ဒေသတွင်း အခမဲ့ရရှိသည့်ကုန်ကြမ်းများဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနိုင်

07/07/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒေသတွင်း အခမဲ့ရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနိုင်ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက ဆိုသည်။

ကုန်ကြမ်းမှာ ကုန်ကျစရိတ်မများမှသာ အမြတ်ကျန်တာပါ။ အများစုက သေချာတွက်ချက်မှုမရှိဘဲ စီးပွားဖြစ်စိုက်တော့ အရှုံးပေါ်တဲ့လူပေါ်ကြတယ်။ နည်းစနစ်ပိုင်းမှာ သေချာလေ့လာဖို့ လိုအပ်သလို၊ ကုန်ကြမ်းကို ဘယ်ကအခမဲ့ရနိုင်မလဲ၊ ကိုယ့်ဒေသအနီးအနားမှာ ဘာပစ္စည်းပေါသလဲ အရင်ဆုံး လေ့လာစုံစမ်းပြီးမှစိုက်တာ အကောင်းဆုံးပါပဲ။ ဒီအချက်တွေအားလုံးကို သဘောတရားနားလည်ပြီဆိုရင်တော့ ဈေးကွက်အပိုင်းပဲ လိုတော့တာပေါ့။

ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ မှိုစိုက်တောင်သူ ဒေါ်သိန်းဆင့် က ပြောသည်။

    နွားချေး၊ ကောက်ရိုးနှင့် ရိုးပြတ်တို့ရှားပါးသည့် မိုးရာသီကာလတွင် စွန့်ပစ်ထားသည့် ဂျက်စက္ကူအဟောင်းများ၊ ဗေဒါပင်ရိုင်းများ၊ ပြောင်းရိုး၊ ငှက်ပျောခွံ၊ ၀ါစေ့ခွံ၊ ဆီအုန်းခွံ၊ မြေပဲခွံ၊ စပါးခွံ၊ ကော်ဖီသီးခွံ၊ ကြံကြိတ်ဖတ်၊ အုန်းဆံဖက်၊ အုန်းဆံမှုန့်၊ လွှစာ၊ ပဲရိုး၊ ဂျုံရိုး၊ ပဲမှော်၊ မြက်ရိုင်းတို့ကိုပါအသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

တိရိစ္ဆာန်အညစ်အကြေးကိုလည်း နွားချေးဆို နွားချေးပဲ သုံးမှရတယ်ရယ်လို့ ပုံသေသတ်မှတ်မထားပါဘူး။ တခြား ဆိတ်၊ ကြက်၊ ငုံး၊ မြင်းချေးတွေနဲ့လည်း စိုက်လို့ရတယ်။ ကုန်ကြမ်းပေါ်မူတည်ပြီး ကောက်ရိုးမှိုရဲ့ အရည်အသွေးကတော့ နည်းနည်းကွာတတ်တယ်။ ဒါပေမယ့်လည်း သူ့ဈေးနဲ့သူ ရနိုင်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများအတွင်း ကောက်ရိုးမှို တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ ကျပ် (၁၀၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းများဖြင့် လက်လီရောင်းချနေကြသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်