နှစ်ရက်အတွင်း သေစေနိုင်သည့် ကြက်တိုက်ဖွိုက်ရောဂါ ကာကွယ်ကုသနည်း

20/06/2022 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြက်တိုက်ဖွိုက်ရောဂါ(Fowl Typhoid) သည် ဆဲလ်မိုနဲလား ဂလီနေရမ်(Salmonella Gallinarum) ဟုခေါ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ကြက်ကြီးနှင့်ကြက်လတ်များတွင် အဖြစ်များကာ ရောဂါပြင်းထန်တတ်ပါသည်။

ရောဂါပြင်းထန်ပါက ရောဂါရရှိပြီး ၂ ရက်အတွင်း သေနိုင်ပါသည်။ အကယ်၍ ရောဂါမပြင်းထန်ပါကလည်း ၅ ရက်မှ ၆ ရက်ခန့် သာ ခံသည်ကို တွေ့ရပါသည်။

ရောဂါလက္ခဏာများ အနေဖြင့် -

- ရောဂါရှိကြက်သည် မှိုင်နေခြင်း၊

- အစာမစားတော့ခြင်း၊

- အမှောင်ခိုပြီး တုန်၍နေတတ်ခြင်း၊

- ခေါင်းငိုက်စိုက်ကျ၍ အမွှေးများပွနေခြင်း၊

- စိမ်းဝါရောင်ရှိသော အလွန်အနံ့ဆိုးသောဝမ်းများသွားခြင်း၊

- အသက်ရှူမြန်၍ ရေငတ်ခြင်း၊

- အမောက်နှင့် ပါးပျဥ်းများဖြူ၍ သွေးရောင်ဖျော့နေခြင်း၊

- အပူချိန်မြင့်မားခြင်း(၁၁၀-၁၁၂)ဒီဂရီ ဖာရင်ဟိုက် ရှိခြင်းတို့ကို တွေ့ရပါမည်။ 

- ရောဂါလက္ခဏာများ တွေ့ရှိပြီးသောကြက်ကို ပျောက်ကင်း ကုသရန် မလွယ်ကူတော့ပါ။

- မသေဘဲ ကျန်ရှိနေသည့်ကြက်များကိုလည်း အခြားကြက်များနှင့်အတူ ဆက်လက်မွေးမြူရန် မသင့်တော့ပါ။

- ရောဂါပြင်းထန်လွန်းပါက ရောဂါလက္ခဏာ မပြမီမှာပင် သေဆုံးသွားပြီ ဖြစ်ပါသည်။

ရောဂါကူးစက်မှု

- ရောဂါဖြစ်နေသောကြက်၏ အစာ၊ ရေ၊ ဥနှင့် ကျင်ကြီးတို့ကို ထိတွေ့ခြင်းအားဖြင့်လည်းကောင်း၊

- ရောဂါဖြစ်နေသော ကြက်ခြံအတွင်းရှိ အလုပ်သမားများ ရောဂါကင်းသောကြက်ခြံသို့ ဝင်ရောက်ခြင်းအားဖြင့်လည်းကောင်း ကူးစက်နိုင်ပါသည်။

- အဆိုပါရောဂါသည် လူသို့ကူးစက်ခြင်းမရှိဘဲ ကြက်အချင်းချင်းသာ ကူးစက်နိုင်ပါသည်။

ကာကွယ်ခြင်း

- ရောဂါရှိကြက်ခြံမှ ပစ္စည်းများကို ပိုးသတ်ဆေးဖြင့် ဆေးပေးခြင်း၊

- ရောဂါဖြစ်နေသော ကြက်ခြံနှင့် ရောဂါကင်းသောကြက်ခြံသွားလာမှု မပြုလုပ်စေခြင်း၊

- ရောဂါဖြစ်နေသော ကြက်များကို ဆေးတိုက်စဥ် သွေးစစ်ပေးခြင်း၊

- သွေးစစ်ခြင်းကို တစ်လတစ်ကြိမ်ခန့် ရောဂါကင်းသည်အထိ ပြုလုပ်ပေးခြင်း၊

- ရောဂါပြင်းထန်သော ကြက်များကို သီးခြားစီခွဲထားရပြီး သေဆုံးပါက စနစ်တကျ မြေမြှုပ်ပေးခြင်း စသည်တို့ ပြုလုပ်ရပါမည်။ 

ရောဂါဖြစ်ပြီးကြက်ခြံကို ပိုးသတ်ဆေးအကြိမ်ကြိမ်ဖျန်းပေးပြီးနောက် အနည်း ဆုံး ၆ လကြာမှ နောက်တစ်ကြိမ် ကြက်မွေးမြူရေး ပြန်လည်ပြုလုပ်သင့်ပါသည်။

ကုသနိုင်သော ဆေးဝါးများမှာ -

- ဆာလ်ဖာမီရာဇင်(Sulfamerazine)ဆေးကို ကြက်တိုက်ဖွို က်ရောဂါအတွက် တိုက်ကျွေးကုသနိုင်ပါသည်။ ကြက်စာ ၁၈ ပိဿာလျှင် ဆေး ၄ ကျပ်သား (သို့) ၅ ကျပ်သားထည့်ပြီး ၇ ရက် ကျွေးရပါမည်။ သောက်ရေထဲထည့်လျှင် ရေ ၁ ဂါလံမှာ ဆေး ၅ မူးသားကနေ ၁ ကျပ်သားအထိ ထည့်ဖျော်သင့်ပါသည်။ ၂ ရက်နား၊ ၄ ရက်တိုက်စနစ်ကို ကျင့်သုံးသင့်ပါသည်။

- စထရက်ပထို ဆာလ်ဖာ(Strepto Sulfa) ဆေးကိုလည်း ကြက်တိုက်ဖွိုက်ရောဂါအတွက် ကြက်စာ ၁ ပိဿာလျှင် ဆေးပြား ၈ ပြားမှ ၁၆ ပြားထိ ထည့်ကျွေးပြီး ကုသကြပါသည်။ ၃ ရက်မှ ၅ ရက်အထိ တိုက်ကျွေးသင့်ပါသည်။

- ကြက်တိုက်ဖွိုက်ရောဂါအတွက် ထရီကွင်း(Triquin)ဆေးကို သုံးမည်ဆိုပါက ရေ ၅ ဂါလံမှာ ဆေး ၁ မူးသားထည့်တိုက်ရပါမည်။ အစာထဲထည့်ကျွေးလိုပါက အစာပိဿာ ၁၀၀ တွင် ဆေး ၂ ကျပ်ခွဲသားခန့်သာ ထည့်သွင်းတိုက်ကျွေးလျှင် လုံလောက်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်