နွေနှမ်းစိုက်တောင်သူတွေ နှမ်းစိုက်ပျိုးဖို့ဈေးကွက်ရှိပြီး ရေမြေဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုးတွေကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ နှမ်းမျိုးကွဲပေါင်း ၆၀ ကျော် ရှိရာမှာ မိုးခေါင်တဲ့ ဒဏ်အသင့်အတင့်ခံနိုင်တဲ့ မျိုးတွေနဲ့ ရေကောင်း၊ မြေကောင်းကြိုက်တဲ့ နှမ်းမျိုးတွေထဲက မိမိဒေသနဲ့ ကိုက်ညီတဲ့ နှမ်းမျိုးကို ရွေးချယ်စိုက်ပျိုးသင့်တယ်။ ဆင်းရတနာ-၃၊ စမုန်နက်မျိုး၊ ဆင်းရတနာ-၄၊ ဆင်းရတနာ ၁၄ မျိုးတွေပါ။ ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်စိုက်သင့်ပါတယ်။ ရောဂါ၊ ပိုးမွှားနှိမ်နင်းနိုင်မှု သက်သာပြီး ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေမှာဖြစ်တယ်။ နှမ်းမျိုးရရှိတဲ့ ဒေသ၊ နေ့ရက်နဲ့ မျိုးဖြန့်ဝေရောင်းချသူ အမည်ကို မှတ်တမ်းထားရှိပါ။ နှမ်းမျိုးရွေးချယ်ရာမှာ မျိုးစေ့ဥပဒေတွေကို လိုက်နာပြီး ရွေးချယ်စိုက်ပျိုးသင့်ပါတယ်
ဟု ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator