ဖုန်းပူလာရသည့် အကြောင်းရင်း(၈)ချက်

18/10/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ရောက်ရှိလာပြန်ပါပီ ခင်ဗျ။

ယခုတစ်ပတ်မှာတော့ ဖုန်း အသုံးပြုရင်း ပူလာရတဲ့အကြောင်းအရင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့ ဗဟုသုတရအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

ကျွန်တော်တို့ ဖုန်းနဲ့ ဂိမ်းကစားတာတွေ၊ ဗီဒီယိုကြည့်တာတွေ၊ ဖေ့စ်ဘုတ် သုံးတဲ့အခါမျိုးတွေမှာ ခဏလေးနဲ့ ဖုန်းပူလာတာမျိုးကြုံဖူးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အောက်ကအချက်လေးတွေကို ဖတ်လိုက်ရအောင်..

၁။ အွန်လိုင်းမှာ သီချင်းတွေ၊ ဗီဒီယိုတွေ ဒေါင်းလုဒ်လုပ်နေရင်း တခြား ဆော့ဝဲလ်တွေ အသုံးပြုတာဟာ ဖုန်းကို ပူစေပါတယ်။

၂။ ဖုန်း အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ၊ ဂိမ်းကစားတာ၊ ဖုန်းခေါ်တာ၊ ဗီဒီယိုကြည့်တာမျိုးဟာလည်း ဖုန်းပူလာစေပြီး ဘက်ထရီကို ထိခိုက်နိုင်ပါတယ်။

၃။ တစ်ချို့ဖုန်းကာဗာတွေဟာ ဖုန်းကိုယ်ထည်ကို ပူနွေးလာစေနိုင်တာမို့ မိမိဖုန်းမှာတပ်ထားတဲ့ ဖုန်းကာဗာဟာ ပူစေတဲ့ကာဗာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ပါ။

၄။ အားသွင်းတဲ့အခါ ဆိုဖာ၊ မွေ့ယာ၊ ခေါင်းအုံး စတဲ့ အပူကိုစုပ်ယူ သိုလှောင်ထားနိုင်တဲ့ နေရာမျိုးမှာ ထားတာကဖုန်းကိုပူစေပြီး အန္တရာယ်လည်း ရှိတာကြောင့် မျက်နာပြင်မာကျောမှုရှိတဲ့ သစ်သားခုံ၊ စားပွဲ လိုမျိုး အေးတဲ့နေရာတွေမှာထားပြီး အားသွင်းသင့်ပါတယ်။

၅။ ဖုန်းကို တစ်ညလုံးအားသွင်းတာမျိုးဟာ ပုံမှန်ထက်ပူနွေးစေနိုင်တာကြောင့် တစ်ညလုံး အားမသွင်းသင့်ပါဘူး။

၆။ ဖုန်းမှာ ထည့်ထားတဲ့ တစ်ချို့ဆော့ဝဲလ်တွေဟာ ဖုန်းရဲ့ပါဝါကို ပုံမှတ်ထက်ပိုပြီး အလုပ်လုပ်စေပါတယ်။ မိမိမဖွင့်မိရင်တောင် အလိုအလျောက် အလုပ်လုပ်နေတဲ့အတွက် ဖုန်းအားကိုမြန်မြန်ကုန်စေပြီး ဖုန်းကိုလည် ပူစေနိုင်ပါတယ်။

၇။ ဖုန်းကို နေရောင်တိုက်ရိုက်ကျတဲ့ နေရာမှာ ထားခြင်း၊ အားသွင်းခြင်း တို့ဟာ ဖုန်းကိုပူစေပြီး ပျက်စီးစေနိုင်ပါတယ်။

၈။ တစ်ချို့သူတွေဟာ ဖုန်းအားသွင်းကြိုး မကောင်းတာမျိုးဖြစ်တဲ့အခါ ဈေးပေါပေါနှင့် အလွယ်တကူ ဝယ်လို့ရတဲ့ ဖုန်းအားသွင်းကြိုးတွေကို ဝယ်သုံးတတ်ကြပါတယ်။ တစ်ချို့ကြတော့ ဖုန်းအားသွင်းတဲ့အခါ တွေ့သမျှဖုန်းအားသွင်းကြိုးနှင့် အားသွင်းတတ်ကြပါတယ်။အဲဒီလိုမျိုးလုပ်တာဟာ ဖုန်းကို ပူစေနိုင်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

အကြောင်းရင်းတွေကိုသိသွားပြီဆိုတော့ ကိုယ်ဖုန်းမပူအောင် ရှောင်လို့ရတဲ့နည်းလမ်းတွေကို ရှောင်ကြဉ်ကြဖို့ အကြံပြုလိုက်ပါတယ်ဗျ။

ကိုးကား- https://www.myanmaritdirectory.com/

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ပန်းသီးဖုန်းနဲ့ အန်းဒရွိုက်ဖုန်း ကွာခြားချက်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်