လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်

13/07/2023 13:00 PM တွင် Nan Su San Nan Su San မှ ရေးသား

Green tea လက်ဖက်ခြောက်ကို ရေနွေးဆူဆူထဲထည့်ပြီး ပူပူလေးမှုတ်သောက်ရတဲ့ ရေနွေးကြမ်း (Hot tea) အရသာဟာ  မြန်မာလူမျိုးတွေ အကြိုက်ပါ။

Black tea ကိုတော့ နို့ဆီ၊ နို့စိမ်း၊ သကြားထည့်ပြီး လက်ဖက်ရည် (Milk tea) အဖြစ်နဲ့ သောက်တဲ့ အလေ့အကျင့်ကတော့ လူငယ်၊ လူလတ်ပိုင်းတွေကြားမှာ ရေပန်းအစားဆုံးပဲဖြစ်ပါတယ်။

ဆိုတော့ လက်ဖက်ခြောက်ကို ရေအေးမှာစိမ်ပြီး Cold brew အနေနဲ့ရော သောက်သုံးလို့ ရနိုင်လား...

ဂျပန်နိုင်ငံမှာတော့ လက်ဖက်ခြောက်ကို အအေးအနေနဲ့ရော  အပူအနေနဲ့ပါ လူကြီးရော လူငယ်ရော တွင်တွင်ကျယ်ကျယ် သောက်သုံးကြပါတယ်။ လက်ဖက်ဟာ ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးဖြစ်ပြီး ကော်ဖီထက် သောက်သုံးမှု ပိုများပါတယ်။ 

ဂျပန်နိုင်ငံမှာတော့ Cold brew tea ပုလင်းတွေကို အကြွေစေ့ထည့်ပြီး ဝယ်သောက်ရတဲ့ စက်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးလို့ ရနိုင်သလို နီးနီးနားနားမှာရှိတဲ့ ဈေးဆိုင်၊ စူပါမားကတ်စတဲ့နေရာတွေမှာလည်း ရောင်းချပေးပါတယ်။ လူငယ်အရွယ်ကတည်းက လက်ဖက်ခြောက်ကို အမျိုးမျိုးသောက်သုံးကြတဲ့ ဂျပန်လူမျိုးတွေဟာ အသားအရေ စိုပြည်ရုံသာမက  သက်ရှည်ကျန်းမာရှိနေတာလည်း အထင်အရှားပါ။ 

မြန်မာပြည်မှာတော့ ရေနွေးကို အပူအနေနဲ့ သောက်သုံးတာ အများဆုံးတွေ့ရပြီး Cold brew tea အနေနဲ့ သောက်သုံးတာ တော်တော်နည်းပါတယ်။ အမှန်တော့ Cold brew tea ဟာ Hot tea ထက် အနံ့အရသာ ပိုမိုကောင်းမွန်ရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ 

  •   ရေအေးမှာ စိမ်ထားတဲ့ Cold brew tea မှာ Vitamin C နဲ့ Antioxidants ဓာတ်ပါဝင်မှုဟာ Hot tea ထက်  ပိုများပါတယ်။
  •   Cold brew tea  ပုံမှန်သောက်သုံးရင် smile lines (အပြုံးလမ်းကြောင်း) တွေ၊ wrinkles (အရေးအကြောင်း) တွေဖြစ်တာ သက်သာစေလို့ Beauty routine (အလှအပအတွက် လုပ်ရိုးလုပ်စဉ်) တစ်ခုအနေနဲ့ သောက်သုံးသင့်ပါတယ်။ 
  •   Cold brew tea ဟာ caffeine (ကဖိန်း) ဓာတ်ပါဝင်မှု နည်းတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတခုပါ။
  •   မြန်မာတိုင်းရင်းဆေးအယူအဆအရ  လက်ဖက်ခြောက်ကို ရေအေးစိမ်သောက်လျှင် ဆီးကျင်၊ ဆီးအောင့် သက်သာစေပါတယ်။ လက်တွေ့ရောဂါ သက်သာပျောက်ကင်းသူများကိုလည်း တွေ့ဖူးကြားဖူးပါတယ်။ 
  •   လက်ဖက်ရဲ့ ပင်ကိုယ်အရသာထဲမှာ အချိုဓာတ် အနည်းငယ် ပါဝင်တာကြောင့် သကြားတော့ကြောက်တယ် ချိုမြမြလေးသောက်ကြည့်ချင်တယ်ဆိုရင်တော့ Cold brew tea လေးသောက်ကြည့်စေချင်ပါတယ်။ ညနေစာဝိုင်းမှာ ဝိုင်တခွက်အစား  Cold brew tea လေး အစားထိုး သောက်ရင်တော့ ကုန်ကျစရိတ်သက်သာစေမှာ အမှန်ပါ။

Cold brew tea ကို ဘယ်လိုဖျော်မလဲ...

လက်ဖက်ခြောက် ၁၀ ဂရမ်ကို ရေသန့် ၂၀၀ မီလီလီတာမှာထည့်၍ ၁၅မိနစ်ခန့်စိမ်ပြီး သောက်သုံးနိုင်ပါတယ်။ လက်ဖက်ခြောက် အရွက်ကြီးကြီးတွေထက် အညွန့်ခြောက်လေးတွေနဲ့ဆို ပိုကောင်းပါတယ်။

လက်လှော်လက်ဖက်ခြောက်ထက် စက်လှော်လက်ဖက်ခြောက်ကို သုံးရင် Cold brew tea ရဲ့ အနံ့ ပိုမွှေးပါတယ်။ ပင်ကြီးလက်ဖက်ခြောက် ၊ ကောက်ညှင်းမွှေး လက်ဖက်ခြောက်၊ Green tea, white tea, black tea စတဲ့ လက်ဖက်ခြောက်အမျိုးမျိုးနဲ့ Cold brew tea သောက်သုံးလို့ရပါတယ်။ 

အခုနောက်ပိုင်းမှာ တချို့စူပါမားကတ်တွေမှာ အိတ်သေးပုံစံလေးတွေနဲ့ လက်ဖက်ခြောက်ကို ထုပ်ပိုးရောင်းချနေတော့ ဒီလို Tea bags လေးတွေနဲ့ဆို Cold brew tea ကို အချိန်မရွေးနေရာမရွေး ဖျော်လို့ရ၊ သောက်သုံးလို့ ရပါပြီ။

မှတ်ချက် - အသုံးပြုတဲ့ လက်ဖက်ခြောက် အမျိုးအစား၊ အရွယ်အစားနဲ့ သောက်သုံးသူရဲ့ အဖန်အခါး ကြိုက်နှစ်သက်မှုပေါ်မူတည်၍ ပမာဏ ချိန်ဆ အသုံးပြုရန် အကြံပြုလိုပါတယ်။

ရေနွေးဆိုတာ အသက်ကြီးကြီး လူကြီးပိုင်းတွေပဲ သောက်သုံးတဲ့ဟာလို့ မသတ်မှတ်ဘဲ သက်ရှည်ကျန်းမာ အလှဝေဖြာဖို့  လူကြီးရော လူငယ်တွေပါ သောက်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

 နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်