ယခုနှစ်ဇန်နဝါရီလကုန်မှာ မြန်မာ့ငရုတ်သီးကို ဗီယက်နမ်နိုင်ငံကို စတင်တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
ဒီလကုန်မှာ မြန်မာပြည်အောက်ပိုင်းကထွက်ရှိတဲ့ ငရုတ်သီးမျိုးများကို ဗီယက်နမ်နိုင်ငံကိုတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။
ဧရာဝတီတိုင်းဘက်ကထွက်ရှိတဲ့ ငရုတ်သီးမျိုးတွေကို ဒီလကုန်မှာ စမ်းသပ်တင်ပို့ဖို့တော့လုပ်ဆောင်နေပါတယ်။ အရည်အသွေးကောင်းတယ်ဆိုရင်တော့ တင်ပို့သွားမှာပေါ့နော်။ ပို့တာကတော့ ဗီယက်နမ်နိုင်ငံကိုပဲ တင်ပို့သွားမှာပါ
မြန်မာ့ငရုတ်သီးမျိုးများဖြစ်တဲ့ ၇ သုံးလုံး ၊ ဆန်းရှိုင်းနဲ့ စတားဟော့အမျိုးအစားများကို တင်ပို့သွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီး ၊ ကျောက်ဆည်နဲ့ အထက်ပိုင်းဒေသများမှာ အများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator