ဂန့်ဂေါတွင် ဖောငမြှောင်တောင်ဖလံများကို လက်လုပ်ထောင်ချောက်များဖြင့် စမ်းသပ်ဖမ်းဆီး

04/07/2019 19:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင် ကျရောက်ဖျက်ဆီးမှုကို စောစီးစွာကြိုတင်သိရှိပြီး ထိရောက်စွာ စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ဖီရိုမုန်းထောင်ချောက်များဖြင့် ဖလံမများကို ထောင်ဖမ်းခြင်း၊ ဥမြုံနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်း၊ လိုအပ်ပါက ပိုးသတ်ဆေးများပက်ဖြန်းခြင်း စသည့်ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းရေးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းလျက်ရှိသည်။

ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကြွယ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် လာပို့ကျေးရွာရှိ တောင်သူ ၃ ဦး၏ ဖူးစားပြောင်းခင်းများတွင် ရေသန့်ဘူးခွံနှင့် ထန်းလျက်ရည်ကိုအသုံးပြု၍ ဖလံများကို စမ်းသပ်ထောင်ဖမ်းခဲ့ရာ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

"ဝ.၂၅ဧက ကို ထောင်ချောက်တစ်ဘူးနှုန်းဖြင့် ၄ ဘူး ထောင်ခဲ့ရာတွင် တစ်ဘူးလျှင် ဖလံအမ ၃ ကောင် မှ ၁၇ကောင် ထိ ဖမ်းမိပြီး၊ စုစုပေါင်း ၂၈ ကောင်မိသည့်အတွက် ပျှမ်းမျှတစ်ဘူး ၇ ကောင်နှုန်း ဖမ်းမိရရှိခြင်းဖြစ်သည်။ ဖလံအမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ မှ ၂၀၀ ထိဥပြီး သက်တမ်းတစ်လျှောက် ဥပေါင်း ၂၀၀၀ ခန့် ဥနိုင်သည့်အတွက် ထောင်ချောက်တစ်ဘူးမှ လောက်ကောင် ၁၄၀၀၀ လောက် ပေါက်လာမှာကို ဟန့်တားနိုင်ခြင်းဖြစ်ပြီး ပြောင်းဖူးအပင် တစ်သောင်းကျော်ကို ကာကွယ်နိုင်မည်ဖြစ်သည်။ 

ထောင်ချောက်လုပ်နည်းအနေဖြင့် ထန်လျှက်အညိုကို ညောင်စေးကျအောင်ကြိုပြီး ရေနဲ့ဆတူ ရောကာ ဘေးနှစ်ဖက် အပေါက်ဖောက်ထားသည့် ရေသန့်ဘူးထဲသို့ထည့်၍ ဘူးကို တုတ်တိုင်မှာ ကပ်ချည်ထားခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် က ပြောသည်။

ကုန်ကျစရိတ်နည်းနည်းဖြင့် ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးမှုကို ကာကွယ်နိုင်သဖြင့် အဆိုပါနည်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ပညာပေးစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးပြန်ကြားရေးဌာနစိတ်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်