ကရင်ပြည်နယ်အတွင်း ပြောင်းစိုက်ဧရိယာများမှာ FAW ငမြှောင်တောင်ပိုး ကျရောက်ဖျက်စီးပါက ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ သိရပါတယ်။
တောင်သူများအနေနဲ့ စိုက်ခင်းများမှာ FAW ငမြှောင်တောင်ပိုး ကျရောက်မှုများရှိလာပါက ချက်ချင်းအကြောင်းကြားနိုင်ပြီး ဆက်သွယ်နိုင်ပါတယ်လို့ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် ကပြောပါတယ်။
“ ပြည်နယ်အချို့ရဲ့ ပြောင်းစိုက်ခင်းဧရိယာတွေမှာ ဖျက်စီးတဲ့ပိုးတွေ ကျရောက်နေတော့ စိုက်ချိန် ကို နောက်မကျဖို့နဲ့ အသိပေးကြေညာချက်တွေ၊ ကာကွယ်ရမယ့်နည်းလမ်းတွေကို အခုလုပ်ဆောင်နေပါတယ်။ တောင်သူတွေအနေနဲ့လည်း သံသယဖြစ်စရာပိုးမွှားတွေ့ရှိရင် အချိန်မှီဆက်သွယ်နိုင်ပါတယ်”
ကရင်ပြည်နယ်ရှိ တောင်သူများအနေနဲ့ သံသယဖြစ်စရာပိုးမွှားများ တွေ့ရှိပါက ဆက်သွယ်ရန် ဖုန်း နံပါတ် ၀၉- ၂၀၂၀၁၀၆ ၊ ၀၉ - ၄၄၃၅၉၆၆၉ နဲ့ ၀၉ - ၆၉၉၉၈၆၉၃၉ ကို ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။
ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ပြောင်းစိုက်ခင်းဧရိယာအချို့မှာ FAW ငမြှောင်တောင် ပိုးများ ကျရောက်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more