT       -     106

Mytel      -      966

Telenor   -      979

Ooredoo -      234

MEC       -     1212

စတဲ့ ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်ပြီး ဦးကြီးတို့ရဲ့ ဖုန်းဆင်းကတ်တွေ အသုံးပြုရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ သိလိုတာတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ။ တောင်သူများအားလုံး ဖုန်းအသုံးပြုရတာ အဆင်ပြေကြပါစေ ခင်ဗျ။ နောက်တစ်ပတ် တနင်္လာမှာ ပြန်လည်ဆုံတွေ့ပါမယ် ခင်ဗျ။ 

ယခင်တစ်ပတ်က မီဒီယာ အကြောင်းဖော်ပြထားတဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မီဒီယာဆိုတာ လာလဲ

Facebook Page

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်