မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်မည့် နွားကလေးများရဲ့ အလားအလာ..

10/08/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီလိုနွားကလေးတွေရနိုင်မယ့်ဗီဇထည့်သွင်းထားတဲ့ နွားသိုးရဲ့သုက်ရည်နဲ့ ကနေဒါနိုင်ငံက နို့စားနွား မွေးမြူရေးခြံတစ်ခြံရှိ နွားမတွေမှာ မေထုန်မဲ့နည်းနဲ့ သားတင်ထားဖြစ်ပြီး လာမယ့်နွေဦးရာသီ (မတ်လမှ မေလကြား) မှာ နွားကလေးတွေ ကျလာတော့မှာဖြစ်တယ်လို့ Reuters သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီနွားကလေးတွေဟာ မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်မယ့် နွားမျိုးလေးတွေဖြစ်လာမှာဖြစ်ပြီး  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ဖို့ ရည်ရွယ်မျိုးစပ်ထုတ်လုပ်တာဟာ ဒါဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဘန်လိုးဝစ်လို့ခေါ်တဲ့ နို့စားနွားခြံပိုင်ရှင်တစ်ဦးဟာ မီသိန်းဓာတ်လျော့မျိုးဗီဇပါအောင် ဖန်တီးထုတ်လုပ် ထားတဲ့ နွားသိုးသုက်ရည်တွေနဲ့ သူ့ခြံက နွားမ ၁၀၇ ကောင်နဲ့ နွားမတမ်းမတွေကို မေထုန်မဲ့ သားတင်ခဲ့တာဖြစ်ပါတယ်။

“ တခြားမျိုးဗီဇတွေကို မထိခိုက်ဘဲ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့စေတဲ့ဗီဇကို လွယ်လွယ်ပေါင်းထည့် နိုင်ခဲ့တယ်” လို့ ဘန်လိုးဝစ်က ဆိုပါတယ်။

ပုံမှန်အားဖြင့် နွားမတစ်ကောင်ဟာ လေတက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ မီသိန်းဓာတ်ငွေ့ကို တစ်နှစ်လျှင် ၁၅၄ ပေါင်ကနေ ၂၆၄ ပေါင်ထိ ထုတ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇတွေ နို့စားနွားခြံတွေဆီ ပေါပေါများများ ရောက်သွားရင် ပြင်းထန်တဲ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်နေမှု လျော့ကျသွားစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေနဲ့ ကျွဲနွားပညာရှင်တွေက သုံးသပ်ပါတယ်။

ဒီမျိုးဗီဇကို ထုတ်လုပ်ဖန်တီးရာမှာပါဝင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Semex ကတော့ အခု မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇသာ ရှိသွားရင် ကနေဒါ နို့စားနွားမွေးမြူရေးခြံကနေ ထုတ်လွှတ်နေတဲ့ မီသိန်းဓာတ်ငွေ့တွေကို နှစ်စဉ် ၁.၅ ရာခိုင်နှုန်းလျှော့ချသွားနိုင်မှာဖြစ်ပြီး ၂၀၅၀ ခုနှစ်ကျရင်တော့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းထိ ကျသွားလိမ့်မယ်လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီမျိုးဗီဇအတွက် နိုင်ငံ ၈၀ မှာ မာကက်တင်းဆင်းထားပြီး အစောပိုင်းရောင်းချထားတာ ကတော့ ဗြိတိန်နိုင်ငံက ခြံတစ်ခြံ၊ အမေရိကန်နဲ့ ဆလိုဗက်ကီးယားရှိ နို့စားနွားခြံတွေဖြစ်တယ်လို့ ကုမ္ပဏီဒုဥက္ကဌ ဒရူးဆလိုအန်က ပြောပါတယ်။

ဒီမျိုးဗီဇသာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားရင် ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် အကြီး အကျယ်သက်ရောက်မှုရှိလိမ့်မယ်လို့ ကယ်လီဖိုးနီးယားဒေးဗစ်တက္ကသိုလ်ရဲ့ တိရစ္ဆာန်သိပ္ပံဌာနပါမောက္ခ ဖရန့်မစ်လိုနာက မှတ်ချက်ပြုပါတယ်။ ဒီမျိုးဗီဇကို စမ်းသပ်ထုတ်လုပ်ခဲ့ တဲ့ထဲမှာတော့ သူမပါခဲ့ပါဘူး။ 

ကနေဒါစိုက်ပျိုးမွေးမြူရေးဌာနကတော့ ဒီထုတ်ကုန်ရဲ့ မီသိန်းဓာတ်ငွေ့တွက်ချက်တဲ့စနစ်ကို အကဲဖြတ်မှု မလုပ်ရသေးပေမဲ့ မွေးမြူရေးကနေထုတ်နေတဲ့ဓာတ်ငွေ့တွေကို လျှော့ချနိုင်ခြင်းဆိုတာကတော့ အလွန့်အလွန်အရေးပါမှု ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

မွေးမြူရေးလုပ်ငန်းကနေ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုစုစုပေါင်းရဲ့ ၁၄.၅ ရာခိုင်နှုန်းထိ ထုတ်လွှတ်နေတာပါ။ မီသိန်းဓာတ်ငွေ့ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပြီးရင် ဒုတိယအများဆုံး ထုတ်လွှတ်နေတဲ့ဓာတ်ငွေ့လည်းဖြစ်ပါတယ်။

မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်ဖို့ ကျွဲနွားတွေကို ဖြည့်စွက်စာထုတ်လုပ်ကျွေးဖူးပေမဲ့ တစ်ကြိမ်မှာ နွားတွေက အဲ့ဒါကို မစားတော့လို့ အမေရိကန်မှာ အဲ့ဒါကိုသုံးဖို့ ခွင့်မပြုခဲ့ဘူးလို့ ကယ်လီဖိုးနီးယားဒေးဗစ်တက္ကသိုလ်ရဲ့ တိရစ္ဆာန်သိပ္ပံဌာနပါမောက္ခ ဖရန့်မစ်လိုနာက ဆိုပါတယ်။

အခု မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇကိုတော့ Semex ကုမ္ပဏီနဲ့ ကနေဒါနို့ထွက်ပစ္စည်း ဖွံ့ဖြိုးရေးဆိုင်ရာအေဂျင်စီတစ်ခုဖြစ်တဲ့ Lactanet  တို့ ပူးပေါင်းပြီး ကနေဒါသိပ္ပံပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေနဲ့ တီထွင်ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: https://www.reuters.com/business/environment/climate-friendly-cows-bred-belch-less-methane-2023-08-08/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်